Showing posts with label ချစ်လို့ ကျီစယ် .. :D. Show all posts
Showing posts with label ချစ်လို့ ကျီစယ် .. :D. Show all posts

Wednesday, July 9, 2014

ဆယ့်ခြောက်နှစ်မ

၁၆ နှစ်မ ပေမယ့်
အသက်လောက် ချစ်ပြတတ်ပါတယ် .. ဦးရယ်

ငယ်သေးတယ် ဆိုပြီး
အလွယ်ဘေးဖယ်လို့ မထားလိုက်ပါနဲ့ ..

ဦး ကို စတွေ့ကတည်းက
အရူး လို ကျွန်မ မမေ့နိုင်ခဲ့တာ ..

ရင်မှာ သနားခဲ့ရင်ဖြင့်
အကြင်နာ စကားလေး တစ်ပွင့် ဖွင့်ဟလှည့်ပါ ဦးရယ် ..

အချစ်များစွာဖြင့် ... <3 <3 <3

အူး ရဲ့ ကျွန်မ .. ဆယ့်ခြောက်နှစ်မ

Tuesday, November 26, 2013

Facebook ပြိုင်ပွဲ

► Like မလား Share မလား

Facebook မှာ ပြိုင်ပွဲရှိတယ် ~~



► အချို့က လူအတွက် ဆုကို အကြောင်းပြ

အချို့က ဆု အတွက် လူကို ရောင်းချ

မက်ဇူကာဘတ်ရဲ့ ကွင်းပြင်ကျယ်ထဲမှာ

ဟန်ရေးအမျိုးမျိုး ပြကြတယ် ~~



► ပစ္စည်းအတွက်လား

လူအတွက်လား

လှလှပပ ဝေဝေဆာဆာနဲ့

ကြော်ငြာထဲ ကြော်ငြာဝင်

လူသိများဖို့ အလျင်လိုတယ် ~~



► ပွဲစဉ်အချို့က ခေါင်းစဉ်တပ်

ဘာအတွက် ညာအတွက်

ဘာအကြောင်း ညာအကြောင်း

ထွေလာသောင်းပြောင်း

အဖေ အကြောင်း

အမေ အကြောင်း

ကမ္ဘာကြီးရဲ့ စိမ်းလန်းသာယာမှုအကြောင်း

အို ..

ကောင်းဖို့က သာမညောင်ည

ပေါင်းဖို့က အဓိက

တွေ့သမျှ လူ အကုန်သာပေါင်း

ဖေ့ဘွတ်မှာ ဖရန့်ထောင်သောင်းလိုတယ် ~~



((ဒီလိုနဲ့
ကဗျာ ဝတ္ထုဆိုတဲ့
လှပတဲ့ အနုပညာအစိုင်အခဲတွေဟာ
ကြော်ငြာအချို့ရဲ့ Like နဲ့ Share ကြားမှာ
ဗန်းပြခံခဲ့ရ))


►Like ကြပါ Like ကြပါ

Like ပေးကြပါ

ဆုရခဲ့ရင် အကုန်လှူမှာ

မိဘမဲ့ကလေးတွေ သနားစရာ

နားခိုစရာ ကျောင်းတွေ လိုလို့ပါ ~~



► Like ကြပါ Like ကြပါ

Like ပေးကြပါ

ဆုရခဲ့ရင် ဂုဏ်ယူချင်

Liker တွေကို ခေါင်းပေါ်တင်

တစ်သက်လုံး ကျေးဇူးတင်မှာ ~~



► ဆယ်လီဗျစ်တီ ဟိုအစ်ကိုကြီး

သမီး ကို ကူပေးပါ

အစ်ကိုသာ Like တောင်းပေးရင်

ထောင် နဲ့ သောင်း နဲ့ ရမှာ ~~



► ဟိုပေ့ခ်ျက အက်ဒ်မင်လေး

နင် နဲ့ ငါ သွေးသောက်ဖွဲ့

မောင်နှမ ခဏတော်ကြစို့ရဲ့

နင်ပေ့ခ်ျမှာ ပုံလေး Share

Like နဲ့ Share ဆွယ်ရအောင်ဟာ ~~



► ဒီမယ် ဒီမယ်

ခင်များလည်း ဒီတိုင်းမနေနဲ့

ဒီအထိတောင် စာကို ဖတ်လာပေးပြီမှ

လက်စနဲ့

မူရင်းလင့်ခ်ကိုသွား

ကျုပ် ပြိုင်ထားတဲ့ ဓာတ်ပုံလေးကို

လိုက်ခ်တစ်ချက်တော့ အားနာပါးနာ နှိပ်ပေးပါဗျာ ~~



(၂၆.၈.၂၀၁၃)

သံစဉ်ဖြူဖြူ လက်ဆော့သည်။


(မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေလိုသော ဆန္ဒမရှိပါ။

အပျော်သဘောရေးခြင်းသာ)