Showing posts with label ၀မ်းနည်းခြင်း. Show all posts
Showing posts with label ၀မ်းနည်းခြင်း. Show all posts

Thursday, May 7, 2015

ပြိုလဲခြင်း အမှတ် ၃/၂၀၁၅

တစ်စက်ချင်း ကျရင်း ဖြည့်လာခဲ့တဲ့
မိုးရေ အိုး လို ...
တစ်မျှင်ချင်း ယက်ခဲ့တဲ့
စာဗူးတောင်း သိုက်လို ..
စက္ကန့်တွေ မိနစ်တွေ နာရီတွေ
စုဖွဲ့ ..
တစ်ရက် ပြီး တစ်ရက်
မျှော်လင့်ချက် အပြည့်နဲ့
လျှောက်လှမ်းနေတဲ့ မှတ်တိုင်တစ်ခု ရှိခဲ့တယ် ..
မှတ်တိုင်လေးကို ရောက်ဖို့ ..
ချွေးစက်ပေါင်းများစွာ .. မြှုပ်နှံ
မျက်ရည် တွေ လိမ်းကျံ လို့ ...
ခုတော့ ..
မိုးရေအိုးလေး ကွဲ
စာဗူးတောင်း သိုက် လေးလည်း မီး စွဲ ...
မှတ်တိုင်လေးလည်း .. .. ...

 ( ဖြစ်တည်လာဖို့ ကြာမြင့်ပေမယ့်
ပျက်စီးဖို့က သိပ်မြန်တဲ့ အ ကြောင်း
ဒိုင်ယာရီ လေး ထဲ ဒီနေ့ ရေး ဖြစ် ခဲ့တယ်)

(၉.၃.၂၀၁၅) တနင်္လာနေ့