Monday, December 19, 2016

နှင်းကြွေတဲ့ ည

သစ်ရွက်တွေ နှုတ်ဆက်တော့
သစ်ပင်ဟာ မျက်ရည်စက်လက်
ခြောက်သွေ့နေတဲ့ ညမှာ
တိတ်တဆိတ် ငို ။


အထီးကျန် သစ်ပင်အို
သူ ငိုတဲ့ ညမှာ
နှင်းတွေဟာ ပြိုကျ
သစ်ပင်ရဲ့ ရင်ခွင်ထဲ ခုန်ချခဲ့ ။

ကြည့်ပါဦး ချစ်သူရယ်
ဟော ဟိုမှာ
တစ်ပွင့်ပြီး တစ်ပွင့်
နှင်းမှုန်တွေ သူ့ ရင်ခွင်ထဲ လွင့်လာတော့
သစ်ပင်ကြီးတောင် ဘဝင်မြင့်နေလေရဲ့ ။

သံစဉ်ဖြူဖြူ
၁၇.၁၂.၂၀၁၆