Wednesday, July 9, 2014

လက်မြှောက်ထားတဲ့ လူ

လက်မြှောက်ထားတယ်
ကျုပ် .. လက်မြှောက်ထားပါတယ် .. ။

နေရာမယူတတ်တော့
ထိုင်ခုံက ကိုယ့်အတွက် ဖြစ်မလာခဲ့ .. ။

လမ်းဆုံးတဲ့အထိ
သူတို့ မဆင်းကြသေးရင်တော့
ကျုပ် .. လက်မြှောက်ထားရုံသာပေါ့ .. ။

အဲဒါကြောင့်ပြောတာ
အတွန်းအတိုက်မပိုင်
နေရာမဦးနိုင်ရင်
ဘတ်စ်ကားစီးရတာ ပင်ပန်းပါတယ် လို့ .. ။

ဘာပဲဖြစ်ဖြစ်ပေါ့လေ
ကျုပ်ကတော့
လဲကျမသွားရအောင်
တန်းတွေကို မြဲမြဲကိုင်ဖို့
လက်နှစ်ဖက်လုံးကို မြှောက်လို့ ။      ။

သံစဉ်ဖြူဖြူ
(၄.၇.၂၀၁၄)

No comments:

Post a Comment