ကမ္ဘာမပျက်မီ တစ်ရက်အလို
_____________________
ချစ်သူရေ လာကွဲ့
မနက်ဖြန် ကမ္ဘာပျက်မတဲ့
ကိုယ့်အနားမှာနေ
ကြယ်ပွင့်တွေ ရေရအောင်လေ ♥♥
ဝန်ပိုစရာတွေ နား
သဝန်တိုတာတွေ ထားလိုက်တော့ ♥
အာဃာတတွေ ငြှိမ်းလို့
မာနတွေလည်း သိမ်းလိုက်ကြမယ် ♥
ချစ်ခြင်းတရားကလွဲရင်
ကျန်တာအားလုံး ခဏမေ့
ကမ္ဘာမပျက်ခင်နေ့ မှာ
အတူကြိုက်ဖူးတဲ့ သီချင်းတစ်ပုဒ်ကိုဖွင့်
လွင့်လာတဲ့ သံစဉ်နဲ့အတူ
အရာရာကို ရင်ဆိုင်ဖို့ အသင့်ပြင်ရအောင် ♥♥
လာပါ ချစ်သူရယ်
မနက်ဖြန် ကမ္ဘာပျက်မှာမို့
ကိုယ့်အနားကို ကပ်
ကြယ်ပွင့်တွေ တွက်ကြစို့ကွယ် ♥♥
သံစဉ်ဖြူဖြူ
၂၀.၁၂.၂၀၁၂
(၂၀၁၂) မှာ ကမ္ဘာပျက်မယ် ဆိုတုန်းကပေါ့ ..
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
Saturday, August 6, 2016
ချစ်စု
ဟိုတစ်ခေတ်
အလောင်းစည်သူမင်းကြီးဟာ ..
လက်ညှိုးညွှန်ရုံနဲ့ ရေဖြစ်သတဲ့ ။
ဒီဘက်ခေတ်
ကိုယ်တို့ခေါင်းဆောင်အစစ်
လူတွေ ချစ်လိုက်ပုံများ
လက်ညှိုးညွှန်ရာ ရေမဖြစ်ပေမယ့်
ခြေလှမ်း အသစ် အသစ် တိုင်းမှာ
လူပင်လယ်ကြီးဖြစ်တယ် .. ။
သံစဉ်ဖြူဖြူ
၂၄.၆.၂၀၁၆
၁၀း၅၆ အေအမ်
အလောင်းစည်သူမင်းကြီးဟာ ..
လက်ညှိုးညွှန်ရုံနဲ့ ရေဖြစ်သတဲ့ ။
ဒီဘက်ခေတ်
ကိုယ်တို့ခေါင်းဆောင်အစစ်
လူတွေ ချစ်လိုက်ပုံများ
လက်ညှိုးညွှန်ရာ ရေမဖြစ်ပေမယ့်
ခြေလှမ်း အသစ် အသစ် တိုင်းမှာ
လူပင်လယ်ကြီးဖြစ်တယ် .. ။
သံစဉ်ဖြူဖြူ
၂၄.၆.၂၀၁၆
၁၀း၅၆ အေအမ်
သူ နဲ့ ကျွန်မ (၁)
သူ စိတ်တွေ မလန်းတော့
နှုတ်ခမ်းကြီး စူတည်
နှုတ်ခမ်းကြီး စူတည်
အိုအိရှီ လို့ ကျွန်မ ပြော
သူ ရယ် ပါ လေရော ။
သံစဉ်ဖြူဖြူ
(၇.၆.၂၀၁၆) အင်္ဂါနေ့
သူ ရယ် ပါ လေရော ။
သံစဉ်ဖြူဖြူ
(၇.၆.၂၀၁၆) အင်္ဂါနေ့
ချစ်သူ
မှဲ့ကလေးကို ခေါင်းအုံး
သူ့ ပါးချိုင့်လေးထဲ ဝင်ပုန်းချင်ရဲ့
ကိုယ့် ရင် နုံးတဲ့အခါ ။
သူ့ ပါးချိုင့်လေးထဲ ဝင်ပုန်းချင်ရဲ့
ကိုယ့် ရင် နုံးတဲ့အခါ ။
အကာကြိုက်သူများ
►► ပေါက်ပင်တွေ ကိုင်းတိုင်း
ဗျိုင်းကိုသာ မြင်ရင်ဖြင့်
သမိုင်းဆိုတာ
အုတ်ကျင်း နဲ့ အင်းစိန်ကြားသာ သိလိမ့်မယ်။
► အချို့က အမှန်တကယ် အ လို့
► အချို့ကတော့ အလျှံပယ် ဝ ဖို့
ဇာတ်ရှုပ်ထဲ ကကြတယ် ။
►► ခြုံလွှာ တန်ခိုးနဲ့
ထုပ်ပိုးထားတော့
စိတ်ဓာတ်အသိုးကို မမြင်
ရိုကျိုးကြ
ခိုကိုးကြ
ဒါမျိုးတွေ တန်ဖိုးတက်နေသမျှ
မိုးလင်းဖို့တော့ ခက်ဦးမှာ။
►► ညီမလေးရေ
ဇွတ်မတားပါဘူး
ကောင်းမယ်ထင်ရင် သုံးကြည့်လိုက်
အဲဒီတောင်းတွေ အကွပ်တော့ လှတယ်။
သံစဉ်ဖြူဖြူ
(၁၅.၇.၂၀၁၆)
ဗျိုင်းကိုသာ မြင်ရင်ဖြင့်
သမိုင်းဆိုတာ
အုတ်ကျင်း နဲ့ အင်းစိန်ကြားသာ သိလိမ့်မယ်။
► အချို့က အမှန်တကယ် အ လို့
► အချို့ကတော့ အလျှံပယ် ဝ ဖို့
ဇာတ်ရှုပ်ထဲ ကကြတယ် ။
►► ခြုံလွှာ တန်ခိုးနဲ့
ထုပ်ပိုးထားတော့
စိတ်ဓာတ်အသိုးကို မမြင်
ရိုကျိုးကြ
ခိုကိုးကြ
ဒါမျိုးတွေ တန်ဖိုးတက်နေသမျှ
မိုးလင်းဖို့တော့ ခက်ဦးမှာ။
►► ညီမလေးရေ
ဇွတ်မတားပါဘူး
ကောင်းမယ်ထင်ရင် သုံးကြည့်လိုက်
အဲဒီတောင်းတွေ အကွပ်တော့ လှတယ်။
သံစဉ်ဖြူဖြူ
(၁၅.၇.၂၀၁၆)
ကျွန်တော့် အိမ်သူ
►► ရယ်လိုက်တိုင်း ပေါ်လာတဲ့ သွားကျဲကျဲလေးတွေရဲ့ အထက်
ခွက်နေတဲ့ ပါးချိုင့်လေးရှိတယ်
ပါးကွက်လေး ကျားလိုက်တော့
တကယ်ပါ
အတွေးမှာတင် သနပ်ခါးနံ့လေး ရတယ်။
ခွက်နေတဲ့ ပါးချိုင့်လေးရှိတယ်
ပါးကွက်လေး ကျားလိုက်တော့
တကယ်ပါ
အတွေးမှာတင် သနပ်ခါးနံ့လေး ရတယ်။
►► လမ်းလျှောက်တော့ လိမ်ဖယ်ဖယ်
မော်ဒယ်တွေလို ပိန်ချင်ပါသတဲ့
ကျွန်တော် စိမ်ပေးတဲ့ ပျားသံပုရာကို သောက်ရှာတယ်။
► ဇရာထောက်ပါပြီ ပြောလည်း
ကညာတွေနောက်ပါမှာ စိုးသတဲ့
အသာအယာ ခိုးပြီးရှိုက်တယ်။
►► မျက်ဝန်းထောင့် နယ်မြေမှာ ကျီးခြေရာတွေ အထပ်ထပ်
ပါးနှစ်ဘက်မှာတော့ မှဲ့ခြောက်လေး တစ်စက် နှစ်စက်ရှိတယ်
ပြုံးလိုက်တိုင်း ကော့တက်သွားတဲ့ နှုတ်ခမ်းထူထူတွေ
ထိုးဖွလိုက်တိုင်း ပေါ်လာတတ်တဲ့ ဆံပင်ဖြူဖြူတွေ
ဘယ်သူနဲ့မှ မတူပါဘူး
ကျွန်တော့်အိမ်သူကလေ
ငြူစူနေချိန်မှာတောင် လှတယ်။
သံစဉ်ဖြူဖြူ
30.7.16
00:14 AM
မော်ဒယ်တွေလို ပိန်ချင်ပါသတဲ့
ကျွန်တော် စိမ်ပေးတဲ့ ပျားသံပုရာကို သောက်ရှာတယ်။
► ဇရာထောက်ပါပြီ ပြောလည်း
ကညာတွေနောက်ပါမှာ စိုးသတဲ့
အသာအယာ ခိုးပြီးရှိုက်တယ်။
►► မျက်ဝန်းထောင့် နယ်မြေမှာ ကျီးခြေရာတွေ အထပ်ထပ်
ပါးနှစ်ဘက်မှာတော့ မှဲ့ခြောက်လေး တစ်စက် နှစ်စက်ရှိတယ်
ပြုံးလိုက်တိုင်း ကော့တက်သွားတဲ့ နှုတ်ခမ်းထူထူတွေ
ထိုးဖွလိုက်တိုင်း ပေါ်လာတတ်တဲ့ ဆံပင်ဖြူဖြူတွေ
ဘယ်သူနဲ့မှ မတူပါဘူး
ကျွန်တော့်အိမ်သူကလေ
ငြူစူနေချိန်မှာတောင် လှတယ်။
သံစဉ်ဖြူဖြူ
30.7.16
00:14 AM
အားငယ်တတ်သူမို့
↓↓ စစ်မရောက်ခင် မြားကုန်တာ မဟုတ်ပါဘူး
ပစ်ရဲတဲ့ သတ္တိနည်းလို့
သူနဲ့ ဆုံတိုင်း
ကျွန်တော့် လက်တွေ တုန်နေခဲ့တာ ။
↓↓ အလှကြည့်ဖို့ သက်သက်နဲ့
ပန်းတစ်ပွင့်ကို အိပ်မက်ခဲ့တာ မဟုတ်ပေမယ့်
ဆူး အထပ်ထပ်ကို တွေးမိရုံနဲ့
ခူး ဖို့ လက်နှေးနေခဲ့တာ … ။
↓↓ ကြောက်ပေမယ့် မလွဲချင်
မရဲဘဲ မင်းဖြစ်ချင်ခဲ့သူ
အချစ် လက်ကမ်းမှ
ဒီ နန်း ကို တက်လှမ်းရမယ့် ဘဝ ။
ကောင်မလေးရေ ..
ကိုယ် ရေးနေတဲ့ ကဗျာတွေကို ဖတ်
ကိုယ့် ဖုန်းမြည်သံလေးကို နားထောင်
ကိုယ် ဖွင့်တဲ့ သီချင်းတွေကို ခံစား
ဖိတ်လျှံကျနေတဲ့ ချစ်ခြင်းတရားကို မြင်ရင်လေ
ချစ်ခွင့်ပန်ဖို့ အရေး
မင်းဘက်က စ တွေးသင့်တယ် မဟုတ်လားဟင် ။
သံစဉ်ဖြူဖြူ
31.7.2016
00:37 am
ပစ်ရဲတဲ့ သတ္တိနည်းလို့
သူနဲ့ ဆုံတိုင်း
ကျွန်တော့် လက်တွေ တုန်နေခဲ့တာ ။
↓↓ အလှကြည့်ဖို့ သက်သက်နဲ့
ပန်းတစ်ပွင့်ကို အိပ်မက်ခဲ့တာ မဟုတ်ပေမယ့်
ဆူး အထပ်ထပ်ကို တွေးမိရုံနဲ့
ခူး ဖို့ လက်နှေးနေခဲ့တာ … ။
↓↓ ကြောက်ပေမယ့် မလွဲချင်
မရဲဘဲ မင်းဖြစ်ချင်ခဲ့သူ
အချစ် လက်ကမ်းမှ
ဒီ နန်း ကို တက်လှမ်းရမယ့် ဘဝ ။
ကောင်မလေးရေ ..
ကိုယ် ရေးနေတဲ့ ကဗျာတွေကို ဖတ်
ကိုယ့် ဖုန်းမြည်သံလေးကို နားထောင်
ကိုယ် ဖွင့်တဲ့ သီချင်းတွေကို ခံစား
ဖိတ်လျှံကျနေတဲ့ ချစ်ခြင်းတရားကို မြင်ရင်လေ
ချစ်ခွင့်ပန်ဖို့ အရေး
မင်းဘက်က စ တွေးသင့်တယ် မဟုတ်လားဟင် ။
သံစဉ်ဖြူဖြူ
31.7.2016
00:37 am
Wednesday, June 22, 2016
နံနက်ခင်း (၁)
► ညီမလေးရေ ထပါတော့
ရှေ့မှာရောင်ခြည် လာလုပေါ့ ။
► ထမင်းအိုးလေး အရင်တယ် (တည်)
အရုဏ်ဆွမ်းဦး ကပ်ဖို့ရွယ် ။
ရှေ့မှာရောင်ခြည် လာလုပေါ့ ။
► ထမင်းအိုးလေး အရင်တယ် (တည်)
အရုဏ်ဆွမ်းဦး ကပ်ဖို့ရွယ် ။
► ရေချမ်းပန်းမန် စုံပါမှ
အေးမြ မွှေးလှ ပနံရ ။
► ပဆစ်တုတ်လို့ ကျုံ့ကျုံ့ထိုင်
ပရိတ် ပဌာန်း ရွတ်သံမြိုင် ။
► ဆုမွန်ခြွေကာ မေတ္တာပို့
ဝဠာတစ်ခွင်လုံး အေးချမ်းဖို့
ကိုယ့် သန္ဌာန်လည်း ငြိမ်းချမ်းဖို့ ။ ။
သံစဉ်ဖြူဖြူ
၂၂.၅.၂၀၁၆
ကဆုန်လပြည့် ဗုဒ္ဓနေ့
မနက် ၃ နာရီ မိနစ် ၄၀
အေးမြ မွှေးလှ ပနံရ ။
► ပဆစ်တုတ်လို့ ကျုံ့ကျုံ့ထိုင်
ပရိတ် ပဌာန်း ရွတ်သံမြိုင် ။
► ဆုမွန်ခြွေကာ မေတ္တာပို့
ဝဠာတစ်ခွင်လုံး အေးချမ်းဖို့
ကိုယ့် သန္ဌာန်လည်း ငြိမ်းချမ်းဖို့ ။ ။
သံစဉ်ဖြူဖြူ
၂၂.၅.၂၀၁၆
ကဆုန်လပြည့် ဗုဒ္ဓနေ့
မနက် ၃ နာရီ မိနစ် ၄၀
Sunday, June 19, 2016
အန္တိမ
!!! သဘာဝ ကို မလွန်ဆန်နိုင်တော့
သင်္ခါရ ကို လက်ခံလိုက်ရတယ်
အပြန် မရှိတဲ့ လမ်း မို့
လွမ်း လို့ သာ ကျန် .. ။
!!! ဝေ နေတာကို မြင်ချင်မိပေမယ့်
ကြွေ လွင့်တာ ဘယ် သူ တား လို့ ရမှာလဲ
သွားရ မယ့် လမ်း
အေးချမ်းဖို့ သာ ကူ .. ။
!!! လှုပ်ရှားမှုတွေ မမြင်နိုင်တော့ဘူး
စကားသံတွေ မကြားရတော့ဘူး ..
နိမ့်ချည် မြင့်ချည် ရင်ဘတ်ကြီးနဲ့
တိုးဖွဖွ ကြားနေရတဲံ အသက်ရှူသံလေးတောင် ငြိမ်သက်သွားခဲ့ပြီ ..
!!! သွယ်လျလျ လက်ချောင်းလေးတွေက ပေါင်ပေါ်ကို တင်လို့
မှိတ်ထားတဲ့ မျက်ခွံတွေရဲ့ အောက်မှာတော့ ဘာကိုမှ မကြည့်နိုင်တော့တဲ့ မျက်ဝန်းအစုံ ရှိတယ်။
ပြုံးယောင်ယောင် နှုတ်ခမ်းပါး က ဝေဒနာတွေက လွတ်မြောက်သွားခဲ့တဲ့ပုံ
ခြုံကြည့်လိုက်တော့ အိပ်နေသလိုလို ထင်ရ
ဝမ်းနည်းစရာကောင်းတာက
ဘယ်တော့မှ ပြန်မထနိုင်တော့ဘူး .. ။
!!! ဆီ ထပ် ဖြည့် ချင် ပါ သေး ရဲ့ ..
မီး စာ က ကုန် နေ တော့ လည်း
လေ ပြည် တ သုတ် နဲ့ တင်
မီး ပွင့်လေး က ဟုတ် က နဲ .. ။
သံစဉ်ဖြူဖြူ
(18.6.2015)
သင်္ခါရ ကို လက်ခံလိုက်ရတယ်
အပြန် မရှိတဲ့ လမ်း မို့
လွမ်း လို့ သာ ကျန် .. ။
!!! ဝေ နေတာကို မြင်ချင်မိပေမယ့်
ကြွေ လွင့်တာ ဘယ် သူ တား လို့ ရမှာလဲ
သွားရ မယ့် လမ်း
အေးချမ်းဖို့ သာ ကူ .. ။
!!! လှုပ်ရှားမှုတွေ မမြင်နိုင်တော့ဘူး
စကားသံတွေ မကြားရတော့ဘူး ..
နိမ့်ချည် မြင့်ချည် ရင်ဘတ်ကြီးနဲ့
တိုးဖွဖွ ကြားနေရတဲံ အသက်ရှူသံလေးတောင် ငြိမ်သက်သွားခဲ့ပြီ ..
!!! သွယ်လျလျ လက်ချောင်းလေးတွေက ပေါင်ပေါ်ကို တင်လို့
မှိတ်ထားတဲ့ မျက်ခွံတွေရဲ့ အောက်မှာတော့ ဘာကိုမှ မကြည့်နိုင်တော့တဲ့ မျက်ဝန်းအစုံ ရှိတယ်။
ပြုံးယောင်ယောင် နှုတ်ခမ်းပါး က ဝေဒနာတွေက လွတ်မြောက်သွားခဲ့တဲ့ပုံ
ခြုံကြည့်လိုက်တော့ အိပ်နေသလိုလို ထင်ရ
ဝမ်းနည်းစရာကောင်းတာက
ဘယ်တော့မှ ပြန်မထနိုင်တော့ဘူး .. ။
!!! ဆီ ထပ် ဖြည့် ချင် ပါ သေး ရဲ့ ..
မီး စာ က ကုန် နေ တော့ လည်း
လေ ပြည် တ သုတ် နဲ့ တင်
မီး ပွင့်လေး က ဟုတ် က နဲ .. ။
သံစဉ်ဖြူဖြူ
(18.6.2015)
Monday, June 13, 2016
ပြည်သူ့ဘက်က ... သူ
►► ဟိုး
အဝေးက
အေးမြတဲ့ မိုးစက်တွေကြား
လူ့ပြည်မှာ နတ်သမီးတစ်ပါး မွေးဖွားခဲ့
ကယ်မယ့် ကူမယ့်သူ မို့
သူ့အတွက် ဘာကိုမှ မယူ
ဆွတ်ဆွတ်ဖြူတဲ့ နှလုံးသားနဲ့
စွန့်လွှတ်ခြင်းများစွာနဲ့ သူ ။
►► ရင်ကဖြစ်တဲ့သားထက်
ပြည်သူ ကို ပိုအလေးထား
အလက်ဇန္ဒား .. တစ်နေရာ
ကင်မ် .. က တစ်နေရာ
ကိုယ်သာဆို
ဖြေစရာ ရှာနိုင်မယ် မထင်ခဲ့
မိုက်ကယ်သာ ရှိခဲ့ရင်လည်းလေ
“ဦးထီး” ရဲ့ “နေရာတိုင်းမှာ” သီချင်းကို
ညည်းနေလိမ့်မယ်ထင်ရဲ့ ။
►► သူ့
စွန့်လွှတ် အနစ်နာခံခြင်းတွေကို
ကြုံဖူးသူတွေ သိကြ
မီတဲ့သူတွေ နားလည်ကြ
မှိုင်းဝနေတဲ့ နောက်ပေါက်ကလေးတွေတောင်
သူ့ စေတနာစကားတွေ စားသုံးအပြီး
တဖြည်းဖြည်းပြုံးလို့
တကယ်အရေးကြုံတော့
လက်သန်းတွေ အမှန်တရားဘက် သုံးခဲ့ကြတယ် ။
►► တကယ်ပါ
သူ့နှုတ်ဖျားက
စေတနာစကားတွေ ဖွင့်တိုင်း
တိုင်းပြည်ရဲ့ ရေချိန်က တဖြည်းဖြည်း
မြင့်
ဟော အခုဆို အနီရောင်ပတ်စ်ပို့လေးတွေ
အရင်ထက် ပိုပြီး ရဲရင့်
သွားလေရာ မျက်နှာပွင့်ခဲ့ရပြီ ။
► မမီပါဘူး
သူ့ မေတ္တာကို ကဗျာသီဖို့ ။
► မမီပါဘူး
သူ့ အရည်အချင်းကို သီချင်းရေးဖို့ ။
► မမီပါဘူး
သူ့ အပြုံးကို ပန်းချီမှုန်းဖို့ ။
►► မျက်လုံး
ခွဲရပေမယ့်
သူ့ အမြင်တွေ စူးရှဆဲ
ဆံပင်တချို့ ငွေရောင်သန်းလာပေမယ့်
အတွေးတွေက ဆန်းသစ်နေဆဲ
ဇရာဟာ သူ ပန်ထားတဲ့ ပန်းတစ်ပွင့်ကို
အတွေ့
အလိုလို ပြန်ကွေ့သွားတယ် ။
►► လုပ်ငန်းခွင်အများစုမှာ
အသက် (၆၀) ပြည့်ရင် အနားယူကြသတဲ့
သူလား
၆၀ ကျော် ၆၁
၇၀ ကျော် လို့ ၇၁ ပြည့်တာတောင်
နိုင်ငံကို ထူဖို့
ပြည်သူကို ကူဖို့
ကိုယ်တို့နဲ့ အတူနေတုန်း ။ ။
(ဇွန်လ (၁၉) ရက်နေ့တွင် ကျရောက်သော လူထုခေါင်းဆောင်၏ မွေးနေ့အား ကြိုဆိုဂုဏ်ပြုပါ၏)
(ဇွန်လ (၁၉) ရက်နေ့တွင် ကျရောက်သော လူထုခေါင်းဆောင်၏ မွေးနေ့အား ကြိုဆိုဂုဏ်ပြုပါ၏)
သံစဉ်ဖြူဖြူ
(၁၃.၆.၂၀၁၆)
Sunday, January 10, 2016
နှစ်သစ်ကူးတဲ့မနက် ..
အုန်းသီး ဖြူဖြူ ဖြူး တဲ့
ကောက်ညင်းပေါင်း ပူပူ
ရေနွေးလည်း ဆူ
လာ တူတူ စားကြပါစို့
နှစ်ကူးရဲ့ အလှူ .. ။
နေမထွက်ခင်ဖြင့်
ဆုံရပ်ကို သွားကြစို့ရဲ့
တိုင်ထက်မှာ အလံထူ ..
ညီညီညာ ဦးညွှတ်ကြမယ် ..
တစ်စိတ်တစ်ဝမ်းတည်းတူ .. ။
သင်တိုင်းရယ် ဆင်တူ
အေးတယ်ကွဲ့ ဖိုးခွားရယ်
ပုဝါလည်း ယူ .. ။
ဖားစည်က တဒူဒူ
သွေးပူအောင် ကလိုက်ကြစို့
တို့ မောင်နှမ အတူတူ .. ။
သံစဉ်ဖြူဖြူ
10.1.2016
၁၃၇၇ ခုနှစ် ပြာသိုလဆန်း (၁) ရက်
ကရင်နှစ်သစ်ကူးနေ့
Thursday, May 7, 2015
ချစ်သူ့ ကဗျာ
နွေ ဦး ကို ကြို
နှင်း ကြွင်း တွေ ပြိုတော့
ချစ်သူ့ မျက်တောင်ညို မှာ
နှင်း ပွင့် တွေ ခို လို့၊
နှင်း ကြွင်း တွေ ပြိုတော့
ချစ်သူ့ မျက်တောင်ညို မှာ
နှင်း ပွင့် တွေ ခို လို့၊
လာပါ ကိုကို
မြက်ခင်း စို ပေါ် ဖွဖွလျှောက်
ဟို ရှေ့က အပင်အောက်မှာ
ဆိပ်ဖလူး ကောက်ကြစို့ .. ။
16.2.2015
မြက်ခင်း စို ပေါ် ဖွဖွလျှောက်
ဟို ရှေ့က အပင်အောက်မှာ
ဆိပ်ဖလူး ကောက်ကြစို့ .. ။
16.2.2015
ကြွေရွက်များသို့
ကြွေ ရွက် များ သို့ ...
~~~~~~~~~~~
## မျက် ဝန်း တွေ ကို ကာ ကွယ် ဖို့
မျက် တောင် တွေ ရှိ နေ သ လို မျိုး ...
## ခေါင်း ခွံ ကို ကာ ကွယ် ဖို့
ဆံ ပင် တွေ ရှိ နေ သ လို မျိုး ..
~~~~~~~~~~~
## မျက် ဝန်း တွေ ကို ကာ ကွယ် ဖို့
မျက် တောင် တွေ ရှိ နေ သ လို မျိုး ...
## ခေါင်း ခွံ ကို ကာ ကွယ် ဖို့
ဆံ ပင် တွေ ရှိ နေ သ လို မျိုး ..
~~ မောင် လေး ရေ ..
မင်း တို့ ဟာ လေ
ခန္ဓာကိုယ် ရဲ့  ဆဲလ် အ သေ တွေ မ ဟုတ် ဘူး .. ။
## မောင် လေး ရေ
အချို့ က လေ
မင်း တို့ ကို မျက် တောင် တွေ ဆံ ပင် တွေ လို သ ဘော ထား ကြ ..
တောက် ပ လာ အောင် အ ရောင် တင် ပေး ကြ ..
ကော့ ညွှတ် လာ အောင် ပြင် ဆင် ပေး ကြ ..
အများ အမြင် သပ် ရပ် လှ ပ နေ ပေ မယ့် ..
တစ် ပင် လျော့ လည်း အ လေး မ ထား ..
နှစ် ပင် လျော့ လည်း အ လေး မ ထား ..
အဖျားက တိတိ
အရင်းထိ ညှပ်ညှပ်
အမြစ်က ကျွတ်ထွက်ရင် တောင်
ဂရုမစိုက် တတ် သူ .. ။
## မောင် လေး ရေ
ငါ တို့ က လေ
မင်း တို့ ကို အ ရေ ပြား လို သ ဘော ပိုက် ..
ဂ ရု စိုက် ဖို့ မေ့ နေ တတ် သူ ..
နေ ရောင် ထိုး ထိုး
မိုး ပဲ စို စို
ညို ရင် တောင် သ နပ် ခါး မ လူး ဖြစ် ပေ မယ့် ..
ဆူး စူး ရင် တောင် မ နေ တတ်
ရှ ပြတ် ခဲ့ ရင် နာ ကျင် တဲ့ သူ .. ။
## မောင် လေး ရေ
ကိုယ့် သ မိုင်း ကိုယ် ရေး ..
ကိုယ့် ဘ ဝ ကိုယ် ရွေး ရ တာ မှန် ပေ မယ့် ..
အ ဖိုး တန် တဲ့ မင်း တို့ ဘ ဝ တွေ က ...
ညှပ် ပြီး ပစ် ရ တဲ့ လက် သည်း တွေ မ ဖြစ် သင့် ဘူး ..
ရစ် ထွေး ကျွတ် ထွက် သွား တဲ့
ဆံ ပင် တွေ မ ဖြစ် သင့် ဘူး .. ။
## သစ် ရွက် တွေ ကြွေ တိုင်း
ငို ကြွေး မိ တဲ့ သစ် ပင် လို မျိုး ...
## တကယ်ပါ ..
မင်း တို့ ထိ ရှ တိုင်း ..
မင်း တို့ ထိ ရှ တိုင်း ..
မင်း တို့ ထိ ရှ တိုင်း မှာ
ငါ တို့ ... နာ ကျင် နေ ရ တာ .. ။
(၁၂.၂.၂၀၁၅)
မင်း တို့ ဟာ လေ
ခန္ဓာကိုယ် ရဲ့  ဆဲလ် အ သေ တွေ မ ဟုတ် ဘူး .. ။
## မောင် လေး ရေ
အချို့ က လေ
မင်း တို့ ကို မျက် တောင် တွေ ဆံ ပင် တွေ လို သ ဘော ထား ကြ ..
တောက် ပ လာ အောင် အ ရောင် တင် ပေး ကြ ..
ကော့ ညွှတ် လာ အောင် ပြင် ဆင် ပေး ကြ ..
အများ အမြင် သပ် ရပ် လှ ပ နေ ပေ မယ့် ..
တစ် ပင် လျော့ လည်း အ လေး မ ထား ..
နှစ် ပင် လျော့ လည်း အ လေး မ ထား ..
အဖျားက တိတိ
အရင်းထိ ညှပ်ညှပ်
အမြစ်က ကျွတ်ထွက်ရင် တောင်
ဂရုမစိုက် တတ် သူ .. ။
## မောင် လေး ရေ
ငါ တို့ က လေ
မင်း တို့ ကို အ ရေ ပြား လို သ ဘော ပိုက် ..
ဂ ရု စိုက် ဖို့ မေ့ နေ တတ် သူ ..
နေ ရောင် ထိုး ထိုး
မိုး ပဲ စို စို
ညို ရင် တောင် သ နပ် ခါး မ လူး ဖြစ် ပေ မယ့် ..
ဆူး စူး ရင် တောင် မ နေ တတ်
ရှ ပြတ် ခဲ့ ရင် နာ ကျင် တဲ့ သူ .. ။
## မောင် လေး ရေ
ကိုယ့် သ မိုင်း ကိုယ် ရေး ..
ကိုယ့် ဘ ဝ ကိုယ် ရွေး ရ တာ မှန် ပေ မယ့် ..
အ ဖိုး တန် တဲ့ မင်း တို့ ဘ ဝ တွေ က ...
ညှပ် ပြီး ပစ် ရ တဲ့ လက် သည်း တွေ မ ဖြစ် သင့် ဘူး ..
ရစ် ထွေး ကျွတ် ထွက် သွား တဲ့
ဆံ ပင် တွေ မ ဖြစ် သင့် ဘူး .. ။
## သစ် ရွက် တွေ ကြွေ တိုင်း
ငို ကြွေး မိ တဲ့ သစ် ပင် လို မျိုး ...
## တကယ်ပါ ..
မင်း တို့ ထိ ရှ တိုင်း ..
မင်း တို့ ထိ ရှ တိုင်း ..
မင်း တို့ ထိ ရှ တိုင်း မှာ
ငါ တို့ ... နာ ကျင် နေ ရ တာ .. ။
(၁၂.၂.၂၀၁၅)
အရိပ်ထဲက ပန်းတစ်ပွင့်
►► သား .. မလိုက်ရဘူးနော် ..
မင်း အဖေက ဝန်ထမ်း .. ။
ခြေလှမ်း ဟန် ပြင်နေဆဲ
မေ မေ က ဆွဲ .. ။
►► မ သွား ပါ နဲ့ မောင် လေး ရယ်
သွေးထွက်မှာ မကြည့်ရက်
အားပေးရုံ နဲ့ နင် ကျေ နပ် ။
မမ က ဖျက် .. ။
►► ငါ တို့ လည်း အား ပေး ပါ တယ် ..
ပညာရေး မြင့်စေချင်တယ်
အား လုံး ရှေ့ ဦး ဆောင် ချင် ရက်
တစ်နှစ်စာ ကျောင်းစရိတ်ကို
ကိုကို က တွက် .. ။
►► ကြွေးကြော်သံ မြည်
စစ်ကြောင်းရယ် ချီလာတော့
နံရံကွယ် အနောက်ဘက်မှာ
သွေးကြောင်သူ နာမည်ပျက်နဲ့
ကျွန်တော် က ရှက် ... ။
ကွန်ပျူတာတက္ကသိုလ် ကျောင်းသူဟောင်းတစ်ဦး
(၉.၂.၂၀၁၅)
သွေးထွက်မှာ မကြည့်ရက်
အားပေးရုံ နဲ့ နင် ကျေ နပ် ။
မမ က ဖျက် .. ။
►► ငါ တို့ လည်း အား ပေး ပါ တယ် ..
ပညာရေး မြင့်စေချင်တယ်
အား လုံး ရှေ့ ဦး ဆောင် ချင် ရက်
တစ်နှစ်စာ ကျောင်းစရိတ်ကို
ကိုကို က တွက် .. ။
►► ကြွေးကြော်သံ မြည်
စစ်ကြောင်းရယ် ချီလာတော့
နံရံကွယ် အနောက်ဘက်မှာ
သွေးကြောင်သူ နာမည်ပျက်နဲ့
ကျွန်တော် က ရှက် ... ။
ကွန်ပျူတာတက္ကသိုလ် ကျောင်းသူဟောင်းတစ်ဦး
(၉.၂.၂၀၁၅)
အဝတ်စုတ်ကြီး
ဖာ ရာ တွေ အ ထပ် ထပ် နဲ့
ပျက် သ ထက် ပျက် လာ ခဲ့ .. ။
ဘယ် လောက် ပဲ ချုပ် ချုပ်
စုတ် သ ထက် စုတ် လာ ခဲ့ .. ။
ပျက် သ ထက် ပျက် လာ ခဲ့ .. ။
ဘယ် လောက် ပဲ ချုပ် ချုပ်
စုတ် သ ထက် စုတ် လာ ခဲ့ .. ။
ဒီ လောက် ရွဲ နေ မှ တော့
ဒီ လောက် ပြဲ နေ မှ တော့
ဒီ အ ဝတ် လဲ ဖို့ တန် ပြီ လေ .. ။
(၅.၃.၂၀၁၅)
ဒီ လောက် ပြဲ နေ မှ တော့
ဒီ အ ဝတ် လဲ ဖို့ တန် ပြီ လေ .. ။
(၅.၃.၂၀၁၅)
ပြိုလဲခြင်း အမှတ် ၃/၂၀၁၅
တစ်စက်ချင်း ကျရင်း ဖြည့်လာခဲ့တဲ့
မိုးရေ အိုး လို ...
တစ်မျှင်ချင်း ယက်ခဲ့တဲ့
စာဗူးတောင်း သိုက်လို ..
မိုးရေ အိုး လို ...
တစ်မျှင်ချင်း ယက်ခဲ့တဲ့
စာဗူးတောင်း သိုက်လို ..
စက္ကန့်တွေ မိနစ်တွေ နာရီတွေ
စုဖွဲ့ ..
တစ်ရက် ပြီး တစ်ရက်
မျှော်လင့်ချက် အပြည့်နဲ့
လျှောက်လှမ်းနေတဲ့ မှတ်တိုင်တစ်ခု ရှိခဲ့တယ် ..
မှတ်တိုင်လေးကို ရောက်ဖို့ ..
ချွေးစက်ပေါင်းများစွာ .. မြှုပ်နှံ
မျက်ရည် တွေ လိမ်းကျံ လို့ ...
ခုတော့ ..
မိုးရေအိုးလေး ကွဲ
စာဗူးတောင်း သိုက် လေးလည်း မီး စွဲ ...
မှတ်တိုင်လေးလည်း .. .. ...
( ဖြစ်တည်လာဖို့ ကြာမြင့်ပေမယ့်
ပျက်စီးဖို့က သိပ်မြန်တဲ့ အ ကြောင်း
ဒိုင်ယာရီ လေး ထဲ ဒီနေ့ ရေး ဖြစ် ခဲ့တယ်)
(၉.၃.၂၀၁၅) တနင်္လာနေ့
စုဖွဲ့ ..
တစ်ရက် ပြီး တစ်ရက်
မျှော်လင့်ချက် အပြည့်နဲ့
လျှောက်လှမ်းနေတဲ့ မှတ်တိုင်တစ်ခု ရှိခဲ့တယ် ..
မှတ်တိုင်လေးကို ရောက်ဖို့ ..
ချွေးစက်ပေါင်းများစွာ .. မြှုပ်နှံ
မျက်ရည် တွေ လိမ်းကျံ လို့ ...
ခုတော့ ..
မိုးရေအိုးလေး ကွဲ
စာဗူးတောင်း သိုက် လေးလည်း မီး စွဲ ...
မှတ်တိုင်လေးလည်း .. .. ...
( ဖြစ်တည်လာဖို့ ကြာမြင့်ပေမယ့်
ပျက်စီးဖို့က သိပ်မြန်တဲ့ အ ကြောင်း
ဒိုင်ယာရီ လေး ထဲ ဒီနေ့ ရေး ဖြစ် ခဲ့တယ်)
(၉.၃.၂၀၁၅) တနင်္လာနေ့
အိမ်ကြက်ကလေးများ
အိုးမည်း သုတ် ခံ ရ တာ လား ..
မဟုတ်ဘူး
ဆေး ရောင် စုံ ခြယ် ခံ ခဲ့ ရ တာ .. ။
ဒီ လို နဲ့
ခြံထဲက ကြက် လေး တွေ ဟာ
တစ်သားတည်း ပေါက်ခဲ့သူတွေကိုတောင်
မ သိ နိုင် တော့ ... ။
မဟုတ်ဘူး
ဆေး ရောင် စုံ ခြယ် ခံ ခဲ့ ရ တာ .. ။
ဒီ လို နဲ့
ခြံထဲက ကြက် လေး တွေ ဟာ
တစ်သားတည်း ပေါက်ခဲ့သူတွေကိုတောင်
မ သိ နိုင် တော့ ... ။
ဟို နား လည်း ခွပ်
ဒီ နား လည်း ခွပ်
သူ တို့ တွေ သံ ပြိုင် ရွတ် တယ်
အောက် အီ အီး အွတ် !!!
(ကြက်ကလေး တွေ ဘေးကင်းပါစေ
ကြက်ကလေး တွေ သွေး ရင်း ပါ စေ
အချင်းချင်း ခွပ်ခြင်းမှ ကင်းဝေးကြပါစေ)
(၁၂.၃.၂၀၁၅)
ဒီ နား လည်း ခွပ်
သူ တို့ တွေ သံ ပြိုင် ရွတ် တယ်
အောက် အီ အီး အွတ် !!!
(ကြက်ကလေး တွေ ဘေးကင်းပါစေ
ကြက်ကလေး တွေ သွေး ရင်း ပါ စေ
အချင်းချင်း ခွပ်ခြင်းမှ ကင်းဝေးကြပါစေ)
(၁၂.၃.၂၀၁၅)
March
မတ်ခ်ျ ... မတ်ခ်ျ .. မတ်ခ်ျ
ဂူအောင်းကာ နေချင်ပါရဲ့
ပူချက်က ရက်စက်၊
ဖြူလက်စို မောင့်သက်ထားနှယ်
မူ ပျက် ယို ဘ ဝ ပြောင်း တယ်
ညို ပြောက် ကျား ကွက် ။ ။
၂၀.၃.၂၀၁၅
ဂူအောင်းကာ နေချင်ပါရဲ့
ပူချက်က ရက်စက်၊
ဖြူလက်စို မောင့်သက်ထားနှယ်
မူ ပျက် ယို ဘ ဝ ပြောင်း တယ်
ညို ပြောက် ကျား ကွက် ။ ။
၂၀.၃.၂၀၁၅
အချစ် အလွမ်း နဲ့ ကဗျာ
►► တကယ်ချစ်လာတဲ့အခါ
ကဗျာတွေ ဖြစ်မလာတော့ .. ။
အချစ်ဟာ အချစ်သက်သက်
တိတ်တိတ်လေး ငြိမ်သက် .. ။
ကဗျာတွေ ဖြစ်မလာတော့ .. ။
အချစ်ဟာ အချစ်သက်သက်
တိတ်တိတ်လေး ငြိမ်သက် .. ။
►► တကယ်လွမ်းလာတဲ့အခါ
ကဗျာက မစွမ်းသာတော့ .. ။
အလွမ်းဟာ အလွမ်း သက်သက်
ရင်ထဲမှာ ခါးသက် .. ။
►► ပတ်သက်ခြင်း ဒီဂရီဟာ
တရိပ်ရိပ်တက်လာတော့
အချစ် က အချစ်မှာ မွေ့
အလွမ်း က အလွမ်းမှာပဲ မြေ့တယ် .. ။
►► ဒီမယ် .. ကိုယ့်လူ
အချစ် အတွက် နဲ့ များ
ခင်ဗျား .. ကဗျာတွေ ရွတ်နိုင်သေးရင် ..
ခင်ဗျား .. ကဗျာတွေ ရေးနိုင်သေးရင် ..
ခင်ဗျား .. ကဗျာတွေ တွေးနိုင်သေးရင် ..
ခင်ဗျားချစ်ခြင်း .. ဗားရှင်းမြှင့်ဖို့ လိုလိမ့်မယ် .. ။
(၁၉.၄.၂၀၁၅)
ကဗျာက မစွမ်းသာတော့ .. ။
အလွမ်းဟာ အလွမ်း သက်သက်
ရင်ထဲမှာ ခါးသက် .. ။
►► ပတ်သက်ခြင်း ဒီဂရီဟာ
တရိပ်ရိပ်တက်လာတော့
အချစ် က အချစ်မှာ မွေ့
အလွမ်း က အလွမ်းမှာပဲ မြေ့တယ် .. ။
►► ဒီမယ် .. ကိုယ့်လူ
အချစ် အတွက် နဲ့ များ
ခင်ဗျား .. ကဗျာတွေ ရွတ်နိုင်သေးရင် ..
ခင်ဗျား .. ကဗျာတွေ ရေးနိုင်သေးရင် ..
ခင်ဗျား .. ကဗျာတွေ တွေးနိုင်သေးရင် ..
ခင်ဗျားချစ်ခြင်း .. ဗားရှင်းမြှင့်ဖို့ လိုလိမ့်မယ် .. ။
(၁၉.၄.၂၀၁၅)
နွံလယ်က ကြာပွင့်ငယ် .. သို့
► ရေတွေ နောက်နေသလား
မင်း သာ ကျောက်ချဉ်
ကန်ရေပြင် ကြည်စေလိမ့် .. ။
► ဌာန နာမည်ပျက်နေလား ..
မင်း က စလို့ ဖြောင့်မတ်
ဂုဏ်သတင်း တက်စေလိမ့် .. ။
► ကဲ .. သူငယ်ချင်း
ကန်ရေပြင် ပို မနောက်ဖို့
ကျောက်ချဉ် အဖြစ် သုံးမရရင်တောင်
ရွှံ့လုံး မစင်တုံး အဖြစ်နဲ့
မင်း .. လူဖြစ်မရှုံးစေနဲ့ကွာ .. ။
(ညိုညစ်ညစ် ရေပြင်အလယ်က ကျောက်ချဉ် နဲ့ တူတဲ့ မောင်ငယ်လေး နဲ့
အတူရှိနေတတ်တဲ့ ရွှံ့လုံးလေးများ အတွက် အမှတ်တရ .. )
(၂၀.၄.၂၀၁၅)
ညနေ ၆ နာရီ
မင်း သာ ကျောက်ချဉ်
ကန်ရေပြင် ကြည်စေလိမ့် .. ။
► ဌာန နာမည်ပျက်နေလား ..
မင်း က စလို့ ဖြောင့်မတ်
ဂုဏ်သတင်း တက်စေလိမ့် .. ။
► ကဲ .. သူငယ်ချင်း
ကန်ရေပြင် ပို မနောက်ဖို့
ကျောက်ချဉ် အဖြစ် သုံးမရရင်တောင်
ရွှံ့လုံး မစင်တုံး အဖြစ်နဲ့
မင်း .. လူဖြစ်မရှုံးစေနဲ့ကွာ .. ။
(ညိုညစ်ညစ် ရေပြင်အလယ်က ကျောက်ချဉ် နဲ့ တူတဲ့ မောင်ငယ်လေး နဲ့
အတူရှိနေတတ်တဲ့ ရွှံ့လုံးလေးများ အတွက် အမှတ်တရ .. )
(၂၀.၄.၂၀၁၅)
ညနေ ၆ နာရီ
Subscribe to:
Posts (Atom)
