Wednesday, July 9, 2014

ဆယ့်ခြောက်နှစ်မ

၁၆ နှစ်မ ပေမယ့်
အသက်လောက် ချစ်ပြတတ်ပါတယ် .. ဦးရယ်

ငယ်သေးတယ် ဆိုပြီး
အလွယ်ဘေးဖယ်လို့ မထားလိုက်ပါနဲ့ ..

ဦး ကို စတွေ့ကတည်းက
အရူး လို ကျွန်မ မမေ့နိုင်ခဲ့တာ ..

ရင်မှာ သနားခဲ့ရင်ဖြင့်
အကြင်နာ စကားလေး တစ်ပွင့် ဖွင့်ဟလှည့်ပါ ဦးရယ် ..

အချစ်များစွာဖြင့် ... <3 <3 <3

အူး ရဲ့ ကျွန်မ .. ဆယ့်ခြောက်နှစ်မ

လက်မြှောက်ထားတဲ့ လူ

လက်မြှောက်ထားတယ်
ကျုပ် .. လက်မြှောက်ထားပါတယ် .. ။

နေရာမယူတတ်တော့
ထိုင်ခုံက ကိုယ့်အတွက် ဖြစ်မလာခဲ့ .. ။

လမ်းဆုံးတဲ့အထိ
သူတို့ မဆင်းကြသေးရင်တော့
ကျုပ် .. လက်မြှောက်ထားရုံသာပေါ့ .. ။

အဲဒါကြောင့်ပြောတာ
အတွန်းအတိုက်မပိုင်
နေရာမဦးနိုင်ရင်
ဘတ်စ်ကားစီးရတာ ပင်ပန်းပါတယ် လို့ .. ။

ဘာပဲဖြစ်ဖြစ်ပေါ့လေ
ကျုပ်ကတော့
လဲကျမသွားရအောင်
တန်းတွေကို မြဲမြဲကိုင်ဖို့
လက်နှစ်ဖက်လုံးကို မြှောက်လို့ ။      ။

သံစဉ်ဖြူဖြူ
(၄.၇.၂၀၁၄)