Friday, November 2, 2012
အချိန်ရမှ နားထောင်ပါ
အချိန်ရမှ နားထောင်ပါ
အချိန်ရမှ နားထောင်ပါ (ဟေမာနေဝင်း)
♦♦ သံစဉ်တေးလေးတွေ ရင်ထဲရှိသမျှ  ဖွင့်ဆိုမယ်
    တစ်နယ်စီဝေး၊ ကမ္ဘာကြီးခြားသလို တို့နှစ်ယောက်မှာ ပြန်တွေးလို့ ဆုံစည်းစရာ မျှော်လင့်ကြည့်ရင်
    အချစ်ကံကြမ္မာကံကြိုးနွံထဲက ပန်းရွှေဝါပိတောက်တွေ အတူတူနေခဲ့ရက်ကို သတိရပြန်ပေါ်လာ
    အခုတော့ တို့တစ်ယောက်တည်းပါ လွမ်းရင်းငေးကျန်ခဲ့တာ
    အောက်မေ့သတိရ ချစ်တေးလက်ဆောင် မင်းဆီရောက်အောင် ပို့ချင်တာ
    အချိန်ရမှ နားထောင်ပါ။
♦♦ လွမ်းသံတေးကဗျာ ရင်ထဲမှာ လှိုင်းကလေး လွင့်လာရင် အတိတ်ကိုပြန်လို့ မြင်ပါ အချစ်ရယ် ဒါပဲကွယ်
    မခေါ်သာ ဘဝချင်းဝေးလို့ တို့နှစ်ယောက်အသည်းမှာမဆုံ ပုံနှိုင်းရရင် ကြိုးပြတ်သွားလေတဲ့ ပုလဲလုံးလေးတွေလို
    အခုတော့ တို့တစ်ယောက်တည်းပါ လွမ်းရင်းငေးကျန်ခဲ့တာ
   အောက်မေ့သတိရ ချစ်တေးလက်ဆောင် မောင့်ဆီရောက်အောင် ပို့ချင်တာ
   အချိန်ရမှ နားထောင်ပါ။
♦♦ သံစဉ်တေးလေးတွေ ရင်ထဲရှိသမျှ  ဖွင့်ဆိုမယ်
    တစ်နယ်စီဝေး၊ ကမ္ဘာကြီးခြားသလို တို့နှစ်ယောက်မှာ ပြန်တွေးလို့ ဆုံစည်းစရာ မျှော်လင့်ကြည့်ရင်
    အချစ်ကံကြမ္မာကံကြိုးနွံထဲက ပန်းရွှေဝါပိတောက်တွေ အတူတူနေခဲ့ရက်ကို သတိရပြန်ပေါ်လာ
    အခုတော့ တို့တစ်ယောက်တည်းပါ လွမ်းရင်းငေးကျန်ခဲ့တာ
    အောက်မေ့သတိရ ချစ်တေးလက်ဆောင် မင်းဆီရောက်အောင် ပို့ချင်တာ
    အချိန်ရမှ နားထောင်ပါ။
♦♦ လွမ်းသံတေးကဗျာ ရင်ထဲမှာ လှိုင်းကလေး လွင့်လာရင် အတိတ်ကိုပြန်လို့ မြင်ပါ အချစ်ရယ် ဒါပဲကွယ်
    မခေါ်သာ ဘဝချင်းဝေးလို့ တို့နှစ်ယောက်အသည်းမှာမဆုံ ပုံနှိုင်းရရင် ကြိုးပြတ်သွားလေတဲ့ ပုလဲလုံးလေးတွေလို
   သြော်
    အခုတော့ တို့တစ်ယောက်တည်းပါ လွမ်းရင်းငေးကျန်ခဲ့တာ
   အောက်မေ့သတိရ ချစ်တေးလက်ဆောင် မောင့်ဆီရောက်အောင် ပို့ချင်တာ
   အချိန်ရမှ နားထောင်ပါ။
ဒီနေရာလေး မှာ နားဆင်နိုင်ပါတယ်ရှင်။
ချစ်ခြင်းများစွာဖြင့်
သံစဉ်ဖြူဖြူ
Thursday, September 27, 2012
ဥပါဒါန်ဒဏ္ဍာရီလေးရဲ့ အနားသတ်ဖြစ်စဉ်
“ကြာဖြူရေ . အလှပြင်တာမပြီးသေးဘူးလား”
မမငယ် ရဲ့အသံကြောင့် နောက်ဘက်မှာ စုစည်းထားတဲ့ဆံပင်ကို ညီမညီ နောက်ဆုံးအနေနဲ့ တစ်ချက်ကြည့်ပြီး လွယ်အိတ်ကိုဆွဲပြီး အမြန်ထွက်ခဲ့ရတယ်
စက်နှိုးပြီး ထွက်ဖို့အဆင်သင့်ဖြစ်နေတဲ့ မမငယ် ရဲ့ ဆိုင်ကယ်နောက်မှာ ထိုင်လိုက်ရင်း
“ဒီနေ့က အရေးကြီးလို့ မမငယ်ရေ .. ကြာဖြူ ညီနဲ့ ချိန်းထားတယ် .. ကြာဖြူ့ကို ကဲန်တင်းရှေ့မှာပဲ ချခဲ့နော်..”
“ညီမလေး တကယ်ပဲ ညီညီ့ကို အဖြေပေးလိုက်တော့မှာလား”
“မမငယ်ရယ် .. ညီ့ကို စောင့်ခိုင်းခဲ့ရတာ ကြာနေပြီလေ .. ပထမနှစ်ကျောင်းစတက်ကတည်းက ခုဆိုရင် ၂ နှစ်ကျော်နေပြီ .. ကြာဖြူ ငြင်းစရာအချက် မတွေ့ဘူး မမ .. ညီ က စာလည်းတော်တယ် .. ချောလည်းချောတယ် .. မိဘအသိုင်းအ၀ိုင်းကလည်း ပြည့်စုံတယ် .. အဲဒါတွေထက် အဓိကကျတာက ညီ က ကြာဖြူ့ကို တကယ်ချစ်တယ်လို့ ယုံကြည်လို့ပါ .. ညီမလေး လည်း သူ့ကို ချစ်နေမိပြီလေ .. ဒါကြောင့်မို့လို့ ဒီနေ့ အဖြေပေးမယ် လို့ ဆုံးဖြတ်ခဲ့တာ”
“အင်းလေ .. ညီမလေးလည်း အရွယ်ရောက်နေပြီပဲ .. မမငယ် မတားပါဘူး .. ညီမလေး ဆုံးဖြတ်ချက် မမှားနိုင်ဘူးလို့လည်း မမငယ် ယုံကြည်ပြီးသားပါ .. ဒါပေမယ့် အခု ညီမလေးပြောတဲ့အချက်တွေထက် အရေးကြီးတဲ့ အချက် ရှိသေးတယ်နော် ညီမလေး .. မေမေ အရမ်းစိုးရိမ်ပြီး တားမြစ်ထားတဲ့အချက် ညီ နဲ့ လွတ်ရဲ့လား ညီမလေး”
“မမငယ်ရယ် .. ကြာဖြူက မေ့ပါ့မလား .. ဒီအချက်က ကျန်တဲ့သူတွေအတွက် ဘာမှ မဟုတ်ပေမယ့် ကြာဖြူတို့မိသားစုအတွက် အတိတ်ဆိုး တစ်ခုဖြစ်စေခဲ့တာမို့ ကြာဖြူ အရမ်း အလေးထားပါတယ် .. စိတ်ချပါ မမငယ်ရယ် .. ညီ့မွေးသက္ကရာဇ်ကို ကြာဖြူ ရက် (၁၀၀) ပြက္ခဒိန်မှာ တိုက်ထားပြီးပါပြီ .. ညီကလေ မေမေ နဲ့ မငယ် စိုးရိမ်တဲ့ သိပ်ကြောက်တဲ့ ဗုဒ္ဓဟူးသား မဟုတ်ပါဘူး .. မဟုတ်ရပါဘူး မမငယ်ရယ်”
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
“သမီးလေးက ချစ်စရာကောင်းလိုက်တာကွယ် .. ဒါကြောင့်လည်း သားက ကြာဖြူ ကြာဖြူ နဲ့ ပါးစပ်ဖျားက မချတာကိုး”
 မောင့် မေမေရဲ့ ချီးမွမ်းစကားကြောင့် မနေတတ်စွာဖြင့် မောင့် ကို အကြည့် ..
“မေမေကလည်းဗျာ .. ကြာဖြူ ရှက်သွားဦးမယ်”
“မရှက်ပါနဲ့ သမီးရယ် .. အန်တီတို့က မိသားစုထဲမှာ ပွင့်ပွင့်လင်းလင်း ရှိကြတယ်လေ … သမီးလည်း နောက်ဆို ဒီအိမ်သား ဖြစ်လာရမှာပဲလေ .. ဟိုနေ့က အိမ်မှာ အုန်းနို့ခေါက်ဆွဲ ချက်စားတာ ကြိုမပြောရကောင်းလားဆိုပြီး ညီညီ က ပူညံပူညံ လုပ်သေးရဲ့”
 “ဟုတ်တယ်လေ မေမေရဲ့ .. ကြာဖြူ့ကို အဲဒီနေ့ကတည်းက ခေါ်လာလို့ ရတာပေါ့ ..
နောက်တစ်ခါဆို ကြိုပြောပါ့မယ် သားရယ် .. ဟုတ်ပြီလား”
“ဒါနဲ့ ဒီနှစ် သားရဲ့မွေးလ မွေးရက် မွေးနေ့ တိုက်တယ်နော် .. သား ဘာလုပ်ချင်လဲ .. အရင်နှစ်တွေလိုပဲ ဆရာတော့်ကျောင်းကို ဆွမ်းချိုင့်ပို့မလား .. သူငယ်ချင်းတွေကို အိမ်မှာ ဖိတ်ကျွေးချင်လား”
“သားကတော့ ဘာမှ ထွေထွေထူးထူး မလုပ်တော့ဘူးလို့ စိတ်ကူးထားတယ် .. မနက်စောစော ကြာဖြူကို သွားခေါ်ပြီးတော့ ဘုရားသွားမယ် .. ညဘက်ကျတော့မှ သူငယ်ချင်းတွေကို ဆိုင်တစ်ဆိုင်ဆိုင်မှာ လိုက်ကျွေးလိုက်မယ်လေ”
အတိုင်အဖောက်ညီညီပြောနေတဲ့ မောင် တို့ သားအမိနှစ်ယောက်ကိုကြည့်ရင်း ကိုယ့်ကိုယ်ကို ဇဝေဇ၀ါ ဖြစ်လာမိတယ် .. မောင် နဲ့ ကြာဖြူ ချစ်သူဘ၀မရောက်ခင် သူငယ်ချင်းဘ၀မှာကတည်းက သူ့မှတ်ပုံတင်ထဲက မွေးသက္ကရာဇ်ကိုကြည့်ပြီး မွေးနေ့လက်ဆောင် နှစ်တိုင်းပေးနေကျလေ .. အဲဒီအချိန်ကတည်းက မွေးတဲ့ခုနှစ် လ ရက် ကို နှစ်တစ်ရာပြက္ခဒိန်မှာ ကြည့်ပြီး အတည်ပြုထားတဲ့ နေ့က အင်္ဂါနေ့ပါ …. မဟုတ်သေးပါဘူး .. ဒီနှစ် မောင့် မွေးနေ့က ဗုဒ္ဓဟူးနေ့ ကျတယ်လေ .. အန်တီက လူကြီးမို့လို့ မှားပြောတယ် ထားဦး .. မောင် က ဘယ်လိုဖြစ်ပြီး မှားပြောတာပါလိမ့် .. ကြာဖြူ မနေနိုင်စွာနဲ့ပဲ …
“ဒီနှစ် ညီ့မွေးနေ့က ဗုဒ္ဓဟူးနေ့ ကျတယ်မဟုတ်လား”
“ဟုတ်တယ်လေ သမီးရဲ့ ဗုဒ္ဓဟူးနေ့ကျလို့ မွေးနေ့နဲ့ မွေးရက်တိုက်တယ် ပြောတာ .. သား က ဗုဒ္ဓဟူးသားလေ .. နာမည်က အင်္ဂါစာလုံးနဲ့ စပြီး မှည့်ပေးပါဆိုလို့ ညီလင်းမြတ် ဖြစ်နေတာ ..
ကဲ .. သားတို့ သမီးတို့ အေးအေးဆေးဆေး စကားပြောကြဦး .. မေမေ လုပ်စရာလေးရှိသေးလို့”
"မောင့် မွေးနေ့ကို ကြာဖြူ နှစ်တစ်ရာပြက္ခဒိန်မှာ ရှာထားတာ အင်္ဂါနေ့လေ မောင်ရဲ့ ခု မောင့်မေမေက ဗုဒ္ဓဟူးလို့ ပြောသွားလို့”
“ဟားဟားးး ကြာဖြူ ဘာမှလည်း မသိဘူးကွာ .. မောင့် မှတ်ပုံတင် ထဲက တစ်နှစ်ကြီးထားတဲ့ မွေးသက္ကရာဇ်ကို ကြာဖြူက ကြည့်ပြီး ရှာထားတာ ဖြစ်မယ် ..  ဟုတ်တယ်မလား ကြာဖြူ”
“အင်း .. ဟုတ်တယ် မောင် .. ဒါဆို မောင့်မေမေပြောတာ အမှန်ပဲပေါ့”
သွားပြီ .. မောင် က ဗုဒ္ဓဟူးသားတဲ့ လား … ကြာဖြူ့နားထဲမှာ ဗုဒ္ဓဟူးသား ဗုဒ္ဓဟူးသား ဗုဒ္ဓဟူးသား ဆိုတဲ့ စကားကလွဲလို့ ကျန်တာတွေ မကြားတစ်ချက် ကြားတစ်ချက်
“ကြာဖြူ ကြာဖြူ “
“ဟင်”
“ဘာငိုင်နေတာလဲ .. ဒီနှစ် မောင့် ကို မွေးနေ့လက်ဆောင် ဘာပေးရင်ကောင်းမလဲ စဉ်းစားနေတာလား နှစ်လနီးပါးလိုပါသေးတယ် ကြာဖြူရာ အေးဆေးစဉ်းစား”
“အင်း .. ကြာဖြူ ခေါင်းကိုက်လာတယ် မောင် ရယ် … အဆောင်ပြန် နားလိုက်ချင်တယ်”
“ဘယ်လိုဖြစ်ရတာလဲ ကြာဖြူရယ် .. အေးအေးဆေးဆေးတောင် မနေရသေးဘူး .. ဘာဆေးသောက်မလဲ .. ဒါမှမဟုတ် သံပုရာရည်လေး သောက်မလား”
“တော်ပြီ မောင် .. အဆောင်ရောက်လို့ နားလိုက်ရင် သက်သာသွားမှာပါ .. မောင့် မေမေကို နှုတ်ဆက်ပြီးရင် ပြန်တော့မယ်နော်”
“အင်းပါကွာ .. ကြာဖြူ့သဘောပါပဲ”
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
“ဘာပြောလိုက်တယ် ကြာဖြူ”
“မောင် နဲ့ ကြာဖြူ လမ်းခွဲကြရအောင် လို့ ပြောတာပါ”
“ကြာဖြူ ဘာတွေပြောနေတာလဲ .. မောင့် ကို နောက်နေတာလား”
“တကယ်ပြောနေတာပါ မောင် .. ကြာဖြူတို့လမ်းခွဲကြအောင်”
“အဓိပ္ပါယ်မရှိလိုက်တာကွာ .. ဘာကြောင့် လမ်းခွဲရမှာလဲ .. ကြာဖြူ ရူးသွားတာတော့ မဟုတ်ပါဘူးနော်”
မောင့်ကို လမ်းခွဲဖို့ ဘယ်လိုအကြောင်းပြချက်ပေးရမယ်ဆိုတာကို တစ်ညလုံး စဉ်းစားခဲ့ပေမယ့် အဖြေမထွက်ခဲ့ပါဘူး .. နားမလည်နိုင်စွာနဲ့ ကြာဖြူပုခုံးကို ကိုင်လှုပ်ပြီး မေးနေတဲ့ မောင့် လက်တွေကို အသာဖယ်ချရင်း
“ကြာဖြူ့ကို မေ့လိုက်ပါတော့ မောင် .. ခွင့်လွှတ်ပါလို့လည်း မတောင်းဆိုတော့ပါဘူး .. ကြာဖြူ့ကို မေ့လိုက်ပါ .. မုန်းလိုက်ပါတော့ မောင်”
“ကျွတ် .. ဘာတွေလဲကွာ .. ကြာဖြူ့ကို သိပ်ချစ်တဲ့ မောင်ပါ ကြာဖြူရဲ့ .. ကြာဖြူကလည်း မောင့်ကို သိပ်ချစ်တယ်ဆို .. ဘာလို့မုန်းရမှာလဲ .. ဘာလို့မေ့ရမှာလဲ .. မောင် နားလည်အောင်လည်း ရှင်းပြစမ်းပါဦး ကြာဖြူရယ်”
“ကျောင်းပြီးရင် ကြာဖြူ့မေမေ ဆီမှာ လိုက်ပြီး မြန်းပေးဖို့ကိုတောင် ဖေဖေ နဲ့ မေမေကို မောင် က တောင်းဆိုပြီးနေပြီလေ ကြာဖြူရဲ့ .. ဘယ်လိုနည်းနဲ့မှ ဝေးလို့မဖြစ်ဘူး .. မခွဲနိုင်ဘူး ကြာဖြူ”
“လမ်းခွဲမယ့်စကားပြောမယ့်အစား မောင့် ကို အသေသာသတ်သွားပါလား
ကြာဖြူ့မှာ ဘာအခက်အခဲတွေရှိလဲ .. မောင် တို့ အတူဖြေရှင်းကြမယ်လေ .. နော် .. လမ်းခွဲဖို့တောာ့ ထပ်မပြောပါနဲ့ ကြာဖြူရယ်”
တတွတ်တွတ်ပြောနေတဲ့ မောင့်ကိုကြည့်ရင်း ကြာဖြူ့ ရင်ထဲမှာလည်း ဆို့နင့်လာပါတယ် .. မောင်ရယ် .. ကြာဖြူ့ မောင့်ကို သိပ်ချစ်ပါတယ် .. ကြာဖြူ့ဘ၀မှာ ချစ်သူဆိုလို့ မောင်တစ်ယောက်ပဲ ရှိတာပါ .. ဒါပေမယ့် မောင်ရယ် .. မောင် မသိသေးတဲ့ .. ကြာဖြူ့တို့ မိသားစုရဲ့ အဖြစ်ဆိုးကို ဘယ်လိုအင်အားမျိုးနဲ့ ကြာဖြူ ပြောပြရမှာတဲ့လဲ …
“တောင်းပန်ပါတယ် မောင် .. ကြာဖြူ့ကို ဘာမှ မမေးပါနဲ့တော့နော် .. ကြာဖြူ ပြန်ပါရစေတော့”
ပြောရင်းနဲ့ မျက်ရည်ကျလာတဲ့ ကြာဖြူ့ကို ကြည့်ပြီး မောင် လည်း စိတ်တွေ ရှုပ်ထွေးသွားပုံရပါတယ် ..
“မငိုပါနဲ့ ကြာဖြူ .. ကြာဖြူ့မျက်ရည်ကို မောင် မခံစားနိုင်ပါဘူး .. ကြာဖြူ နားချင်နေပြီဆိုရင် မောင် လိုက်ပို့ပေးပါ့မယ် ဒါပေမယ့် ကြာဖြူ အဲဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကို မောင် သိပ်သိချင်တယ် .. ဒီညတော့ မောင် ကြာဖြူ့ကို မနှောင့်ယှက်တော့ပါဘူး။ မနက်ဖြန်မနက် မောင်ဖုန်းဆက်မယ် .. အဲဒီအချိန်မှာ ကြာဖြူ တစ်ခုခုပြောနိုင်လိမ့်မယ်လို့ မောင် မျှော်လင့်ပါတယ်”
            မောင်ရယ် .. ဒီတစ်ခါ တွေ့ကြတာ နောက်ဆုံးအကြိမ်ဖြစ်လိမ့်မယ်လို့ မောင် တွေးမိမှာ မဟုတ်ဘူးနော် .. မနက်ဖြန်မနက် အစောဆုံးကားနဲ့ ကြာဖြူ အိမ်ကို ပြန်ဖို့ စီစဉ်ပြီးနေခဲ့ပြီ။ အဆောင်ကို မောင် ဖုန်းဆက်တဲ့အခါမှာ အိပ်ပျော်နေတုန်းလို့ ပြောဖို့ရယ် … လူကိုယ်တိုင် လာမေးတဲ့အခါ နေမကောင်းလို့ နားနေတယ်လို့ ပြောပေးဖို့ရယ် အခန်းဖော် ခိုင့်  ကို မှာထားခဲ့မှာပါ မောင်
မောင် စိတ်နာသွားမှာပဲနော် .. လတ်တလောအဖြစ်အပျက်တွေကို နားလည်ရခက်သွားမှာပဲ .. အခုလောလောဆယ် ကြာဖြူကတော့ ရင်တစ်ခုလုံး ကြေမွမတတ်ပါပဲ မောင်ရယ် … မနှစ်က ကျောင်းပြီးသွားတဲ့ မမငယ် ကိုလည်း အရမ်းသတိရတယ် … မမငယ်ရေ .. ကြာဖြူ ဘယ်လိုလုပ်ရပါ့မလဲ .. ခုချိန်မှာတော့ ကြာဖြူ့ကို နားလည်ပေးနိုင်မှာ မမငယ်ပဲ ရှိပါတယ် ..
ကြာဖြူတို့ မိသားစုရဲ့ အဖြစ်အပျက်တွေက  ပြန်တွေးမိတိုင်း မနေ့တစ်နေ့ကလိုပဲ နာကျင်နေတုန်းပဲမဟုတ်လား မမငယ်ရယ် ..
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
တီ .. တီ .. တီ
အိမ်ရှေ့က ဆိုင်ကယ်ဟွန်းသံကြောင့် မမကြီး ပြန်လာပြီဆိုတဲ့ အသိနဲ့ မမငယ်နဲ့ ကြာဖြူ စာကျက်နေရာကနေ အောက်ထပ်ကို ပြေးဆင်းလာခဲ့တယ်။ ဘာသာရပ်ဆိုင်ရာ သင်တန်းတစ်ခုမှာ စာပြတဲ့ မမကြီးက သူပြန်လာတဲ့အခါ ညီမနှစ်ယောက်အတွက် မုန့်တစ်မျိုးမျိုး အမြဲဝယ်လာတတ်တယ်လေ။ အဲဒီတော့ မမကြီး ဆိုင်ကယ်သံကြားရင် ကြာဖြူတို့နှစ်ယောက်က ဆင်းကြိုနေကျ ..
အောက်ထပ်ကိုရောက်တော့ မမကြီးက လက်ထဲပါလာတဲ့ မုန့်ထုပ်တွေကို မချရသေးဘဲ မေမေနဲ့ ရပ်စကားပြောနေတာကို တွေ့တယ်။
“မေမေ တော့ သိပ်သဘောမကျဘူး သမီး .. တနင်္ဂနွေ နဲ့ ဗုဒ္ဓဟူး လက်ထပ်မယ်ဆိုရင် စီးပွားရေးလည်း အဆင်မပြေဘူး .. ကျန်းမာရေးလည်း ညံ့တယ်တဲ့ .. မေမေ သဘောမတူချင်ဘူး သမီးကြီး သေချာ စဉ်းစားစေချင်တယ်”
“မေမေရယ် .. အဲဒါက ဟိုးရှေးရှေးတုန်းက အယူအဆတွေပါ.. သမီးအယုံအကြည်မရှိဘူး
သမီးလိုပဲ ကိုလွင် ကလည်း အဲဒီအယူအဆတွေကို လက်မခံဘူး”
“ဈေးသုံးလည်းမလွယ်နဲ့ .. ရှေးထုံးလည်း မပယ်နဲ့ တဲ့ သမီးကြီး .. သေချာစဉ်းစားပါဦး ..
အခု သမီးတို့က ချစ်သူတွေဘ၀ပဲရှိသေးတယ် .. အခုအချိန်မှာ နောက်ဆုတ်ကြမယ်ဆိုရင် မီပါသေးတယ် ..
အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည်စုတ်ထိုး .. ဤသုံးမျိုး နောင်ပြင်ရန် ခက်သည့်အမျိုး တဲ့ .. သမီးရယ် .. စဉ်းစားပါနော် .. အိမ်ထောင်ကျပြီးမှ အဆင်မပြေဖြစ်လာမှာကို မေမေ စိုးရိမ်တယ် သမီးကြီး”
“ခက်တယ် မေမေရယ် .. ဒါမျိုးတွေ မေမေ့စိတ်ထဲမှာ ရှိနေတုန်းပဲလား ..
ဘာပဲဖြစ်ဖြစ် သမီးကတော့ ကိုလွင်နဲ့ လက်ထပ်မှ ဖြစ်မယ် မေမေ .. ကိုလွင်က သူ့မိဘတွေကို ဖွင့်ပြောပြီးပြီ .. နောက်လထဲမှာ လာမြန်းချင်တယ်တဲ့ .. မေမေ လက်ခံပေးပါနော်”
မေမေ နဲ့ မမကြီး ပြောနေကြတာတွေကို နားမလည်တစ်ချက် လည်တစ်ချက် .. အဲဒီအချိန်တုန်းက ကြာဖြူက ရှစ်တန်းပဲ ရှိသေးတာလေ။ .. သေချာတာက မေမေက မမကြီး အိမ်ထောင်ပြုမယ့်ကိစ္စမှာ သဘောမတူဘူးဆိုတာတော့ ကြာဖြူ ရိပ်မိတယ် .. ဆယ်တန်းကျောင်းသူ မမငယ်က ပိုသိနိုင်မှာမို့ မေးကြည့်တော့ .. နေ့နာမ် မတည့်လို့ သဘောမတူတာတဲ့ .. မမကြီး ချစ်သူ ကိုကိုလွင်က ဗုဒ္ဓဟူးသား .. မမကြီးက တနင်္ဂနွေသမီး .. အဲလိုဆိုရင် မတည့်ဘူးတဲ့ .. ယူလို့မရဘူးဆိုလား ..
မေမေ သဘောမတူလို့ မမကြီး လမ်းခွဲရမယ်ဆိုရင်တော့ မမကြီး သနားစရာပဲ ..  အနေအေးပြီး စကားနည်းတဲ့ ကိုကိုလွင့်ကို ကြာဖြူ နဲ့ မမငယ်က အစ်ကိုတော်ချင်တာလေ ..
မေမေရယ် ခေါင်းညိမ့်လိုက်ပါလို့ စိတ်ထဲကတော့ တောင်းဆိုပေးမိတယ် .. အစ်ကိုမရှိတဲ့ ကြာဖြူတို့က အစ်ကိုတစ်ယောက်ရဖို့ မျှော်လင့်ခဲ့တာ .. ဖေဖေ ဆုံးပြီးကတည်းက အိမ်မှာ ယောင်္ကျားသားမရှိတော့ ကြာဖြူက အားငယ်တတ်တယ်လေ .. ကိုကိုလွင် အိမ်ကိုရောက်လာတဲ့အခါကျရင် ကြာဖြူတို့ကို ဘယ်သူမှ စရဲ နောက်ရဲမှာ မဟုတ်တော့ဘူးပေါ့ ..
ဒါပေမယ့် မမကြီး နဲ့ မေမေ အားပြိုင်ပွဲ မှာ ကြာဖြူ နဲ့ မမငယ်က ပွဲကြည့်သူသက်သက် .. ၀င်ဆုံးဖြတ်ခွင့် အကြံပေးခွင့် မရှိခဲ့ပါဘူး ..
နောက်ဆုံးတော့လည်း စိတ်အားထက်သန်နေတဲ့ မမကြီးကို မေမေ အလျှော့လိုက်ပေးလိုက်ရတာပါပဲ ..
ကြာဖြူ ခြောက်တန်း ကျောင်းတက်စနှစ်မှာပဲ ဆုံးသွားခဲ့တဲ့ ဖေဖေ သာ ရှိနေရင်ရော ဘယ်လိုဆုံးဖြတ်မှာလဲ ဆိုတာ ကြာဖြူ သိချင်ခဲ့သား ..
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
            နောက်ကျမှ ပြန်လာတတ်တဲ့ ကိုကိုလွင့် ကို ညတိုင်းစောင့်ရတဲ့ မမကြီးကို ကြာဖြူ သနားမိပါရဲ့ .. ညီအစ်မသုံးယောက်နဲ့ မေမေပဲ ရှိတဲ့ ကြာဖြူတို့ရဲ့ အိမ်မှာလိုက်နေတဲ့ မမကြီးရဲ့ အိမ်ထောင်ရေးအခြေအနေက ကြာဖြူ မျှော်လင့်သလို ဖြစ်မလာခဲ့ပါဘူး
            အနေအေးပြီး စကားနည်းလို့ လူတော်လေးတစ်ယောက်လို့ ထင်ရတဲ့ ကိုကိုလွင်က ညဘက် ညဘက် အရက်သောက်သောက်လာတတ်တာ … အရက်သောက်လာတိုင်း မမကြီးနဲ့ တိုးတိုးကြိတ်ကြိတ် စကားများကြတာကို အခန်းချင်းကပ်လျက် ကြာဖြူ နဲ့ မမငယ်က အစပိုင်းမှာ သတိမထားမိပေမယ့် နောက်ပိုင်း ရိပ်မိလာခဲ့ရတာ  …
            တိုးတိုးကြိတ်ကြိတ် ကနေ တဖြည်းဖြည်း ကျယ်လာတဲ့ .. ကြီးလာတဲ့ ရန်ပွဲတွေကို ထပ်ကြုံခဲ့ရတာ .
မာနကြီးပြီး စိတ်ဓာတ်မာကျောတယ်လို့ ထင်ရတဲ့ မမကြီးကလည်း မျက်ရည် ကျကျနေတတ်တာ ..
ကြာဖြူ့အတွက်တော့ စိတ်ညစ်စရာကောင်းတဲ့ နေ့ရက်တွေပါပဲ ..
ဒီလိုနဲ့ ဖြတ်သန်းလာခဲ့ရင်း တစ်နေ့မှာတော့ ကြာဖြူ့ဘ၀မှာ ဘယ်တော့မှ မမေ့နိုင်မယ့် .. သိပ်ခြောက်ခြားခဲ့ရတဲ့ … နောင် .. မကြာခဏ အိပ်မက်ဆိုးတွေ မက်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုနဲ့ ကြုံရပါတော့တယ် ..
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
မမကြီးရဲ့ ပူညံပူညံ အသံကို စကြားရကတည်းက ဒီနေ့လည်း စာကျက်ပျက်ဦးမယ် ဆိုတာ ကြာဖြူ တွေးမိလိုက်တယ်
“မင်း မကျေနပ်ရင်လည်း ကိုယ် မတတ်နိုင်ဘူး သရဖီ .. ကိုယ် ဒီထက်ပိုပြီး မရှင်းပြနိုင်ဘူး”
“ဘာပြောတယ် ကိုကိုလွင် .. ရှင့်ဘက်က မှန်နေတယ်ဆိုရင် ရှင် ရှင်းရှင်းလင်းလင်း ရှင်းပြလေ .. ရှင် မှားနေလို့ ရှင်းမပြနိုင်တာပေါ့”
“အဖြစ်မှန်ကို ကိုယ် ပြောထားတယ်လေ .. သက်စုလွင် ဆိုတာ ကိုယ့်ဆရာရဲ့တူမလေး .. အလုပ်ဝင်ကာစမို့ အစစအရာရာ ကိုယ်က သင်ပေးနေရတာ .. အဲဒါကို ဘယ်နှစ်ခါ ထပ်ပြောရမှာလဲ”
“သြော် … အလုပ်သင်တာက အအေးဆိုင်ထိုင်နည်း ကော်ဖီဆိုင်ထိုင်နည်းတွေပါ ပါတယ်ပေါ့လေ …. ထားပါတော့ စားသောက်ဆိုင်မှာ အတူတူထိုင်တဲ့အထိ ရှင့်ကို ကျွန်မ နားလည်မပေးချင်ပေမယ့် လက်ခံထားပါသေးတယ် .. အခု ရှင်တို့က ရုပ်ရှင်ရုံကို ဘာသွားလုပ်တာလဲ .. အဲဒါကိုရော ရှင် ဘာပြောမလဲ”
“အဲဒါ မင်း မှားနေတာလေ .. ကိုယ်တို့ ဘယ်တုန်းကမှ ရုပ်ရှင်အတူမကြည့်ဖူးဘူး .. မင်း စွပ်စွဲချက်တွေ လွန်နေပြီ သရဖီ .. မင်း ကိုယ့် သိက္ခာကို အတော်လေး စော်ကားလွန်းနေပြီ”
“ဟင်းဟင်း .. သိက္ခာ ဟုတ်လား … ရှင့်မှာ သိက္ခာဆိုတာ ရှိသေးတယ်ပေါ့ … တန်ရာတန်ရာ ပြောစမ်းပါ ကိုကိုလွင် .. ကျွန်မ နားခါးတယ်ရှင့်”
“တော်စမ်း သရဖီ .. မင်း ဒီလောက်ထိ ကိုယ့်ကို မယုံကြည်မှတော့ ကိုယ်တို့ ဘာလို့ အတူဆက်နေကြဦးမှာလဲ .. မင်း ဒီလောက် သဘောထား သေးသိမ်မှန်း ကိုယ် ဘာလို့ စောစော မသိခဲ့ရတာပါလိမ့်”
"သြော် .. ရှင်က ဒီစကားတောင် ပြောလာပြီပေါ့ .. သွားပါရှင် သွားပါ .. ကလေးတစ်ယောက်ကို အဖေမပါဘဲလည်း ကျွန်မပြုစုပျိုးထောင်နိုင်တယ်ဆိုတာ ပြရတာပေါ့"
"မင်းလို အသိတရားမရှိတဲ့ အမေရဲ့ လက်ထဲမှာ ငါ့သားကို မထားခဲ့နိုင်ဘူးကွ .. သားကို ငါ ခေါ်သွားမယ်"
တကယ်ပဲ ကိုကိုလွင် က ထွက်သွားတော့မယ် ထင်တယ် .. ကလေးငိုသံပါကြားရလို့ ကြာဖြူ အခန်းတံခါးလေးကို ဟပြီး ကြည့်တော့ သားသားက ကိုကိုလွင်လက်ထဲမှာ .. မမကြီး က အတင်း လိုက်လု .. ကလေးက ငို .. ကြာဖြူ နဲ့ မမငယ်လည်း ဘာလုပ်ရမှန်းမသိဘူး .. အမျိုးတစ်ယောက် နာရေးကို သွားနေတဲ့ မေမေ့ကိုပဲ စိတ်ထဲက သတိရတယ်။ ကိုကိုလွင်ကလည်း မမကြီးကို ကလေးလုံးဝ ပြန်မပေးဘူး .. ဒီလိုနဲ့ လှေကားနား ရောက်တဲ့အထိပဲ .. ရုန်းရင်းဆန်ခတ်နဲ့ တိုင်းပြည်ပျက်နေသလိုပါပဲ .. မမကြီးက ပိုပြီး ဒေါသတွေ ဖြစ်လာတယ်ထင်တယ် .. လက်တစ်ဖက်က ကလေးကို အတင်းဆွဲရင်း တစ်ဖက်က ကိုကိုလွင့်ကို လှမ်းရိုက်လိုက်တယ်… အသားနာသွားတဲ့ ကိုကိုလွင်ကလည်း ရှိသမျှအားနဲ့ ကလေးကို အတင်း ပြန်အဆွဲ ..
အားးးးးး
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
အားးးး
"ကြာဖြူ .. အိပ်မက်ဆိုးတွေ မက်နေတာလား .. ထထ ရေလေးသောက်လိုက် .. နေရောကောင်းရဲ့လား .. နင်တစ်ယောက်တည်း ကားစီးလို့ ဖြစ်ပါ့မလား"
မိခိုင် ပေးတဲ့ ရေကို သောက်ရင်း မျက်ရည်တွေပါ ထပ်ကျလာမိပြန်ပါတယ် .. ရက်တွေ လတွေ နှစ်တွေ ပြောင်းပေမယ့် အဲဒီအဖြစ်အပျက်ကို ခဏခဏ အိပ်မက်မက်တယ် ။ လန့်နိုးတိုင်းလည်း တစ်ခါ ထပ်ငိုရပြန်ရော ..
ကိုကိုလွင် သောက်တဲ့ အရက်ကြောင့်လား ..  စိတ်အရမ်းကြီးတဲ့ မမကြီးရဲ့ဒေါသကြောင့်လား .. ကိုကိုလွင် ရဲ့ မပြတ်သားတဲ့ အရှုပ်အထွေးတွေကြောင့်လား … မစူးစမ်း မဆင်ခြင်ဘဲ အပြစ်တင်လွယ်တဲ့ မမကြီးကြောင့်လား … ဒါမှမဟုတ် ဒါတွေအားလုံးကြောင့်ပဲလား ကြာဖြူ ဝေခွဲမရခဲ့ပေမယ့် အဲဒီညက အဖြစ်အပျက်မှာ ကြာဖြူ့ မမကြီးကို ဆုံးရှုံးခဲ့ရပါတယ်။ အရှိန်လွန်ပြီး လှေကားကနေ အောက်ထပ်အထိ ကျသွားခဲ့တဲ့ မမကြီး အဖြစ်က သွေးအိုင်ထဲမှာ တကယ့်ကို မမြင်ရက်စရာ ..
ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် မေမေ့အတွက်ကတော့ သူ့အယူအဆကို ပိုမို စွဲမြဲသွား စေပါတော့တယ် .. မမကြီးဆုံးသွားပြီးတော့ ကျန်ခဲ့တဲ သမီးနှစ်ယောက်ထဲမှာ ကြာသပတေးနေ့မှာ မွေးတဲ့ မမငယ်အတွက် ဘာမှ မထူးခြားပေမယ့် မမကြီးလိုပဲ တနင်္ဂနွေနေ့မှာ မွေးခဲ့တဲ့ ကြာဖြူ့အတွက် ဗုဒ္ဓဟူးသားကို အိမ်ထောင်ဖက်အဖြစ် မရွေးဖို့ .. ဗုဒ္ဓဟူးသားကို ရှောင်ဖို့ မေမေ့ကို ကတိ အထပ်ထပ် ပေးခဲ့ရတယ်လေ … ကြာဖြူကိုယ်တိုင်လည်း ခေတ်လူငယ်ဆိုပေမယ့် မပြေးသော်လည်း ကန်ရာက ရှိတာမို့ .. စိတ်ထဲမှာ ဗုဒ္ဓဟူးသားဆိုတာကို မှင်နီတား ကြက်ခြေခတ်ခဲ့ပါတယ် မောင်ရယ် .. မောင့် ကိုလည်း မှတ်ပုံတင်နဲ့ ရက် (၁၀၀) ပြက္ခဒိန်မှာ တိုက်ပြီး ဗုဒ္ဓဟူးသား မဟုတ်ဘူးလို့ သေချာစိတ်ချခဲ့လို့ ချစ်သူအဖြစ် ရွေးချယ်ခဲ့တာပါ .. အဲဒီအချိန်ကတည်းကသာ အမှန်သိခဲ့ရရင် ကြာဖြူ ဘယ်လောက်ပဲ ချစ်နေပါစေ ရွေးချယ်ခဲ့မိမှာ မဟုတ်ပါဘူး မောင် ရယ် .. ကြာဖြူ မောင့်ကို ချစ်တယ်ဆိုတဲ့အကြောင်း ပြောခဲ့မိမှာ မဟုတ်ပါဘူး ….
ဒီအကြောင်းတွေကို ကြာဖြူ ဘယ်လို အင်အားမျိုးနဲ့ မောင့်ကို ပြောပြရပါ့မလဲ .. ဒီလိုအကြောင်းပြချက်မျိုးကို မောင် ကရော လက်ခံနိုင်ပါ့မလား .. ဟာကွာ .. အဓိပ္ပါယ်မရှိတာ လို့ အကျယ်ကြီး ထအော်လိုက်မှာကို ကြာဖြူ သိနေခဲ့ပါတယ် မောင် .. ပြီးရင် မကျေမနပ်နဲ့ ကြာဖြူ့အယူအဆ မှားနေတဲ့အကြောင်း ကျန်တဲ့သူငယ်ချင်းတွေကို ၀ိုင်းပြီး ဖြောင်းဖျခိုင်းမယ် .. လိုအပ်ရင် ဆရာ/ဆရာမ တွေကိုပါ မောင် ပြောပြတော့မှာလေ .. အဲဒီအခါ ကြာဖြူ ခံစားနိုင်မယ် မထင်ဘူး မောင် .. ဒါကြောင့်မို့ ကြာဖြူ တိတ်တိတ်ကလေးပဲ ထွက်လာခဲ့တာပါ .. နားလည်မပေးနိုင်တာကို သိပေမယ့် မောင့် ဆီက ခွင့်လွှတ်မှုလေးတော့ ရချင်သားကွယ် ..
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
♪ ♫ ဘယ်ဆီကို မင်းရောက်နေလဲ ♪ ♫ ဘာတွေကို မင်းလုပ်နေလဲ ♪ ♫ ဘယ်သူနဲ့ မင်းရှိနေလဲ ♪ ♫ တွေးမိပါတယ် ♪ ♫ လွမ်းမောရင်းနဲ့ ♪ ♫ စဉ်းစားရင်းနဲ့ ♪ ♫ တစ်ခါတစ်လေ သတိရပါတယ် ♪ ♫
သီချင်းသံကို ကြားတော့ သတိရလိုက်တာ မောင် ရယ် .. ၆ နှစ်ဆိုတဲ့အချိန်အတွင်းမှာ မောင် ဘာတွေ ပြောင်းလဲသွားပြီလဲ ကြာဖြူ သိချင်လိုက်တာ .. ကြာဖြူကတော့ စွဲလမ်းမိတဲ့ ဥပါဒန်ကြောင့် ခါးသီးတဲ့အလွမ်းတွေကို ရင်ထဲမှာ အပြည့်အသိပ် ထည့် သယ်ရင်းနဲ့ပဲ ခြောက်သွေ့တဲ့ ရက်တွေကို တစ်ယောက်တည်း ဖြတ်သန်းခဲ့ပါတယ် ...
မောင် အရမ်းချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်နဲ့ လက်ထပ်တော့မယ်ဆိုတာရယ် .. အိမ်ပြောင်းသွားတယ်ဆိုတာရယ်ကိုတော့ မိခိုင် နဲ့ နောက်ဆုံးတစ်ခေါက် တွေ့တုန်းက သိခဲ့ရတယ် .. အဲဒီသတင်းကြားတုန်းက ဘယ်တော့မှ ပြန်ဆုံနိုင်ခွင့်မရှိတော့ဘူးဆိုတာ သေချာသိခဲ့ရပေမယ့် ကြာဖြူ မောင့် အတွက် ၀မ်းသာခဲ့တာအမှန်ပါ .. ခုလောက်ဆိုရင်တော့ မောင်လည်း မိသားစု သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်ရွှင်နေလိမ့်မယ်လို့ ကြာဖြူ မျှော်လင့်ပါတယ်လေ … မောင့် ကို ထားခဲ့ပြီး ၁ လအကြာ မောင့်မွေးနေ့ မှာ ပို့ပေးခဲ့တဲ့ ဖိတ်စာအတု တစ်စောင်ကြောင့် ကြာဖြူ မောင့်အပေါ် သစ္စာမဲ့ပြီး လက်ထပ်ခဲ့ပြီးပြီလို့ မောင်ကတော့ ထင်နေမှာပဲနော် ..
တစ်ခါတစ်လေတော့လည်း ကြာဖြူ့ ဆုံးဖြတ်ချက်တွေ မှားခဲ့သလားလို့ တွေးမိတယ် .. အဲလိုတွေးမိတိုင်းလည်း ပါးပြင်ပေါ်ကို ခပ်နွေးနွေးအရာတွေ ကျလာတယ် .. နောင်တမျက်ရည်ဆိုတာမျိုး ထင်ပါရဲ့ မောင်ရယ် ..
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
“ဒါဆို .. ကြာဖြူက ခုထိ လက်မထပ်ရသေးဘူးပေါ့ ဟုတ်လား မမငယ်”
“ဟုတ်တယ် ညီ .. ကြာဖြူက ညီ့ကို သိပ်ချစ်ရှာတာပါ .. မေမေရဲ့ အယူအဆတစ်ခုရယ် .. မမကြီးရဲ့ အဖြစ်အပျက်ရယ်ကြောင့် ညီ့ကို သူ လမ်းခွဲခဲ့တာ”
“ဒါမျိုးတွေကို ကြာဖြူက လက်ခံသတဲ့လား မမငယ် .. ကျွန်တော်တော့ လက်မခံနိုင်ဘူး”
“ညီ လက်မခံနိုင်တာကို ညီမလေးက သိနေခဲ့တယ်လေ .. ဒါကြောင့်လည်း သူ ဘာကိုမှ မရှင်းပြဘဲ တိတ်တိတ်ကလေး ထွက်လာခဲ့တာ”
“အိမ်ပြန်ရောက်တော့ မမငယ်ကို ပြန်ပြောပြပြီး ငိုလိုက်တာလေ .. သိပ်သနားဖို့ကောင်းတာပဲ .. ဒါနဲ့ .. ညီ ကရော ဘာလို့ လက်မထပ်ဖြစ်တာလဲ”
“အဟင်း .. ဒီအရွယ်ရောက်မှ ပြောရတာလည်း ခပ်ရှက်ရှက်ပဲ မမငယ်ရ .. တကယ်တော့ အချစ် မပါတဲ့ အိမ်ထောင်ရေးကို ကျွန်တော် ဘယ်လိုမှ လက်မခံနိုင်ခဲ့တာပါ .. ကြာဖြူ ကျွန်တော့်ကို ခြေရာဖျောက်သွားတဲ့အချိန်မှာ ကျွန်တော် အရမ်းခံစားရတာလေ .. မငယ်တို့မြို့ကို ကျွန်တော်လိုက်လာဖို့ စီစဉ်နေတဲ့အချိန်မှာပဲ ကြာဖြူ့မင်္ဂလာဆောင်ဖိတ်စာ ကျွန်တော့်လက်ထဲရောက်လာခဲ့တယ် .. လူက လေပြီး စာထဲလည်း စိတ်မပါ … အလုပ်လုပ်ဖို့ ခြေလှမ်းစထားတာတွေလည်း ဘာမှ မလုပ်နိုင်ဘူး .. ကျွန်တော် စာမေးပွဲ တစ်နှစ်ကျသွားတယ် မမငယ် .. အဲဒီမှာ ကျွန်တော့်ဘ၀ထဲကို သော်တာ ရောက်လာခဲ့တာ .. ကျွန်တော့်ကို စာပြပေးရင်း .. ကြာဖြူ့ကြောင့် လေနေတဲ့ ကျွန်တော့်ကို နှစ်သိမ့်ပေးခဲ့တယ် .. မိဘချင်းကလည်း လုပ်ငန်းတူ ဖြစ်နေတော့ ကျွန်တော်တို့ လက်ထပ်ဖို့ အထိ စီစဉ်ဖြစ်ကြတာပါ .. ဒါပေမယ့် မမငယ်ရယ် .. ကျွန်တော် ခုနက ပြောသလိုပါပဲ .. တကယ်တမ်း လက်ထပ်ကြတော့မယ်ဆိုတော့ ကျွန်တော် သော်တာ့ကို မချစ်တာ သေသေချာချာ သိလာတယ်.. အဲဒီအချိန်မှာ ကြာဖြူ့ကိုလည်း ပိုပြီး သတိရတယ် .. နောက်ဆုံးတော့ သော်တာကိုယ်တိုင်ကလည်း ကျွန်တော့်စိတ်ကို သိသွားလို့ နှစ်ဖက်မိဘတွေကို အသေအချာရှင်းပြပြီး လက်ထပ်ဖို့ ကိစ္စကို ဖျက်သိမ်းခဲ့တာပါပဲ မငယ်”
“အဲဒီကိစ္စတွေကြောင့် ဖေဖေ နဲ့ မေမေ က ကျွန်တော့်ကို ခုထိ အမြင်မကြည်လင်လို့ ဒီမြို့မှာ ကျွန်တော့်သူငယ်ချင်းနဲ့ အလုပ်အတူတူ တွဲလုပ်နေတာ”
“ဖြစ်ရလေ ညီရယ် .. မငယ် စိတ်မကောင်းလိုက်တာ .. ညီမလေးနဲ့ ညီညီ သိပ်ချစ်ကြရက်နဲ့ကွာ”
“ဒါနဲ့.. မငယ်ကရော .. ဒီမြို့ကို ဘယ်လိုလုပ်ရောက်နေရတာလဲ”
“မငယ်အမျိုးသားက ဒီမြို့သားလေ .. မငယ်လည်း အိမ်ထောင်ကျပြီးကတည်းက သူနဲ့ လိုက်နေတာ .. သူ့မိဘတွေနဲ့ အတူတူဆိုပါတော့ .. တိုက်ဆိုင်တာ တစ်ခုကို ပြောပြရဦးမယ် သိလား .. မငယ်ရဲ့ ယောက္ခမတွေကလေ တနင်္ဂနွေ နဲ့ ဗုဒ္ဓဟူး လက်ထပ်ထားကြတာ ညီညီရဲ့ .. တစ်ခါတစ်ရံ စကားကတောက်ကဆ များပြီး သေးသေးမွှားမွှား ရန်ဖြစ်တတ်တာကလွဲရင် သိပ်အားကျဖို့ကောင်းတဲ့ အိမ်ထောင်ရေးပါ ညီရယ် .. ဒီအသက်အရွယ်အထိကို တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေနဲ့ ဂရုစိုက်ကြဆဲပဲ .. အဲဒါကိုမြင်တော့ မမတို့ ပိုနောင်တ ရမိတယ် .. မငယ်တင်မကဘူး .. မေမေပါ စိတ်မကောင်းဖြစ်နေတယ်လေ ..
အဖြစ်အပျက်ဆိုးတစ်ခုကြောင့် စွဲမြဲသွားမိတဲ့ အယူအဆမှားတစ်ခုကြောင့် ညီညီ နဲ့ ညီမလေးတို့ ခံစားခဲ့ကြရတာ
မေမေလည်း အခုတော့ တရားစခန်းတွေ ၀င်ပါများတော့ အရင်လို အယူမသည်းတော့ဘူးလေ .. မမကြီးရဲ့ အဖြစ်အပျက်က ဖြစ်ချိန်တန်လို့ ဖြစ်ခဲ့ရတာဆိုတာကို လက်ခံနိုင်ခဲ့ပြီပေါ့”
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
ဖြစ်ရလေ ကြာဖြူရယ် .. ကြာဖြူ့ကို မောင် သနားလိုက်တာ .. ဘယ်လောက်တောင် ခံစားနေရမလဲကွာ .. မောင် အထင်လွဲခဲ့မိတာတွေအတွက် တောင်းပန်ချင်တယ် .. ကြာဖြူ ပို့လိုက်တဲ့ ဖိတ်စာတစ်စောင်ကြောင့် ကြာဖြူ မောင့်အပေါ် သစ္စာဖောက်တယ်ဆိုပြီး သော်တာနဲ့ လက်ထပ်ဖို့ စီစဉ်မိခဲ့တာပါ .. မောင် မုန်းသွားအောင် လုပ်ကြံဖန်တီးခဲ့တဲ့ ဖိတ်စာမှန်းသာ သိခဲ့ရင်လေ ကြာဖြူ ဘယ်နေရာပဲ ရောက်နေနေ မောင် လိုက်ရှာခဲ့မှာပါ .. ကြာဖြူရယ် ခုတော့ မောင် တို့ အကြာကြီး ခွဲနေရတယ်ကွာ ..
ကုန်သွားတဲ့ အချိန်တွေကို မောင် နှမြောမိတယ်
တစ်သက်လုံး အနားမှာ ဂရုစိုက်မယ် .. ခွဲနေရတဲ့အချိန်တွေကို အတိုးချပြီး မောင် ပိုဂရုစိုက်ပါမယ် ကြာဖြူရယ် ..
"သေဆုံးသွားတဲ့ ညီမလေးရဲ့ နှလုံးသားကို ပြန်ပြီး အသက်သွင်းပေးဖို့ ညီညီ တစ်ယောက်ပဲ တတ်နိုင်မှာပါ .. မငယ် တောင်းဆိုပါတယ် ညီညီ ရယ် .. ခြောက်သွေ့နေတဲ့ ညီမလေးရဲ့ ဘ၀လေးကို ပြန်ပြီး လှည့်ကြည့်ပေးပါ"
မမငယ် ရဲ့ စကားတွေကို ပြန်လည် ကြားယောင်နေမိတော့ မောင့် ခြေလှမ်းတွေ မြန်လာတယ် ကြာဖြူ
မောင့်ကို မြင်ရင် ကြာဖြူ ဘယ်လိုခံစားရမလဲ မောင် သိချင်လိုက်တာ
ဘာမှမဖြစ်သလိုပုံစံမျိုး နဲ့ နှုတ်ဆက်ဦးမှာလား ကြာဖြူ ..
မရတော့ဘူး ကြာဖြူရယ် .. အခုအချိန်ကစပြီး ကြာဖြူ အရင်လို မခံစားစေရတော့ဘူး .. အရင်ထက် ဆတိုးတဲ့ အချစ်တွေနဲ့ မောင် တို့ ချစ်ကြမယ် .. ပိုပြီး တန်ဘိုးထားကြမယ်နော် ..
မောင် လာနေပြီ ကြာဖြူ ..  အယူအဆ တစ်ခုအတွက်နဲ့ အချစ်ကို စတေးခဲ့ရတဲ့ မောင့် ရဲ့ အချစ်သခင်မလေးကို ဒဏ်ပေးဖို့ မောင် ကြာဖြူဆီ ရောက်အောင် လာနေပါပြီ ..
ဘယ်တော့မှ မောင့်အနားက ထွက်မသွားတော့ဖို့ပေါ့ ....
♥ ♥ ♥ ♥ ♥  End ♥ ♥ ♥ ♥ ♥ ♥
ပြီးအောင်ဖတ်ပေးတဲ့သူတိုင်းကို ကျေးဇူးတင်ပါ၏ .. :D
                                                                                                                                                                     သံစဉ်ဖြူဖြူ
၂၇.၇.၂၀၁၁
Wednesday, September 19, 2012
အမြင်ကျဉ်းခြင်း
♦♦ ကောင်းကင်ကြီး ပြာလွင်နေတာ အဆုံးမရှိဘူးတဲ့လား
    တိမ်တွေ ရောင်စုံတောက်ပနေသတဲ့လား
♦♦ မျက်စိတစ်ဆုံးထိကြည့်ပေမယ့်
    အန်ဂယ် တစ်ခုအတွင်းမှာတော့
    ကောင်းကင်က ကျဉ်းမြောင်းနေခဲ့
♦♦ အလင်းရောင်တွေ ဖြာဝေနေလို့
    တစ်နေရာမှာတော့ နေသာနေပါလိမ့်မယ်
     ဒီမယ် .. ဒီမယ်
     ရပ်တည်ခွင့်ရတဲ့နေရာကို ရွှေ့
     မြင်သာတဲ့ နေရာသာ တွေ့နိုင်ခဲ့မယ်ဆိုရင်
     ကျုပ်လည်းလေ
     မိုးကုတ်စက်ဝိုင်းအဆုံးထိ မြင်အောင်ကြည့်နိုင်လိမ့်မယ်ထင်ပါရဲ့ ~~
                                                              သံစဉ်ဖြူဖြူ
                                                             ၁၉.၉.၂၀၁၂
အန်ဂယ် (angle) ~~ ရှုထောင့်
Monday, August 20, 2012
အသံလုံခန်းထဲက တေးသွားတစ်ပုဒ် (သို့မဟုတ်) လွင့်ပျံ့ခွင့်မရှိတဲ့ သံစဉ်
စိမ်းမြမြသွေးကြောမျှင်ရေးေ
ရးနဲ့
နူးညံ့တဲ့ ပါးပြင်လေးထက်မှာ
ပါးလျလျနှုတ်ခမ်းတစ်စုံနဲ့
ခပ်ဖွဖွ နင်းလျှောက်ချင်ခဲ့မိ ~~
ကိုယ့်ကိုယ့်ကို ပိတ်လှောင်ထားတဲ့
စည်း နဲ့ ဘောင် ကို ကျော်ခွင့်ရခဲ့မယ်ဆိုရင် ~~
ကောင်ကလေးရေ
ကျေးဇူးပြုပြီး
မင်းရဲ့ မျက်ဝန်းတံခါးလေး ပိတ်ထားလိုက်ပါကွယ် ~~
                                          သံစဉ်ဖြူဖြူ
                                       (၁၁.၈.၂၀၁၂)
Thursday, August 9, 2012
ညီမ ငယ်လေး သို့
ညီမငယ်လေးရေ ...
ငါလေ ..
နင့်အတွက် စံပြ မဖြစ်နိုင်ရင်တောင်မှ
တစ်လမ်းဝင် တစ်လမ်းထွက်ပြီး
လမ်းမှန်ဆို ညွှန်ပြ
လမ်းမှားဆို စည်းချပေးနိုင်တဲ့
နင့်ရဲ့ လမ်းပြ အစ်မမျိုး ဖြစ်ချင်ပါတယ် ♦♦♦
                                           ချစ်ခြင်းများစွာဖြင့်
                                            နင့်ရဲ့ မမငယ်
                                            သံစဉ်ဖြူဖြူ
                                            ၈.၈.၂၀၁၂
Thursday, July 19, 2012
ဝမ်းနည်းခြင်းကွင်းပြင်ထဲက အလင်းပွင့်များ
သက္ကရာဇ် က ၂၀၁၂
ဇူလိုင်လ (၁၉) ရက်
သြော် .. (၆၅) နှစ်တောင် ပြည့်ခဲ့ပါပကော ♦♦
ကိုယ်တိုင် အဖြစ်အပျက်ကို မသိ မမီလိုက်ရပေမယ့်
သိမီသူတို့ရဲ့ ခံစားချက်များကို တဆင့်ကြားရ ♦♦ တဆင့်မြင်ရ သည်မှာ ၀မ်းနည်းဖွယ် အတိပါပဲ ♦♦
ကလေးဘ၀က
အဖေ့ရုံးရှေ့က တလွင့်လွင့်လူနေမြဲဖြစ်တဲ့ နိုင်ငံတော်အလံ တိုင်အပေါ်ထိမရောက်လို့ စူးစမ်းမိတော့
ပြောပြခဲ့တဲ့ အဖေ့ရဲ့ ပါးစပ်ရာဇ၀င်ထဲမှာ ပထမဦးဆုံးအကြိမ် ၀မ်းနည်းခဲ့ဖူးတယ် ♦♦
အဖေ့ရုံးတင် မဟုတ်ဘဲ ကိုယ်နေတဲ့အိမ်အပါအ၀င် ရပ်ကွက်တိုင်း၊ လမ်းတိုင်း၊
အိမ်တိုင်း အိမ်တိုင်းမှာ နိုင်ငံတော်အလံကို တိုင်တစ်ဝက်ထိ လွှင့်ထူထားပြီး
ဝမ်းနည်းမှုကို ဖော်ပြကြတာကို သိခဲ့ရတယ် ♦♦
မနက်ပိုင်း ထမင်းစားဖို့ ပြင်ဆင်နေဆဲမှာ ရေဒီယိုက လွှင့်တဲ့ ဥသြဆွဲသံကို ကြားရတဲ့အခိုက်
အမေ လုပ်လက်စ အလုပ်ကို ရပ်တန့်
အစ်ကိုတွေ အစ်မတွေကလည်း ရောက်နေတဲ့နေရာမှာ ရပ်တန့်လို့
ကျွန်မကိုလည်း မတ်တပ်ရပ်ပြီး ခဏငြိမ်နေစေခဲ့တယ် ♦♦
ဘာကြောင့်လဲ မေးကြည့်တော့ လွတ်လပ်ရေးရဖို့ ကြိုးပမ်းနေရင်းနဲ့ ကျဆုံးခဲ့ရတဲ့
ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်တွေကို ဂုဏ်ပြုတာလို့ သိခဲ့ရပြန်ပါတယ် ♦♦
အရွယ်ရောက်လာတော့ သမိုင်းကြောင်းတွေကို တဖြည်းဖြည်းနဲ့ ပိုသိလာခဲ့ရပေမယ့်
ဥသြဆွဲသံတွေ၊ အခမ်းအနားနဲ့ အလေးပြုရတဲ့ အဖြစ်အပျက်တွေက တဖြည်းဖြည်း ဝေဝါးလာခဲ့တယ် ♦♦
ဒီလိုနဲ့ ညီမလေးတွေ မောင်လေးတွေ ရလာတဲ့အခါမှာ ကိုယ်က အစ်မကြီးနေရာ ရောက်ခဲ့ရတယ် ♦♦
အစ်မကြီး တာဝန်ပေမို့ အသိပညာလေးတွေ လက်ဆင့်ကမ်းတဲ့အခါတိုင်းမှာ
သူတို့ မဆင်နွှဲဖူးတဲ့ အခမ်းအနား ကို အတွေးထဲမှာ မြင်ယောင်စေခဲ့ရတယ် ♦♦
သူတို့ မကြားဖူးတဲ့ ဥသြဆွဲသံ ကို နှလုံးသားနဲ့ နားဆင်စေခဲ့ရတယ် ♦♦
ဘယ်လိုပဲ မြင်အောင် ပြောပြော ဘယ်လောက်ပဲ ကြားအောင် ပြောပြော
သူတို့လေးတွေရဲ့ အသိစိတ်ထဲမှာ စွဲစွဲမြဲမြဲ မရှိမှာ
သမိုင်းတွေ ဝေဝါးသွားမှာ
ကျွန်မ စိုးရိမ်နေမိခဲ့ပါတယ် ♦♦
♦♦♦►►♦◄◄♦♦♦
ဒီနေ့မှာတော့ ကျွန်မ စိုးရိမ်မှုတွေ သက်သာရာ ရခဲ့ပါပြီ ♦
မနက် မိုးမလင်းခင်ကတည်းက ပုဆိုးနဲ့ တိုက်ပုံကို သပ်သပ်ရပ်ရပ် ၀တ်ပြီး အခမ်းအနားသွားဖို့ ပြင်နေတဲ့ မောင်လေးတွေ
တစ်ရက်ကြိုပြီး ပန်းခွေတွေကို ကြိုတင် စီစဉ်နေတဲ့ ညီမလေးတွေ
သူတို့လေးတွေရင်ထဲက အာဇာနည်တွေကို ချစ်တဲ့စိတ်၊ လေးစားတဲ့ စိတ်တွေကို ကျွန်မ မြင်ခဲ့ရပါပြီ ♦♦
ကြည့်လို့မဝ၊ ရှုလို့မဝ တဲ့ မြင်ကွင်းပါပဲ ♦
အာဇာနည်တို့ရဲ့ ဓာတ်ပုံတွေကို ပန်းခွေတွေ၊ ပန်းခြင်းတွေနဲ့ အလှဆင်လို့
ညီညီညာညာနဲ့ တန်းစီလို့ ချီတက်လာကြတာ ♦♦
ကျွန်မ စိုးရိမ်မိတဲ့
ကျွန်မတို့ရဲ့ မျိုးဆက်သစ်ကလေးတွေလေ
မျက်နှာကြည်ကြည်လင်လင်လေးတွေနဲ့ အာဇာနည်တွေကို ဂုဏ်ပြုနေကြတာ ♦♦
သူတို့ မမေ့ကြဘူး၊ သူတို့ မမေ့ကြဘူး၊ သူတို့ မမေ့ကြပါဘူး။
ဥသြဆွဲသံကြားရတဲ့အချိန်မှာ ကျွန်မ သူတို့နဲ့အတူတူ ငြိမ်သက်
အာဇာနည်ခေါင်းဆောင်တွေရဲ့ ဂုဏ်တွေကို ရည်မှန်းလို့
ခေါင်းကိုညွှတ်လို့ အလေးပြုမိတဲ့အချိန်မှာ
ကြွေကျလာတဲ့ မျက်ရည်တစ်စက်
နေရောင်နဲ့ ထိတွေ့တော့ လင်းလက်တောက်ပလို့ ♦♦
►►♦◄◄
►►♦◄◄
ဝမ်းနည်းဖွယ်ရာ ကွင်းပြင်တစ်ခုမှာ
မျှော်လင့်ခြင်းတွေ ရှင်သန်လို့
အလင်းပွင့်တွေ ဖြာဝေနေခဲ့ပါတယ် ♦♦
►►♦◄◄
သံစဉ်ဖြူဖြူ
၁၉.၇.၂၀၁၂ (ကြာသပတေးနေ့)
အာဇာနည်နေ့
Monday, July 9, 2012
အင်တာဗျူး
 ပြတိုက်ရဲ့ မေးချင်ရာမေး ဖြေချင်ရာဖြေ အစီအစဉ်လေးမှာ မေးခွန်းလေးတွေ မေးဖို့ ကျွန်တော် မောင်လွှမ်းမိုးကို ပြတိုက် အဒ်မင် အဖွဲ့မှ တာဝန်ပေးတဲ့အတွက် ပြတိုက်ခန်းမကို လာခဲ့ပါတယ်။
ပြတိုက်သူ ချောချောလေးတွေကို ငေးရင်းနဲ့ ဘယ်သူ့ကို မေးရင်ကောင်းမလဲ စဉ်းစားပါတယ်။
ငေးရင်းနဲ့ စည်ပိုင်းတစ်လုံးကို မမြင်ဘဲ တက်နင်း မိပါတော့တယ်။
“အောင်မြတ်လေးး”
အော်သံကြားမှတက်နင်း မိတာ စည်ပိုင်းမဟုတ်ဘဲ ပြတိုက်မှာ ခဏခဏ တွေ့တွေ့နေရတဲ့ သံစဉ်ဖြူဖြူ ဖြစ်နေမှန်း သိလိုက်တယ်။ ဒါနဲ့ပဲ သူ့ကိုပဲ မေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
လွှမ်းမိုး ►► မင်ဂါဘာ ခညာ
သံစဉ်ဖြူဖြူ ◄◄ မင်္ဂလာပါ
လွှမ်းမိုး ►► ပြတိုက် တံခါးဝ မှာ ဘာလုပ်နေတာလဲ
သံစဉ်ဖြူဖြူ ◄◄ ကွန်နက်ရှင် စောင့်ရင်း အိပ်ပျော် သွားတာ
လွှမ်းမိုး ►► သြော် ...ဟုတ်ကဲ့ ..ကျွန်တော် တို့ ပြတိုက် ရဲ့ မေးချင်ရာမေး ဖြေချင်ရာဖြေ အစီအစဉ်အတွက်
မမသံစဉ် ကို မေးခွန်းလေး နည်းနည်း မေးပါရစေ
သံစဉ်ဖြူဖြူ ◄◄ အင်း... ဖြေချင်တာ ဖြေလို့ရတယ်ဆိုရင်တော့ မေးချင်တာသာမေး
လွှမ်းမိုး ►► မမသံစဉ်က ပြတိုက်မှာ စာတွေရေးတယ်လို့ သိရပါတယ်။ ဒီလို ဘလော့ဂါတစ်ယောက်ဖြစ်လာဖို့ ဘယ်လို ကြိုးစားခဲ့ရပါသလဲ မမ။
သံစဉ်ဖြူဖြူ ◄◄ ဒီလို စာတွေရေးနိုင်ဖို့ မမ အများကြီး ကြိုးစားခဲ့ရပါတယ်။ အင်တာနက်ဆိုင်ကို ပုံမှန်သွားပါတယ်။ ပထမဆုံး ချက်တင်သုံးရင်းနဲ့ လက်ကွက်မြန်လာအောင် လေ့ကျင့်ခဲ့ပါတယ်။
ပြီးတော့ ပြတိုက်မှာ မန်ဘာဝင်ခဲ့ပါတယ်။ ဟိုနေရာ ဒီနေရာက ကောင်းနိုးရာရာလေးတွေ ကူးပြီး တင်ရင်းနဲ့ ခုလိုမျိုး ဘလော့ဂါ ဖြစ်လာခဲ့ပါတယ် မောင်လေး။
လွှမ်းမိုး ►► စာရေးတဲ့အခါ စာလုံးပေါင်းသတ်ပုံက အရေးကြီးတယ်လို့ သိရပါတယ် မမ။ အဲဒီအတွက်ရော ဘယ်လိုများ ပြင်ဆင်ခဲ့ပါသလဲ ခင်ဗျာ
သံစဉ်ဖြူဖြူ ◄◄ စာရေးတဲ့အခါမှာ စာလုံးပေါင်းသတ်ပုံက တကယ်အရေးကြီးပါတယ် မောင်လေး။ အဲဒီအတွက် မမ ရဲ့ အိမ်ဘေးက မူလတန်းကျောင်းမှာ ကလေးတွေနဲ့ အတူတူ မြန်မာစာကို ပြန်သင်ခဲ့ပါတယ်။
လွှမ်းမိုး ►► သတ်ပုံမှားရင် အဓိပ္ပါယ်တွေ လွဲသွားနိုင်တာပေါ့နော် မမ။ ကြုံဖူးတဲ့ အဖြစ်လေးများ ရှိရင် သိပါရစေ မမ
သံစဉ်ဖြူဖြူ ◄◄ အလွဲလေးတွေ ခဏခဏ တွေ့ရပါတယ် မောင်လေး။ အဲဒီထဲက တစ်ခုကတော့ အတော်လေး ဆိုးပါတယ်။ နည်းနည်းညစ်သလိုဖြစ်ခဲ့ရင်တော့ နားနဲ့မနာ ဖ၀ါးနဲ့နာပါ မောင်လေးရေ။ မမလည်း မျက်နှာကို ရေခဲဝတ်ကပ်ပြီး ပြောရမှာပါ။
လွှမ်းမိုး ►► ဟုတ်ကဲ့ ဟုတ်ကဲ့ ပြောပါ မမ။
သံစဉ်ဖြူဖြူ ◄◄ ဒီလိုမောင်လေးရေ။ တစ်ခါက စာရေးတဲ့သူတစ်ယောက်က လူတစ်ယောက်ရဲ့ ပုံပန်းသဏ္ဍာန်ကို ဖော်ပြချင်တော့ နဖူးတွင် ရွေးစေ့ခန့်ရှိသော မှဲ့ကြီးတစ်လုံး ရှိသည်လို့ ရေးလိုက်တာ။
ရကောက်ရဲ့ ခြေထောက်ကို ရှည်ရှည်မဆွဲမိတော့ စာရိုက်တဲ့သူက ဂငယ်ထင်ပြီး မှားရိုက်ပေးသတဲ့။
ရကောက်နေရာမှာ ဂငယ်ရောက်သွားတော့ စာဖတ်တဲ့သူတွေ မျက်လုံးပြူးလေသတည်းပေါ့ မောင်လေးရယ်။
လွှမ်းမိုး ►► ရကောက်နေရာမှာ ဂငယ်ဖြစ်သွားတော့ ????? တိန်
လွှမ်းမိုး ►► မမ က စာရေးကောင်းတာတင်မကဘူး။ လူကလည်း လှတယ်နော်။ ဒီလို လှဖို့အတွက် ဘာဆေးစားပါသလဲ မမ။
သံစဉ်ဖြူဖြူ ◄◄ ရေဆေး စားပါတယ် မောင်လေး
လွှမ်းမိုး ►► ဘယ်လို ။ ဘာကို ရေဆေးစားတာလဲ မမ
သံစဉ်ဖြူဖြူ ◄◄ သြော် .. ဒီလိုပါမောင်လေး။ မမ တို့ ရပ်ကွက်က ဖုန်ထူပါတယ်။ ဒါကြောင့် အသီးအနှံတွေကို ရေဆေးစားရတာပါ။
လွှမ်းမိုး ►► သြော် .. မှတ်သားလောက်ပါပေတယ်
ဒါနဲ့ မမရေ .. အခု အစီအစဉ်လေးက ပြတိုက်ရဲ့ မေးချင်ရာမေး ဖြေချင်ရာဖြေအစီအစဉ်လေးဖြစ်တာမို့လို့ ပြတိုက်နဲ့ ပတ်သက်ပြီး နည်းနည်းမေးချင်ပါတယ် ခင်ဗျာ ..
သံစဉ်ဖြူဖြူ ◄◄ မေးပါ မောင်လေးရေ
လွှမ်းမိုး ►► ပြတိုက်ကို ဘယ်အချိန်တွေမှာ သုံးဖြစ်ပါသလဲ
သံစဉ်ဖြူဖြူ ◄◄ ကွန်ပျူတာ ဖွင့်ထားတာနဲ့ ပြတိုက်ကို အရင်ဆုံး ဖွင့်ဖြစ်ပါတယ် မောင်လေးရေ။ အဲဒီတော့ အချိန်ပြည့်နီးပါး ဆိုပါတော့
လွှမ်းမိုး ►► ဟုတ်ကဲ့ပါ မမ
မမသံစဉ်လိုပဲ ပြတိုက်ကို စွဲစွဲလန်းလန်းနဲ့ အချိန်ပြည့် အသုံးပြုကြတဲ့သူတွေ များတယ်လို့ ကျွန်တော် သတင်းကြားမိပါတယ်ခင်ဗျ
ပြတိုက် ကို အဲဒီလောက်အချိန်ကြာကြာ အသုံးပြုခြင်းကြောင့် ကျန်းမာရေး ထိခိုက်စေနိုင်ပါသလား။
သံစဉ်ဖြူဖြူ ◄◄ သုံးတတ်ရင်ဆေး မသုံးတတ်ရင်ခွေး .... အဲလေ .. မသုံးတတ်ရင် ဘေး ဖြစ်တယ်ဆိုသလိုပေါ့။ ပြတိုက်ကို မှန်မှန် သုံးခြင်းအားဖြင့် ကျန်းမာရေးကောင်းနိုင်ပါတယ် မောင်လေး
ကျန်းမာရေးသာမက အခြား စီးပွားရေး လူမှုရေး ကိစ္စများပါ အဆင်ပြေချောမွေ့နိုင်ပါတယ်
လွှမ်းမိုး ◄◄ အိုး .. ကျွန်တော် စိတ်ဝင်စားသွားပြီဗျာ
ဘယ်လိုအချက်မျိုးတွေလဲဆိုတာ ပြောပြနိုင်မလား ခင်ဗျ
သံစဉ်ဖြူဖြူ ◄◄ ကျန်းမာရေးနဲ့ ပတ်သက်ပြီးပြောရမယ်ဆိုရင် တော်တန်ရုံရောဂါလောက်ကတော့ ပြတိုက်မှန်မှန် သုံးစွဲသူအနေနဲ့ ကြောက်စရာမလိုပါဘူး။
ပြတိုက်မှာ တင်တဲ့ ဘလော့တွေထဲက ကျန်းမာရေးနဲ့ ပတ်သက်တာတွေ ဆောင်ရန် ရှောင်ရန် တွေ ဖတ်ခြင်းအားဖြင့် ကျန်းမာရေးအတွက် ကောင်းကျိုးရစေပါတယ် မောင်လေး
လွှမ်းမိုး ◄◄ ဘယ်လို ဘလော့မျိုးများလည်း မမရေ။ ကျွန်တော့်ကို ညွှန်ပါဦးခင်ဗျာ။
သံစဉ်ဖြူဖြူ ◄◄ ပြောရမှာပေါ့ မောင်လေးရေ။
ကင်ဆာကို ပလာယာဖြင့် အနိုင်ယူမည် ဆိုတဲ့ ဆောင်းပါး သိပ်ကောင်းတယ် မောင်လေး။
နောက်နာမည်ကြီးတဲ့ ပို့စ်တွေကတော့ “ခေါင်းမူးနေသလား .. မြောင်းတူးလိုက်ပါ” “ပုတီးလိုတဲ့ ဆီးချို” “တုတ်ကွေးဖြစ်ရင် ပလုပ်ဆေးပစ်ပါ” စသဖြင့်ပေါ့ မောင်လေးရယ်။ သိပ်ကောင်းပါတယ်။
လွှမ်းမိုး ►► ဟုတ်ပါပြီ မမရေ
ကျွန်တော်လည်း ရှာဖတ်ကြည့်ပါဦးမယ်
ပြတိုက်သုံးတဲ့သူတွေအတွက် စီးပွားရေးနဲ့ လူမှုရေး အားသာချက်လေးတွေလည်း သိပါရစေခင်ဗျာ။
သံစဉ်ဖြူဖြူ ◄◄ သြော် .. ဒီလိုပါ မောင်လေးရေ
မမတို့ မွေးနေ့ရောက်တဲ့အခါမှာပဲဖြစ်ဖြစ်၊ စာမေးပွဲအောင်တဲ့အခါမှာပဲ ဖြစ်ဖြစ်၊ အလုပ်မှာ ရာထူးတိုးတဲ့အခါမှာပဲ ဖြစ်ဖြစ် ဧည့်ခံပွဲတွေ လုပ်ကြရပါတယ်။
အဲဒီပွဲတွေကို ပြတိုက်မှာ လုပ်တဲ့အခါ ဖိတ်စာရိုက်ရတဲ့ ကုန်ကျစရိတ်၊ ဧည့်ခံကျွေးမွေးရတဲ့ ကုန်ကျစရိတ်တွေ သက်သာစေပါတယ်။
ဖိတ်ကြားခံရတဲ့ မိတ်ဆွေသူငယ်ချင်းတွေအနေနဲ့လည်း လက်ဆောင်ပေးဖို့အတွက် ငွေမကုန်ရတော့ပါဘူး။
ဧည့်ခံသူအနေနဲ့ အပြင်မှာ လုပ်တဲ့ပွဲတွေနည်းတူ လှပတဲ့ အပြင်အဆင်ကို ရနိုင်သလို ဧည့်သည်အနေနဲ့လည်း နောက်ဆုံးပေါ် ကား၊ အဆောက်အဦး၊ လက်ဝတ်ရတနာမှ အစပြုပြီး ပန်းပွင့်လှလှလေးများအလယ် ရင်ထဲက အသည်းနှလုံး အဆုံး တစ်ပြားတစ်ချပ်မှ မကုန်ဘဲ ရက်ရက်ရောရော ပေးနိုင်တဲ့ အစီအစဉ်မို့ စီးပွားရေးအရ အဆင်ပြေစေပါတယ်။
မနက်လင်းတာနဲ့ မင်္ဂလာနံနက်ခင်းပါ၊ နေ့လည်နေ့ခင်း ထမင်းစားကောင်းပါစေ၊ အိပ်ကာနီး အိပ်မက်လှလှမက်ပါစေ ဆိုတဲ့ နှုတ်ခွန်းဆက် ပဋိသန္တာရ စကားတွေ လှိုင်လှိုင်ပြောဖြစ်လို့ လူမှုရေးမှာလည်း အများကြီး အဆင်ပြေစေပါတယ်။
လွှမ်းမိုး ►► ဒါနဲ့ မမရေ ။ မမက အလှအပအတွက် ဆောင်းပါးလေးတွေလည်း ရေးဖြစ်တယ်ဆို။ ကျွန်တော့်ချစ်သူလေးကို ဖတ်ခိုင်းချင်လို့ ညွှန်းပါဦးဗျာ။
သံစဉ်ဖြူဖြူ ◄◄ဣတ္တိ ၊ ရူပံ ဓနံ ဆိုတဲ့ စကားလေးအတိုင်းပေါ့ မောင်လေးရယ်
မိန်းကလေးတွေအတွက် အလှအပက အရေးကြီးတယ်မလား။ ဒါကြောင့် အလှအပအတွက် ဆောင်းပါးလေးတွေ မမ ရေးဖြစ်ပါတယ်။
လူကြိုက်များတာကတော့ “ငရုတ်ရည်ဖြင့် မျက်နှာပေါင်းတင်ကြပါစို့” “ကွမ်းစားထုံးဖြင့် သဘာဝမိတ်ကပ်ပြုလုပ်နည်း” “ခံတွင်းရနံ့ သင်းပျံ့ရေး ဒညင်းသီးပြုတ် နေ့တိုင်းစားပေး” တွေပါပဲ။
လွှမ်းမိုးး တကယ်ကောင်းတဲ့ ဆောင်းပါးတွေ ဖြစ်မှာပါ မမရေ။ မမ ကိုယ်တွေ့တွေ ထင်တယ်နော်။
ဒါနဲ့ မမရေ .. မြန်မာ ပြည်ရဲ့ အင်တာနက် ဆက်သွယ်မှု ကွန်ယက် စနစ် ကို ဘယ်လိုမြင်ပါသလဲ။
သံစဉ်ဖြူဖြူ ◄◄ မြန်မာနိုင်ငံရဲ့ အင်ကြာနက် ဟုတ်လား
လွှမ်းမိုး ►► ဟုတ်ကဲ့ အင်တာနက်ပါ ခေတ်ကာလ ရွေ့လျော လို့ အင်ကြာနက် ဖြစ်လာတာပါ
အဲဒီအပေါ် ၃ သပ် ချက်လေး
သံစဉ်ဖြူဖြူ ◄◄ အင်တာနက် ဆိုတာ နားလည်ရခက်တဲ့ သတ္တ၀ါ တစ်ကောင်ပါပဲ
တစ်ခါတလေ လိပ်နဲ့ အလားသဏ္ဍာန် တူပါတယ်
တစ်ခါတလေ စက္ကူစွန် နဲ့ တူပါတယ်
လွှမ်းမိုး ►► လိပ်လိုနှေးပြီး စွန်လို ကြိုးပြတ်တတ်တဲ့သဘောလားဟင်
သံစဉ်ဖြူဖြူ ◄◄ ဟုတ်ပါတယ် မောင်လေးရေ .. လျော့လိုက် တင်းလိုက် နဲ့ အခန့်မသင့်ရင် ပြတ်ထွက်သွားပါတယ်
မမ ထင်တာကို ပြောရမယ်ဆိုရင် သူ့သူငယ်ချင်းဖြစ်တဲ့ လျှပ်စစ်မီး နဲ့ အဖော်ရအောင် လိုက်သွားပေးတာ ဖြစ်နိုင်ပါတယ်
မမကတော့ အင်တာနက်သုံးတိုင်း စကားတစ်ခုကို သတိရမိပါတယ်
လွှမ်းမိုး ►► ဘာစကားများလဲ မမ၊ မှတ်သားခွင့်ရချင်ပါတယ်။
သံစဉ်ဖြူဖြူ ►► အရူးလင်လုပ်ရသလို
လွှမ်းမိုး ►► ဒါဆိုရင် အင်ကြာနက် နဲ့ နဘမ်း လုံးရမယ့် ဘလော့ဂါတစ်ယောက်အနေနဲ့ ဘာတွေ ကြိုတင် ပြင်ဆင်ထားသင့်ပါသလဲ..။
နောင်လာမယ့် မျိုးဆက်သစ် ဘလော့ဂါတွေ ကို နည်းပေးလမ်းပြ သြ၀ါဒ ပေးခဲ့ပါဦး
ဥပမာ .. ပရောက်ဆီ ကျော်တာ ခွတာ
သံစဉ်ဖြူဖြူ ◄◄ ဟုတ်ကဲ့ပါ မောင်လေးရေ
မမ ရဲ့ အတွေ့အကြုံနဲ့ ယှဉ်ပြီး ပြင်ဆင်ရမယ့် နည်းလမ်းလေးတွေ ပြောပြချင်ပါတယ်
သံစဉ်ဖြူဖြူ ◄◄ ဘလော့ဂါ တစ်ယောက်ဖြစ်ချင်ရင် အရင်ဆုံး ဖယောင်းတိုင်တစ်ထုပ် ဗလာစာအုပ်တစ်အုပ်နဲ့ ဘောပဲန်တစ်ချောင်း မရှိမဖြစ်လိုအပ်ပါတယ်
လွှမ်းမိုး ►► ဟုတ်ကဲ့ မမ
သံစဉ်ဖြူဖြူ ◄◄ အနုပညာတွေကို ဖန်တီးတော့မယ်ဆိုရင် မီးပျက်ပြီး လိုင်းကျချိန်မှာ ဖယောင်းတိုင်ထွန်းပြီး စာရေးပါ
မီးလာပြီး လိုင်းကျချိန်မှာ အဲဒီစာတွေကို စာစီစာရိုက်လုပ်တဲ့ ပရိုဂရမ်တစ်ခုခုနဲ့ စာစီပြီး ကိုယ့်ရဲ့ ကွန်ပျူတာ (သို့မဟုတ်) မဲမိုရီစတစ်ထဲမှာ သေချာသိမ်းပြီး အဆင်သင့်ဖြစ်နေပါစေ။
အဲလို ပြင်ဆင်မှုတွေ ရှိပါမှ လိုင်းတက်လာတဲ့ အခိုက်အတန့်မှာ ကိုယ်ရေးတာလေးတွေ အင်တာနက်ပေါ် အလွယ်တကူရောက်နိုင်ပါလိမ့်မယ်။
လွှမ်းမိုး ►► ဟုတ်ကဲ့ပါ မမရေ ။ မေးချင်ရာတွေကို ဖြေချင်သလို ဖြေပေးခဲ့တာကို ကျေးဇူးအထူးတင်ရှိပါတယ်။ ဒီပို့စ်လေးကို ကွန်နက်ရှင် ကောင်းတုန်းလေး အမြန်တင်နိုင်ဖို့ ကျွန်တော့်ကို ခွင့်ပြုပါဦးခင်ဗျာ။
မမသံစဉ် တစ်နေ့ထက်တစ်နေ့ ပိုပိုဝနိုင်ပါစေ … အဲလေ ပိုပိုလှနိုင်ပါစေ ခင်ဗျာ။
သံစဉ်ဖြူဖြူ ◄◄ ခုလို ဖြေကြားခွင့်ရတဲ့အတွက် မမကလည်း ကျေးဇူးတင်ပါတယ် မောင်လေးရေ။ ကျေးဇူးဆပ်တဲ့အနေနဲ့ "တစ်နေ့တစ်လုံး မှန်မှန်သုံး သွားရော့ သင်္ချိုင်းကုန်း" ဆိုတဲ့ ဒီ လက်ပစ်ဗုံး လေး လက်ဆောင်ပေးလိုက်ပါရစေ။
လွှမ်းမိုး ►► တိန်
ပြတိုက်ချစ်သူများခင်ဗျာ ......
ပြတိုက်ရဲ့ မေးချင်ရာမေး ဖြေချင်ရာဖြေ အစီအစဉ်လေးမှာ ပထမဦးဆုံးအနေနဲ့ သံစဉ်ဖြူဖြူ ကို မေးပြီးခဲ့ပါပြီ။ ပြတိုက်ချစ်သူများလည်း ကျေနပ်လိမ့်မယ် ထင်ပါတယ်။
နောက်တစ်ကြိမ် ဖြေဖို့ အလှည့်ကျသူက ဘယ်သူဖြစ်မလဲဆိုတာ စောင့်မျှော်ကြည့်ရှုကြပါဦးခင်ဗျာ။
Friday, July 6, 2012
ကဗျာဆိုတာ ...
♫  မြစ်ဖျားခံရာအရပ် ကွဲပြား
     လားရာတွေလည်း ခြားနားလို့
     မတူညီတဲ့ သမုဒ္ဒရာတွေထဲကို စီးဆင်းကြတယ် ♦♦
♫ အချို့က အရှိန်အဟုန်ပြင်းပြင်း
    အချို့က ဖြည်းဖြည်းညင်းပေါ့
    သေချာတာက သူတို့စီးဆင်းနေကြတယ် ♦♦
                                          သံစဉ်ဖြူဖြူ
                                          15.3.2011
Wednesday, July 4, 2012
လမ်းဆုံ - ဇော်ပိုင်
မေ့ မျက်ဝန်းရှင်
♦♦ ညဘက်နှိပ်စက်
     အိပ်ရေးပျက်ပြီ
     အိပ်မက်ထဲက
     မျက်ဝန်းရှင်။
♦♦ စိတ်ကူးထဲလည်း
     မင်းပဲမင်းမူ
     နေရာယူထား
     အတွေးထဲက
     မျက်ဝန်းရှင် ။
♦♦ နေ့နေ့ညည
     ကိုယ့်ဘ၀ရဲ့
     နေရာတိုင်းမှာ
     ခုတော့ ခက်ပြီ
     မေ့သက်သခင်
     မျက်ဝန်းရှင်ရယ် ။       ။
                                       သံစဉ်ဖြူဖြူ
                                           ၁၉၉၉
အချစ်နဲ့တွေ့တဲ့အခါ
♥ အချစ်နဲ့တွေ့တဲ့အခါ ..
   ဘယ်လောက်ပဲလှလှ
   မာနက မြေမှာ ခရတယ် ♦ ♦ ♦
♥ အချစ်နဲ့တွေ့တဲ့အခါ
   ဘယ်လောက်ပဲတော်တော်
   အပြုအမူ လွဲချော်တတ်တယ် ♦ ♦ ♦
♥ အချစ်နဲ့တွေ့တဲ့အခါ
   ဘယ်လောက်ပဲတတ်တတ်
   အသိဉာဏ်လည်း ပျက်တတ်တယ် ♦ ♦ ♦
♥ အချစ်နဲ့တွေ့တဲ့အခါ
   ဘယ်လောက်ပဲထိန်းထိန်း
    ဆင်ခြင်တုံတရားက ယိမ်းမိတယ် ♦ ♦ ♦
►►    လူကြီးဆန်တဲ့ ကောင်ကလေးရေ
            လိုအပ်ချက်တွေ တွေ့တဲ့အခါ ဖြည့်တွေးပေးပါ
            မှားယွင်းချက်တွေ ရှိတဲ့အခါ ပြင်ဆင်ပေးပါ
            ခံစားချက်တွေ မြင်တဲ့အခါ နားလည်ပေးပါ
♥ အချစ်နဲ့တွေ့တဲ့အခါ
   လူကြီးတစ်ယောက်ဟာ
   ကလေးဆန်တတ်လို့ပါကွယ် ♦ ♦ ♦
                                                                သံစဉ်ဖြူဖြူ
Thursday, June 21, 2012
I KEEP FORGETTING
I KEEP FORGETTING Lee Ann Womack (With Vince Gill)  
If I see you on the street and start to cry
If it looks like I'm so lonesome I might die
If you can hear my heart just breaking right in two
Remind me once again who left who
I keep forgetting
That I don't need you now
It slips my mind
That's I'm the one who said we were through
I just can't seem to remember
It was me who walked out the door
I keep forgetting
I don't love you anymore
If your phone should ring in the middle of the night
If missin' you's a feelin' I can no longer fight
If I beg you please just give me one more try
Remind me I'm the one who said goodbye
I keep forgetting
That I don't need you now
It slips my mind
That's I'm the one who said we were through
I just can't seem to remember
It was me who walked out the door
I keep forgetting
I don't love you anymore
I keep forgetting
I don't love you anymore
Keep forgetting
If I see you on the street and start to cry
တကယ်လို့ ငါတို့လမ်းမှာတွေ့တဲ့အခါ ငါငိုမိရင်ပဲဖြစ်ဖြစ်
If it looks like I'm so lonesome I might die
အထီးကျန်ပြီး သေခါနီးပုံပေါက်နေရင်ပဲဖြစ်ဖြစ်
If you can hear my heart just breaking right in two
ငါ့ရဲ့ အသည်းနှစ်ခြမ်း ကွဲသွားတဲ့အသံကို နင်ကြားရတယ်ဆိုရင်တောင်မှ
Remind me once again who left who
ဘယ်သူက ဘယ်သူ့ကို ထားခဲ့တာလည်းဆိုတာ ငါ့ကို ပြန်သတိပေးပါ
I keep forgetting
ငါမေ့ထားပါမယ် (ငါမေ့နိုင်အောင်ကြိုးစားပါ့မယ်)
That I don't need you now
ငါနင့်ကို မလိုအပ်တော့ဘူးလေ
It slips my mind
ငါ့စိတ် လွတ်သွားတာပါ (အဲလိုငါနေရင်ပေါ့)
That's I'm the one who said we were through
တကယ်ဆို ဒီလိုဖြစ်လာဖို့ ငါပြောတာပဲလေ
I just can't seem to remember
တခါတလေ မမှတ်မိဘူးထင်တယ်နော်
It was me who walked out the door
ထွက်သွားတဲ့လူက ငါဖြစ်နေတာကိုလေ
I keep forgetting
ငါ မေ့ပါ့မယ်
I don't love you anymore
ငါနင့်ကို ဆက်မချစ်တော့ဘူး
If your phone should ring in the middle of the night
တကယ်လို့ ညသန်းခေါင်မှာ နင့်ဖုန်းမြည်ခဲ့တယ်ဆိုရင်
If missin' you's a feelin' I can no longer fight
နင့်ကို လွမ်းတဲ့စိတ်ကို ငါမထိန်းနိုင်ခဲ့ရင်ပေါ့ (ရှုံးနိမ့်ခဲ့ရင်)
If I beg you please just give me one more try
တကယ်လို့ နောက်တစ်ခါကြိုးစားခွင့် ငါတောင်းမိခဲ့ရင် 
Remind me I'm the one who said goodbye
စပြီးနှုတ်ဆက်သွားတဲ့သူက ငါကိုယ်တိုင်ဖြစ်ကြောင်း ငါ့ကိုပြန်သတိပေးပါ ♦♦
သူငယ်ချင်းတစ်ယောက် ဘာသာပြန်ပေးထားတာပါ ♦♦
Sunday, June 10, 2012
ဟောင်းနွမ်းသွားခဲ့ရသော အတိတ်ချို
“ဟော နွယ် တစ်ယောက်တည်း ဘာတွေကြည့်ပြီး ပြုံးနေတာလဲ
ဒီအပျိုကြီးတော့ မရိုးတော့ဘူး မနက်ဖြန် လမ်းသစ်ဖွင့်ပွဲအတွက် အဆင်သင့်ဖြစ်ပြီလား”
တစ်ခန်းတည်းနေသူ ကေသီ အခန်းထဲသို့ ၀င်လာရင်း မေးတဲ့ မေးခွန်းကို
“ကျောင်းသူဘ၀က ဓာတ်ပုံတွေ ကြည့်နေတာပါ ကေသီရယ် ဓာတ်ပုံတွေကို ပြန်ကြည့်မိတော့လည်း အိမ်ကို လွမ်းမိသား”
“အမယ် မောင်တော့်ကိုလွမ်းရင် လွမ်းတယ်ပေါ့
ဘာ အိမ်ကိုလွမ်းတာလဲ
ဟွန်း မသိရင် ခက်မယ်နော်”
“ကေသီမ နော် နွယ် က အိမ်ကို လွမ်းတာ”
“အခြားသူသွားပြောစမ်းပါ နွယ်ရယ်
ကဲ ပြပါဦး နွယ် လွမ်းတဲ့ အိမ်ကို ကြည့်ရအောင်”
ပြောရင်းနဲ့ နွယ့်လက်ထဲက အယ်လ်ဘမ် ကို ဖျတ်ကနဲ ဆွဲယူပြီး ကေသီက တဟားဟား ရယ်ပါတော့သည်။
“ဟားဟား နွယ် လွမ်းတဲ့ အိမ်လေးက ပါးချိုင့်ကလေးနဲ့ပါလားကွ" "ပြောလို့ပြောတာမဟုတ်ဘူးနော် နွယ့် မောင်တော်က တော်တော်လေး ချောတာပဲ ။ ဒါကြောင့်လည်း ဟိုမိန်းကလေးက လက်လွတ်မခံနိုင်တာ။”
“သူတို့က တကယ်ကို လိုက်ဖက်ပါတယ် ကေသီရယ်။ ဒီလကုန် သူတို့ လက်ထပ်ကြတော့မယ်လေ
လင်းတာရာ နဲ့ မြတ်နိုးငယ် တို့ရဲ့ မင်္ဂလာပွဲက နွယ်တို့မြို့လေးမှာတော့ လူတိုင်းအားကျဂုဏ်ယူရမယ့် မင်္ဂလာပွဲ ပေါ့။
သူတို့ သိပ်ပျော်နေကြမှာ ကေသီရဲ့
နွယ့်မှာသာ ….”
ပြောရင်းနဲ့ အလွမ်းရိပ်တွေ ညို့သွားတဲ့ နွယ့်မျက်ဝန်းတွေကို ကြည့်ပြီး ကေသီလည်း သက်ပြင်းချမိတယ်။
လင်းရယ် .. မမတို့ မဆုံဖြစ်ခဲ့ကြရင် ကောင်းမှာနော်။
                                                                             ♥ ♥ ♥ ♥ ♥ ♥ ♥
နွယ့် အတွေးတွေလည်း အတိတ်ကာလတစ်ခုဆီကို လွင့်ပျံ့မိပါတော့တယ်။
“မမ”
ဘုရားတင်ဖို့ စပယ်ပန်းတွေ ခူးနေခိုက် ခပ်တိုးတိုး ခေါ်သံကြောင့် လှည့်ကြည့်မိတော့ ချိုင့်လေးတစ်လုံးကိုင်ကာ ရပ်နေသော ကောင်လေးတစ်ယောက်
“မေမေ မုန့်ပို့ခိုင်းလို့”
“အေး အေး မောင်လေး .. ဒါနဲ့ မောင်လေးက"
“ဟိုဘက်ခြံကပါ မမ”
"သြော် အန်တီခင့် သားလား .. ဒါဆို လင်းလင်း ပေါ့”
“ဟုတ်ကဲ့ မမ  ..  မေမေက မမကြိုက်တယ်ဆိုလို့ နန်းကြီးသုပ် ပို့ခိုင်းလိုက်တာ”
သွက်သွက်လက်လက် ချက်ချက်ခြာခြာ ပြောတတ်တဲ့ သွားချွန်ချွန်ကလေးနဲ့ ကောင်လေးကို နွယ် မြင်မြင်ချင်းပဲ ချစ်မိသွားပါတယ်
“အို အန်တီခင် က သိပ်ချစ်ဖို့ကောင်းတာပဲ။ မမ က နန်းကြီးသုပ် သိပ်ကြိုက်တာ မောင်လေးရဲ့"
“လင်း လည်း ကြိုက်တယ်မမရဲ့။ မေမေ့လက်ရာ မစားရတာကြာလို့ လုပ်ပေးတာလေ၊ လင်း မနက်ကမှ ရောက်တာ မမ"
"ဟုတ်တယ် အန်တီခင် မမ ကို ပြောထားတယ်။ လင်း ဒီမှာကျောင်းလာတက်မယ်ဆိုတာရယ်၊ လင်းကို စာသင်ပေးဖို့ရယ်"
“ဟုတ်ကဲ့ပါ မမ လင်း က ဒီနှစ် ၈ တန်း တက်ရမှာပါ”
အန်တီခင်က နွယ်တို့ ဘေးအိမ်ကိုပြောင်းလာတာ မကြာသေးပေမယ့် မေမေ နဲ့ လုပ်ငန်းချင်းဆက်စပ်နေလို့ တော်တော်လေးကို ရင်းနှီးနေကြတာပါ။
အဖိုးအဖွားတွေနဲ့ နေတဲ့ လင်းတာရာ ဆိုတဲ့ အန်တီခင့် သားလေးက စာသိပ်ညံ့လို့ ဒီနှစ်ကစပြီး အန်တီခင်က ပြန်ခေါ်ထားမယ့်အကြောင်း
နည်းပညာတက္ကသိုလ်တက်နေတဲ့ နွယ့်လို ဖြစ်စေချင်ကြောင်း
ဖြစ်နိုင်ရင် သူ့သားကို Guide လုပ်ပေးစေချင်တဲ့အကြောင်း နွယ့်ကို အမြဲပြောနေတတ်တော့ ဒီကလေးကို နွယ်က မမြင်ဖူးသေးပေမယ့် အတော်လေးကို ရင်းနှီးနေခဲ့တာလေ။
“ဘယ်လိုလဲ လင်း၊ မမ နဲ့ စာလာသင်မှာလား .... မမ နဲ့စာသင်ရင်တော့ မမ စကားနားထောင်မှ ရမှာ”
“မမ အလိုလိုက်မယ်ဆိုရင်တော့ မမ စကား နားထောင်မယ်”
ပါးချိုင့်လေးနှစ်ဖက်ပေါ်အောင် ပြုံးရယ်ပြရင်း ဖြေတဲ့ မင်းလေးကို အလိုလိုက်မိမယ်ဆိုတာ အဲဒီအချိန်က မသိခဲ့ပါဘူးကွယ်။
                                                                             ♥ ♥ ♥ ♥ ♥ ♥ ♥
တကယ်တမ်း သင်ကြည့်တော့ လင်းက ထင်သလောက်မညံ့လှပါဘူး။
စာကျက်ပျင်းပေမယ့် ဉာဏ်ထက်တော့ သိသိသာသာပဲ အမှတ်တွေက တက်လာတယ်။
ကျောင်းဆင်းတာနဲ့ နွယ့်အိမ်ဘက်ရောက်လာတတ်တဲ့ လင်း ကို ချော့တစ်ခါ ခြောက်တစ်လှည့်နဲ့ သင်ပေးရသလို လင်းကလည်း နွယ့်စကားကို လေးလေးစားစား နားထောင်တတ်တယ်။
                                                                             ♥ ♥ ♥ ♥ ♥ ♥ ♥
စက္ကန့်လေးတွေ မိနစ်ဖြစ် မိနစ်လေးတွေ နာရီဖြစ်
အချိန်ယန္တရားခုတ်မောင်းနေရင်းနဲ့
သံယောဇဉ်တွေလည်း တိုးသထက် တိုးလာခဲ့တယ်။
နွယ့်ရဲ့ ဆုပေး ဒဏ်ပေး စနစ်ထဲမှာ သင်ကြားရင်း
ဆူပူရင်း ချော့မော့ရင်းနဲ့ပဲ
လင်းတစ်ယောက် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေပြီးခဲ့ပါတယ်
                                                                             ♥ ♥ ♥ ♥ ♥ ♥ ♥
“မမ ရေ မမ
လင်း အောင်တယ်ဗျ .. အင်္ဂလိပ် နဲ့ သင်္ချာ ဂုဏ်ထူးပါတယ်
မမ ဂတိအတိုင်းပဲနော်
လင်း လိုချင်တာ ဆုချရမယ်”
ပျော်ရွှင်စွာပြောနေတဲ့ လင်း မျက်နှာနုနုလေးကို ကြည့်ပြီး လင်း မမြင်အောင် သက်ပြင်းခိုးရှိုက်မိပါတယ်။
ဒီနှစ်ထဲမှာ လင်း စိတ်တွေ ယိုင်နေတယ်ဆိုတာကို အနီးကပ်စာသင်ပေးနေရတဲ့ နွယ် သိနေခဲ့တာ ကြာပြီလေ။
လင်းရယ် မင်းလေးက ငယ်သေးတယ်လေ။ စိတ်မကစားချင်ပါနဲ့ကွယ် …
“ကဲ ပြောပါဦး လင်း ရဲ့ မမ ဘာဆုချရမှာလဲ”
“နေဦး မမ၊ ဖေဖေ နဲ့ မေမေ ကို သွားပြောလိုက်ဦးမယ်
မမ ဆီ အရင်လာခဲ့တာ
မမ အဆင်သင့်ပြင်ထား
နောက် ၁၅ မိနစ်နေရင် လင်း လာခေါ်မယ်”
ပြောပြောဆိုဆို ပြေးထွက်သွားတဲ့ လင်းရဲ့ နောက်ကျောပြင်ကို ငေးကြည့်ရင်း ဒုတိယအကြိမ် သက်ပြင်းရှိုက်လိုက်မိပါတော့သည်။
                                                                             ♥ ♥ ♥ ♥ ♥ ♥ ♥
“မမ”
“အင်း .. ပြော”
“မမ ဆီက တောင်းမယ့်ဆုကို မမ သိလား”
“ပြောလေ လင်းရဲ့ ... သိပ်ဈေးကြီးတာတွေတော့ မ၀ယ်ခိုင်းဘူးမလား
မမ ပိုက်ဆံ စုထားပါတယ် လင်းရဲ့ လင်း ကို မမ ဆုချရမယ်ဆိုတာ သိပြီးသား"
“မမ ဆီက လိုချင်တာ တစ်ခု ……. တည်း”
စကားကို ဆွဲငင်ပြီး ပြောရင်းနဲ့ နွယ့်ကို မ၀ံ့မရဲ တစ်ချက်ကြည့်ပြီး
“မမ ကို လင်း ချစ်တယ်
လင်းကို ပြန်ချစ်ပါနော် မမ”
“လင်း လေ မမ နဲ့ ကျောင်းတူတူ တက်ချင်တယ်
မမ နဲ့ စာအတူတူလာကျက်နေတဲ့ ဟိုလူတွေကို လင်း ကြည့်မရဘူး
မမ ကို ကြည့်ကြတဲ့ သူတို့အကြည့်တွေကို လင်း မကြိုက်ဘူး
လင်းရဲ့ သူငယ်ချင်းတွေကိုလည်း မမ က လင်းရဲ့ ချစ်သူပါ ဆိုတာ ကြွားချင်တယ်”
တတွတ်တွတ်နဲ့ ပြောနေတဲ့ လင်းရဲ့ စကားတွေကို နားထောင်နေရင်း
မမ လည်း မင်း ကို ချစ်ပါတယ် ကလေးရယ်
ဒါပေမယ့် မမ က ဥယျာဉ်မှူး ပါ လင်း
မမ ပြုစုပျိုးထောင်ပေးတဲ့ ပန်းကလေးက ခုမှ ပွင့်လန်းကာစ ရှိပါသေးတယ် လင်းရယ်
မမ ပန်ဆင်ရက်ပါ့မလား
မခူးရက်ပါဘူး လင်း ….
နွယ် ရင်ထဲကပြောမိတဲ့ စကားများပါ . တကယ်တမ်းပြောဖြစ်တာကတော့
“ဘာပြောတယ် လင်း
မမ ကို ဘာစကားတွေ လာပြောနေတာလဲ
အခုမှ ဆယ်တန်းလေးအောင်ရုံလောက်နဲ့ ဒီကိစ္စတွေ ခေါင်းထဲရောက်နေတာ မမ သိပ်အံ့သြတယ်
မမ အချိန်တွေပေးပြီး လင်း ကို စာသင်ပေးခဲ့တာ ဒီစကားတွေ ပြောတတ်ဖို့လားဟင် ဟုတ်လား
လင်း အောင်စာရင်းထွက်လို့ ပျော်ရွှင်နေတဲ့အချိန်မှာ မမ မဆူချင်ဘူးနော်
ဒီစကားတွေ ပြောတာ ဒီတစ်ခါ နောက်ဆုံးဖြစ်ပါစေ”
“ကဲ အခု ဘာစားမှာလဲ
လင်း စားချင်တာ မမ ကျွေးမယ်
သွားချင်တဲ့နေရာ လိုက်ပို့မယ်
ပြီးရင် ဆုချမယ့် ပစ္စည်းသွားဝယ်ကြမယ်”
“ဘာမှ မလိုချင်ဘူး မမ
လင်း လိုချင်တာမှ မရရင် မမ ဆီက ဘာမှ မယူဘူး
မမ ကို စော်ကားတယ်လို့ ထင်သွားရင်တော့ လင်း တောင်းပန်တယ်
ဒါပေမယ့် လင်း တကယ်ပြောနေတာ
ခုလို စာကြိုးစားခဲ့တာလည်း မမ သင်ပေးခဲ့လို့
မမ ပြန်မချစ်ဘူးဆိုရင် လင်း ကျောင်းဆက်မတက်တော့ဘူး
ဘာ ဘွဲ့မှလည်း မယူတော့ဘူး မမ”
“ဘာပြောတယ် လင်း၊
မမ စေတနာတွေက ဘယ်ရောက်သွားပြီလဲ လင်း
သွားတော့ လင်း
မမ ရှေ့ကနေ အမြန်ဆုံးထွက်သွားတော့
ဘယ်တော့မှလည်း မလာခဲ့နဲ့”
ညဘက်ရောက်တော့ နွယ် တော်တော်နဲ့ အိပ်မပျော်နိုင်
လူးလူးလိမ့်လိမ့်နဲ့ အတွေးတွေက တောင်စဉ်ရေမရ
မျှော်လင့်ခြင်းကြီးစွာနဲ့ ကြည့်လာတဲ့ လင်း ရဲ့ မျက်ဝန်းတောက်တောက်လေးတွေကိုပဲ မြင်ယောင်မိတယ်
ရှိသမျှအားတွေ အကုန်ထုတ်သုံးပြီး ငြင်းခဲ့ရတာပါ ကလေးရယ်
                                                                             ♥ ♥ ♥ ♥ ♥ ♥ ♥
လင်း ရဲ့ ဆိုင်ကယ်သံကို ခုထိ မကြားရသေးဘူး
မမ ရင်တွေ ပူနေပြီ လင်းရယ်
တကယ်ပဲ မမ ရှေ့ကို မလာတော့ဘူးလား
စိတ်ထင်ရာတွေ လျှောက်မလုပ်ပါနဲ့ လင်းရယ်
မမ လင်းကို သိပ်ချစ်ပါတယ်
                                                                             ♥ ♥ ♥ ♥ ♥ ♥ ♥
နောက်နေ့ကစပြီး လင်း ကို သူ့အိမ်မှာ မတွေ့ရတော့ပါ။
လူကို မမြင်ရပေမယ့် လင်း ရဲ့ သတင်းဆိုးတွေကို ကြားနေခဲ့ရတယ်။
အရက်ဆိုင်မှာတွေ့ခဲ့တယ်ဆိုတာကတစ်မျိုး
ဆေးသမားလေးတွေနဲ့ ပေါင်းနေတယ်ဆိုတာ တစ်ဖုံ။
တက်လက်စ သင်တန်းတွေကိုလည်း တစ်ခုမှ မသွား။
ဘာလိုလိုနဲ့ ကျောင်းလျှောက်ရမယ့်အချိန်ရောက်လာတဲ့အချိန် လင်း က အချိုးမပြောင်း၊
ကျောင်းတက်ဖို့ ဘာဆိုဘာမှ ပြင်ဆင်ခြင်းမရှိတော့ နွယ် စိတ်ပူလာပါတယ်။
တကယ်တမ်းကျတော့ နွယ်လည်း မနေနိုင်ဘူးလေ။
လင်း ရှိတဲ့ နေရာအထိ လိုက်သွားရတော့တာပေါ့
                                                                             ♥ ♥ ♥ ♥ ♥ ♥ ♥
“လင်း”
“ဟာ မမ
မမ လင်း ဆီ ဘာလာလုပ်တာလဲ”
“မလာလို့ရမလား လင်း၊
အခု လင်း ဘာတွေလုပ်နေတယ် ဆိုတာ ကိုယ့်ကိုယ်ကို အသိဆုံးပဲ
အခု တစ်ခါတည်း အိမ်ပြန်လိုက်ခဲ့
ကျောင်းတွေလည်း ဖွင့်တော့မယ်၊ အန်တီခင်လည်း စိတ်ဆင်းရဲနေရတယ် လင်း”
“မမ ကို လင်း ပြောထားသားပဲ
မမ ချစ်သူဖြစ်ခွင့်ရမှ လင်း ကျောင်းတက်ပါမယ်ဆိုတာ
မမ မှ လင်းကို မချစ်တာ
လင်း ပြန်မလိုက်ဘူး မမ
မမ မှ မချစ်တာ ပစ်ထားလိုက်ပါ မမ ရယ်”
စက်ဆီတွေ ပေနေတဲ့ လင်း မျက်နှာနုနုလေးကို ကြည့်ရင်း နွယ့်စိတ်တွေ ထိန်းရခက်လာမိတယ်။ ရယ်လိုက်တိုင်း ပေါ်လာတတ်တဲ့ သွားချွန်ချွန်လေးတွေလည်း ကွမ်းသွေးကြောင့် အရင်လို ဖွေးဖွေးမလက်တော့။ ပိန်သွားလိုက်တာ လင်းရယ်။
ထမင်းမှ အချိန်မှန်မှန် စားဖြစ်ရဲ့လား။ အိပ်ချိန်တန်တဲ့အချိန်မှာရော အိပ်ရဲ့လားကွယ်။
"ပြန်ပါ မမ ။ မမ ချစ်သူမဖြစ်ရဘဲနဲ့ လင်း ကျောင်းဆက်မတက်နိုင်ဘူးလို့ ဆုံးဖြတ်ထားတာမို့ လင်းဘ၀နဲ့ လင်း ရှိပါစေ၊ "
မမ ဘယ်လို အင်အားနဲ့ ငြင်းရမလဲကွယ်။ ငယ်သေးတဲ့ လင်းရဲ့ အချစ်ကို မယုံရဲပေမယ့် မမ ဆက်ပြီး မငြင်းရက်တော့ပါဘူး
“ကဲပါ .. လင်းရယ်။ လင်းကို မမ ချစ်ပါတယ်။ အိမ်ပြန်လိုက်ခဲ့တော့နော်
မမ တို့ ကျောင်းအတူတက်ကြမယ်”
“ဟာ ..  မမ
တကယ်ပြောတာလား
ဝမ်းသာလိုက်တာဗျာ"
"မမ ရာ ချစ်နေရဲ့သားနဲ့များ လင်းကို နှိပ်စက်တယ်ဗျာ”
လင်း သိပ်ပျော်နေတာကိုကြည့်ပြီး နွယ့် ပူပန်စိတ်တွေလျော့ကျပြီး လိုက်ပျော်လာမိတယ်။
မမ ဆုံးဖြတ်ချက်တွေမှားခဲ့ရင်တောင် လင်း အခုပျော်နေတာလေးတစ်ခုတည်းနဲ့ နောင်တမရမိအောင် ကြိုးစားတော့မယ်
မမ ထိန်းသိမ်းလာခဲ့သမျှမာန နဲ့ သိက္ခာကို လင်း ရဲ့ ရယ်သံချိုချိုလေးနဲ့ လဲလိုက်ပါတော့မယ်
                                                                             ♥ ♥ ♥ ♥ ♥ ♥ ♥
လင်း နဲ့ နွယ် ချစ်သူတွေဖြစ်ကြပေမယ့်လည်း ထူးထူးခြားခြားပြောင်းလဲသွားတာမျိုး မရှိပါဘူး။
သူ့ကိုယ်သူ လင်း ဆိုတဲ့ နာမည်ကိုထည့်ပြီးပြောတတ်တဲ့ လင်းက သူငယ်ချင်းတွေ ၀ိုင်းပြောကြလို့ ကျွန်တော်လို့ ပြောင်းသုံးလာခဲ့ပြီး
ကျောင်းသွားကျောင်းပြန် အတူတူ အမြဲပါနေတတ်တဲ့ လင်းကြောင့် နွယ့်နားမှာ ရစ်ဝဲနေတဲ့ ပျားပိတုန်းတွေ အဝေးရောက်သွားကြတာက လွဲရင် နွယ့် တို့နှစ်ယောက်က အရင်ပုံစံအတိုင်းပါပဲ။
ပထမနှစ်ကျောင်းသားလေး လင်း က အတန်းချိန်နည်းနည်းအားတာနဲ့ နွယ်ရှိတဲ့ B.E တန်းဘက် ရောက်ရောက်လာတတ်သလို နွယ်ကလည်း အမြဲ မျှော်နေတတ်ခဲ့တယ်။
နွယ်ယူတဲ့ မေဂျာကိုပဲ ယူတာမို့ လင်း နားမလည်တဲ့စာတွေကို ရှင်းပြပေးရင်း နွယ်လည်း သီအိုရီတွေ ပိုကျေညက်ခဲ့ရပါတယ် ။
ဘယ်လိုပဲဖြစ်ဖြစ်  လင်းနဲ့ အတူတူ ရှိနေခဲ့ရတဲ့ အဲဒီအချိန်လေးတွေက နွယ့်ဘ၀ရဲ့ အလှပဆုံးအချိန်တွေပါပဲလေ ~~
                                                                             ♥ ♥ ♥ ♥ ♥ ♥ ♥
“နွယ် … နင့် မောင်တော်ကို တက္ကသိုလ်ဘက်မှာ တွေ့တွေ့နေတယ်နော်"
"သူ့သူငယ်ချင်းတွေဆီ သွားတာပါ သဉ္ဇာရယ်၊ နွယ့်ကို ပြောသွားပါတယ်"
"အာကာ့ဆီသွားတယ်လို့ နင် ထင်နေတာလား နွယ်၊ ငါ တွေ့တာ အခြားတစ်ယောက်နဲ့နော်
ငါ ဒီလိုစကားမျိုးတွေ မပြောချင်ဘူး။ ဒါပေမယ့် ပိုဆိုးမလာခင် ငါ ပြောထားရတာနွယ်
လင်းလင်း က သင်္ချာက ကောင်မလေးတစ်ယောက်နဲ့ တွဲနေတာ
နင် လွှတ်မထားသင့်ဘူး
ဟိုက ငယ်ငယ်ချောချောလေး”
“အင်းပါ သဉ္ဇာရယ်၊ ငါ နင့်ကို ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ငါ လင်း ကို ယုံတယ်”
“အေး နင် ယုံရင်လည်း ပြီးတာပဲ နွယ်၊ ငါတို့က ဘေးလူပါ၊ ဒီထက်ပိုပြီး မပြောတတ်တော့ဘူး”
“အေးပါ သူငယ်ချင်းရယ်”
ဟန်လုပ်ပြီးသာပြောလိုက်ရပေမယ့် ရင်ထဲမှာတော့ တစ်စုံတစ်ရာကို ခပ်ရေးရေး မြင်နေပါပြီ။
တွတ်တီးတွတ်တာအမြဲလုပ်တတ်တဲ့ လင်းတစ်ယောက် စကားတွေ နည်းသွားတာ
ကျောင်းက အပြန် ဆိုင်တစ်ဆိုင်မှာ တစ်ခုခု ၀င်စားဖြစ်တဲ့ ရက်တွေ ကျဲသွားခဲ့တာ
အတန်းချိန်ကလွဲရင် တောက်တဲ့လေးလိုတွယ်ကပ်နေတတ်ရာကနေ လှစ်ကနဲ လှစ်ကနဲ့ ပျောက်ပျောက်သွားတတ်တာ
စာလာကျက်မယ့်အချိန်တွေကို ပျက်ကွက်နေခဲ့တာ
မျက်ဝန်းထဲမှာ ဝေခွဲရခက်တဲ့ အရိပ်တစ်ခု ရှိနေခဲ့တာ
မသိမသာ ပြောင်းလဲနေတဲ့ လင်း ရဲ့ အပြုအမူတွေကို မမ သတိထားမိခဲ့တာ ကြာခဲ့ပါပြီ။
မမ ဘာလုပ်ရမလဲ လင်းရယ်
မမ မင်း ကို သိပ်ချစ်ပါတယ်
ဒါပေမယ့် မမ က မင်းအတွက် နှောင်ကြိုးတော့ မဖြစ်ချင်ဘူး။ ဘယ်တော့မှ မဖြစ်စေရပါဘူးကွယ်။
                                                                             ♥ ♥ ♥ ♥ ♥ ♥ ♥
"မမ အလုပ်ဝင်တော့မယ်ဆို"
"ဟုတ်တယ် လင်း
မမ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှာ အလုပ်လျှောက်ထားတာ ရတယ်။ အင်္ဂါနေ့ အလုပ်စ၀င်ရမယ်။ သန်ဘက်ခါမနက်သွားဖို့အတွက် ကားလက်မှတ်မှာထားပြီးပြီ"
"မမ အဲဒါတွေ ကျွန်တော့်ကို ဘာလို့မပြောတာလဲ"
"ပြောဖို့ကို လင်း မှ မအားတာကွယ်
မမ ဆီကို လင်း မလာတာ ဘယ်လောက်ကြာသွားပြီလဲ ပြန်စဉ်းစားပါဦး လင်းရဲ့"
နွယ် အခုလို ပြောလိုက်တော့လည်း မျက်နှာပျက်ယွင်းစွာနဲ့
"မမ ရယ် ကျွန်တော်လေ .. အခု ….."
"မမ အားလုံးသိပါတယ် လင်း
လင်း တက္ကသိုလ်ကို သွားသွားနေတာရော
မြတ်နိုးငယ် ဆိုတဲ့ ကောင်မလေးနဲ့ တွဲနေတာရော
မမ အားလုံး သိပြီးသွားပြီ လင်း"
“ဗျာ မမ ... ကျွန်တော် တောင်းပန်ပါတယ် မမ
ကျွန်တော်လေ ..”
“မလိုပါဘူး လင်းရယ် တောင်းပန်ဖို့ မလိုပါဘူး”
“မမ နားလည်ပါတယ်
တကယ်တော့ မမ တို့ စိတ်အလိုလိုက်ခဲ့ကြတာပါ
နီးစပ်မှုကို သာယာခဲ့ကြတာ လင်းရဲ့
လင်းကလည်း စိတ်ကစားပြီး မမ ကို ချစ်တယ်ထင်ခဲ့တယ်
မမ လည်း ဒီလိုပဲ
လင်း ကို မောင်လေးတစ်ယောက်လိုပဲ ချစ်ခဲ့တာ ဖြစ်မှာပါ
မေမေက သမီးတစ်ယောက်တည်းမွေးထားခဲ့တော့ လင်းကို အရမ်း ခင်တွယ်သွားမိတာကို ချစ်တယ်လို့ ထင်ခဲ့မိတာ၊
ပြီးတော့ လင်းက မမ စကားအမြဲနားထောင်တတ်တယ်လေ
မမ စကားအမြဲနားထောင်တဲ့ လင်း ကို မမ လက်ခံခဲ့မိတာပါ”
“မမ တကယ်နော်
ကျွန်တော် ၀မ်းသာလိုက်တာ မမ ရာ
ကျွန်တော် မမ ကို သိပ်ချစ်တာပါ
ကျွန်တော် လိုသမျှတွေကို မမ က အမြဲဖြည့်ဆည်းပေးခဲ့တော့ မမ မရှိရင် မနေတတ်သလိုတွေ ဖြစ်ခဲ့တာ
တကယ်တော့ မမ ပြောသလိုပဲ ကျွန်တော့် မှာ အစ်မ မရှိခဲ့လို့ ချစ်သူတစ်ယောက်လို ချစ်တယ်လို့ ထင်ခဲ့တာဖြစ်မယ်နော်
ကျွန်တော်လေ မမ ကို ချစ်လည်းချစ် အားလည်း အားကိုးခဲ့တာ မမ ရဲ့”
“အခု မြတ်နိုး နဲ့တွေ့မှ ကျွန်တော်လေ ကျွန်တော် ... "
“မမ နားလည်ပါတယ် လင်းရယ် ။ မမ ကို နောက်ဆံမတင်းနဲ့။
မမ နဲ့ လင်း က အမြဲတမ်း မောင်နှမတွေပဲပေါ့ လင်းရယ်။
လင်း ဘာကိစ္စပဲရှိရှိ မမ ကို တိုင်ပင်ပေါ့ ဟုတ်လား
ကဲ လင်းရေ မိုးချုပ်နေပြီ မမ တို့ ပြန်ကြစို့
မနက်ဖြန်လည်း မတွေ့တော့ဘူးနော်
မမ တစ်ခါတည်း နှုတ်ဆက်တယ်
သန်ဘက်ခါ ခရီးထွက်ဖို့အတွက် မမ ပြင်ဆင်စရာတွေ ရှိသေးတယ်
ဟိုရောက်လို့ အခြေအနေပေးရင် မမ ဖုန်းဆက်မယ်နော်
လင်း လိမ်လိမ်မာမာနေ ဟုတ်ပြီလား
မြတ်နိုးလေးကိုလည်း ဂရုစိုက်”
“ဟုတ်ကဲ့ပါ မမ
မမစကားကို ကျွန်တော် နားထောင်မှာပါ”
သြော် လင်း ရယ်
မောင်အရင်းတစ်ယောက်လို ချစ်ခဲ့တယ်လို့သာ တစ်သက်လုံး မှတ်သွားပါတော့ကွယ် ..
                                                                             ♥ ♥ ♥ ♥ ♥ ♥ ♥
ဘာလိုလိုနဲ့ လင်း အနားကနေ မမ ထွက်လာပေးခဲ့တာ အတော်ကြာခဲ့ပြီနော်
အလုပ်လုပ်ရတာ အဆင်ပြေပါတယ် လင်း
လမ်းဆောက်လုပ်ရေးလုပ်ငန်းတွေကို လုပ်ရတာဆိုတော့ နည်းနည်းတော့ ပင်ပန်းတာပေါ့ လင်းရယ်
အခု မမ ထန်းပင်စု ဆိုတဲ့ ရွာကလေးမှာလေ
ရွာထဲကနေ မြို့ကို သွားတဲ့လမ်းအသစ် ဖောက်တဲ့ လုပ်ငန်းခွင်မှာပေါ့
မနက်ဖြန်မှာ ဖွင့်ပွဲ လုပ်ဖို့ မမတို့ အလုပ်တွေရှုပ်နေကြတာ
ဒီလမ်းသစ်က လမ်းကြောင်းလည်းတိုသွားတယ်။ မြေသားလည်း ပိုမြင့်တယ်။
ရွာကနေ မြို့ကို ကျောင်းတက်ရမယ့်ကျောင်းသားတွေ၊ ကုန်စည်ပို့တဲ့သူတွေအတွက် အရင်ထက် ပိုပြီး အဆင်ပြေတော့မှာလေ
ဒီရွာအတွက် အရေးပါမယ့် လမ်းဖြစ်လာမှာပေါ့ လင်းရယ်
ဒီလမ်းဖွင့်ပြီးသွားရင်တော့ ကွေ့ပတ်ပြီးသွားရတဲ့ အရင်လမ်းဟောင်းကို သူတို့ သုံးဖြစ်ကြတော့မယ် မထင်ဘူး။
                                                                            ♥ ♥ ♥ ♥ ♥ ♥ ♥
“ဟော နွယ်
ခုထိ ရေမချိုးသေးဘူးလား ကေသီတောင် ရုံးကနေ တစ်ခေါက် ပြန်လာပြီ။ ဓာတ်ပုံတွေကြည့်ရင်းနဲ့ အယ်လ်ဘမ်ထဲတော့ ၀င်မသွားပါနဲ့ ဒေါ်နွယ်သာကီရယ်”
“မဟုတ်ပါဘူး ကေသီရယ် နွယ် စဉ်းစားနေတာ
မနက်ဖြန် နွယ်တို့ ဆောက်ခဲ့တဲ့ လမ်းသစ်ဖွင့်ပြီးသွားရင် အားလုံးက ဒီလမ်းကပဲ သွားကြတော့မှာလေ
မျက်နှာငယ်နေမယ့် အရင်လမ်းဟောင်းလေးကို သနားမိလို့ပါ”
“ဖြစ်ရလေ နွယ်ရယ်
ပိုကောင်းပြီး အရေးပါတဲ့ လမ်းသစ်ရှိမှတော့ လမ်းဟောင်းကို ဘယ်သူက သုံးတော့မှာလဲ အင်ဂျင်နီယာမကြီးရဲ့၊
ကဲကဲ ရေချိုးတော့။ အတွေးတွေ သိပ်မများနဲ့။”
ဟုတ်တယ်နော် လင်း
ပိုမိုကောင်းမွန်တဲ့ အသစ်ကိုတွေ့ရင် အဟောင်းကိုမေ့သွားတတ်ကြတယ် ..
ဒါကလည်း လောကဓမ္မတာတစ်ခု ဆိုတာ မမ သိပါတယ်လေ ...
ဒါပေမယ့် လင်းရယ် .. သက်မဲ့ပစ္စည်းတွေ ဟောင်းနွမ်းသွားခဲ့ရတာ ဘာမှ မထူးခြားပေမယ့်
 မနွမ်းပေမယ့် ဟောင်းသွားရခဲ့ရတဲ့ သက်ရှိလူသားတစ်ယောက်ရဲ့ နှလုံးသားကတော့ ....
                                                                             ♥ ♥ ♥ End ♥ ♥ ♥
ဘလော့တစ်ခုမှာ ဖတ်မိတဲ့ ကဗျာတစ်ပုဒ်ကို ခံစားပြီး ရေးဖြစ်ခဲ့တာပါ …
ပို့စ်ခေါင်းစဉ် ရွေးပေးတဲ့  သူငယ်ချင်း ကဗျာဆရာမလေး နွေဦးသခင် အား ကျေးဇူးအထူးတင်ပါကြောင်း …
                                                                                                                   သံစဉ်ဖြူဖြူ
                                                                                                                  ၁၅.၇.၂၀၁၁
Monday, June 4, 2012
မြင်းမိုရ်လွမ်းချင်း
►►  ဒီနေ့တော့ သည်းသည်းထန်ထန်ပါပဲ
         အဖေ့ကို သတိရနေခဲ့တယ်
        ဘယ်အရာမှ မမြဲဘူးဆိုတဲ့ သဘောတရား
        သိပြီးသားပေမယ့်
        အချို့သောပြောင်းလဲခြင်းတွေက မြန်ဆန်လွန်းတယ် ♦♦
►► ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာ တဲ့
        သမီးကိုယ်သမီး ကံဆိုးမ လို့ မသတ်မှတ်ဖူးသလို
        အဲဒီနေ့က မိုးလည်း မရွာခဲ့ပါဘူး
        ရာသီဥတု ကြည်လင်နေတဲ့နေ့
        အွန်လိုင်းမှာ သူငယ်ချင်းတစ်ယောက်က မေးတယ်
        ဦးနဲ့ အန်တီ နေကောင်းကြလား တဲ့
        “ကောင်းတယ်သူငယ်ချင်း” လို့ လိုအပ်တာတင်မက
        “အဖေက တရားစခန်းဝင်နေတယ်လေ” လို့
        (ဂုဏ်ယူဝံ့ကြွားစွာနဲ့) အပိုဆောင်းပြီး ဖြေဖြစ်ခဲ့တယ် ♦♦
►► ဒါပေမယ့်
        ဒါပေမယ့် အဖေရယ်
        နေ့မကူးသေးတဲ့ အဲဒီညရင့်ရင့်မှာ
        ရိပ်သာမှာ အဖေ အမောဖောက်နေတယ် ဆိုတဲ့သတင်း
        သမီးဆီရောက်လာခဲ့တယ်
        ဖုန်းရပြီး နာရီဝက်အတွင်း
        သမီးတို့ အမြန်ဆုံး လာခဲ့ကြပေမယ့်
        ဆေးရုံကို ခေါ်လာခဲ့တဲ့ အဖေ့ခန္ဓာမှာ
        အသက်ဝိဉာဉ် ပါမလာခဲ့တော့ဘူးလေ ♦♦
►► ရုတ်တရက် ခွဲခွာခြင်း ဆိုတဲ့ စကားလုံးကို
        နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်လိုက်ရခြင်းပါပဲ ♦♦
►► တောင်းပန်တိုးလျှိုးတဲ့ သမီးရဲ့ အကြည့်တွေကို
        စာနာကရုဏာသက်တဲ့ အပြုအမူတွေနဲ့
        သေချာအောင် စမ်းသပ်ပေးခဲ့တဲ့ ဆရာမလေးရယ် ♦
►► အဖေ့ပါးလေးကို လှုပ်ပြီး
        အဖေ အဖေ့ နဲ့ ခပ်တိုးတိုး တတွတ်တွတ်ခေါ်နေတဲ့ အစ်ကိုတစ်ယောက်ရယ် ♦
►► အဖေ အသက်မရှိတော့ဘူး လို့
        ခပ်ကျယ်ကျယ် အသံတစ်ချက်ပေးပြီး
        အော်ငိုနေတဲ့ အစ်မတစ်ယောက်ရယ် ♦
►► ဆီတွေပေကျံနေခဲ့ အဖေ့ရဲ့ရင်ဘတ်ပေါ် မျက်နှာအပ်
        နွေးနေဆဲ အဖေ့လက်တွေကို ဆုပ်ကိုင်ရင်း
        အိပ်မက်မဟုတ်မှန်းသိနေပေမယ့်
        သမီးလေ
        ယောင်တောင်တောင်နဲ့ မင်တက်မိနေခဲ့တယ် ♦♦
►► ငိုလိုက်ကြတာ အဖေရယ်
        အစ်မတစ်ယောက် သတိလစ်သွားတယ်
        အစ်ကိုကြီးကတော့ အံကြိတ်ရင်း စိတ်ထိန်းထားရတဲ့ပုံ
        ညတွင်းချင်း အိမ်မှာစည်ကားသွားတယ်
        အဖေ့ကို ရေချိုးပေးကြတယ်
        အ၀တ်လဲပေးကြတယ်
        (ဘယ်လိုအယူအဆတွေမှန်းမသိပါဘူး)
        အဖေ့လက်တွေ ခြေတွေကို ကြိုးချည်ကြတယ်
        သမီးကတော့ မျောလွင့်နေတုန်းပဲ ♦♦
►► အဖေ သေရင် ငိုစရာမလိုဘူးလို့ ပြောဖူးခဲ့တဲ့ အမှာစကား
        သမီး လိုက်နာခဲ့ပါတယ် အဖေ
        သမီး မငိုပါဘူး
        မငိုဖြစ်ပါဘူး အဖေ
        ပူဆွေးမှုတွေ လွှမ်းခြုံနေတဲ့ အမေ့ရှိုက်သံတွေကြားတဲ့အခါ
        မျက်ရည်နည်းနည်းကျမိတာကလွဲရင်ပေါ့ ♦♦
►► လွမ်းလိုက်တာ အဖေရယ်
        အဖေ သမီးကို ခွဲခွာသွားခဲ့တာ ရက်အတော်ကြာခဲ့ပေမယ့်
        မကြာခဏ သတိရဖြစ်တယ်
        ရှေးရိုးဆန်တဲ့ သမီးတို့ မိသားစုရဲ့ဆက်ဆံရေး
        သမီးနဲ့ အဖေ့ကြားမှာ
        ကြင်နာတဲ့ အနမ်းတွေမရှိပါဘူး
        သမီး နွေးစေဖို့ ထွေးမဖက်ခဲ့ပါဘူး
        ဒါပေမယ့် ကြင်နာတဲ့ ငဲ့ညှာမှုတွေ ရှိတယ်
        နွေးထွေးတဲ့ ဆွေးနွေးမှုတွေ ရှိတယ်
        နားဝင်စေတဲ့ ဆုံးမစကားတွေ ရှိတယ်
        ပဲပြုတ်ကို ဆီဆမ်း၊ ထမင်းကြမ်းခဲကိုလွေးရင်း စည်းမျဉ်းစည်းကမ်းအကြောင်းပြောတဲ့ မနက်ခင်းတွေ ရှိတယ် ♦
        ယပ်တောင်တဖျတ်ဖျတ်ခပ်ရင်း ပူနွေးလာတဲ့ကမ္ဘာကြီးကို အကြောင်းပြု
        ကမ္ဘာ့သတင်းတွေ ပြောပြဖြစ်တဲ့ နွေနေ့ခင်းတွေ ရှိတယ် ♦
        အဖေ့လက်သည်း ခြေသည်း ညှပ်ပေးရင်း ကျန်းမာရေးကိစ္စတွေဆွေးနွေးဖြစ်တဲ့ ညနေခင်းတွေ ရှိတယ် ♦
        ရေနွေးကြမ်းခွက်ကိုယ်စီကိုင်လို့ ပုဂံရာဇ၀င်အကြောင်းပြောဖြစ်ကြတဲ့ လရောင်လင်းတဲ့ ညခင်းတွေရှိတယ် ♦
        အကြောင်းကြောင့် ဖြစ်တဲ့ အကျိုးကို ဆင်ခြင်၊ ပျက်သွားတဲ့ အဖြစ်တွေကို မှတ်
        သတိအမြဲကပ်ဖို့ ဆုံးမခဲ့တဲ့ အဖြစ်အပျက်တွေ ရှိတယ် ♦♦
►► အနေအေးပြီး လူကြောက်တတ်ခဲ့ပေမယ့်
        ပညာရဲရင့် ပွဲလယ်တင့် ဆိုတဲ့ အဖေ့စကားကြောင့်
        လူတောတိုးဖို့ သမီး ကြိုးစားခဲ့တယ် ♦
►► လိမ္မာတဲ့ သားသမီးကို ပိုချစ်တာ ဆိုတဲ့ စကားတစ်ခွန်းကြောင့်
        ပိုအချစ်ခံချင်တဲ့ အဖေ့သမီး လိမ္မာဖို့ ကြိုးစားခဲ့တယ် ♦
►► ဒါပေမယ့်လည်း အဖေရယ်
       သမီး မလိမ္မာခဲ့ဘူး ထင်ပါတယ်
        ဆေးပေါ့လိပ် လက်ကြားက မချချင်ခဲ့တဲ့အဖေ
        သမီးအနားမှာ လာထိုင်လို့
        ဆေးလိပ် မီးခိုးငွေ့တွေ လွင့်လာတိုင်း
        မသိမသာ မှုတ်ထုတ်ပစ်မိခဲ့တာတွေ
        သိသိသာသာ လက်နဲ့ဝှေ့ရမ်းမိခဲ့တာတွေ
        သိပ်များလာရင် အဖေ့အနားက ထသွားခဲ့မိတာတွေ
        အဖေ မျက်နှာပျက်ပြီး
        ဆေးလိပ်ကို ပြာခွက်ထဲ ထည့်ဖြစ်စေခဲ့တာတွေ
        ဒါတွေအားလုံးက အဖေ့ကို ရောဂါမဖြစ်စေချင်တဲ့ စေတနာနဲ့ပေမယ့်
        ခုချိန်မှာ ပြန်တွေးမိရင် ရင်ထဲကျဉ်အောင် ခံစားရပါတယ် ♦♦
►► လိုချင်တာဘာမှမရှိတဲ့သူက ပြည့်စုံတယ် လို့
        လူတတ်ကြီးလုပ်ပြီး ပြောခဲ့တဲ့ သမီးစကားကို
        မှန်တာပေါ့သမီးရယ် လို့ ထောက်ခံခဲ့တဲ့အဖေ
        ဒီလောကကြီးထဲက ထွက်မသွားခင်မှာ
        တပ်မက်မှု လောဘတွေ
        အလိုမကျမှု ဒေါသတွေ
        မှောက်မှားမှု မောဟတွေ
        တတ်နိုင်သမျှ လျှော့ချခဲ့မယ် ထင်ပါရဲ့ ♦♦
►► ကံနဲ့ ကံ ရဲ့ အကျိုးပေးကို ယုံကြည်သက်ဝင်တဲ့ အဖေ့သမီး
        ဘ၀ကူးသွားခဲ့တဲ့ အဖေ ဘယ်ဆီရောက်နေလဲ
        တစ်ခါတရံ တွေးမိတယ် အဖေ
        အဖေပြုခဲ့သမျှ ကုသိုလ်၊ အကုသိုလ်
        ဒီဘ၀မှာတင် အကုန်ပြတ်
        မဂ်ဆိုက်လို့ ဖိုလ်ဝင်
        နိဗ္ဗာန်ရွှေပြည်မြတ်ကို ၀င်နိုင်ခဲ့ပြီလား ♦♦
        ပြုခဲ့သမျှ ကုသိုလ်ကံ အရှိန်သန်လို့
        မြင့်မြတ်တဲ့ ဘုံဘ၀တွေမှာ စံနေမှာလား ♦♦
        အကြောင်းမလှလို့ အကုသိုလ်ကံက အကျိုးပေး
        သိမ်ဖျဉ်းတဲ့ ဘုံဘ၀လေးတွေမှာ ခံစားနေရမှာလား ♦♦
►► အဖေရယ်
        ကံကြွေးမကျေလို့ ဘ၀တွေ ဆက်ရဦးမယ်ဆိုရင်လေ
        ဘယ်လိုဘုံဘ၀မှာပဲ နေနေ
        သမီးပြုသမျှ ကုသိုလ်ရဲ့ အဖို့ဘာဂကို အမျှဝေပါရစေ
        အမျှ အမျှ အမျှ ပါ အဖေ
        ရောက်လေရာဘုံဘ၀က ကြားသိတွေ့မြင်လို့
        သာဓု ခေါ်ခွင့်ရပါစေ
        သာဓု ခေါ်ခွင့်ရပါစေလေ ♦♦      ♦♦
သံစဉ်ဖြူဖြူ
၎.၆.၂၀၁၂
♦♦ (၁၆.၂.၂၀၁၂) မှာ ခွဲခွာသွားခဲ့တဲ့ အဖေ့ကို လွမ်းဆွတ်သတိရရင်း
(၁၇.၆.၂၀၁၂) မှာ ကျရောက်မယ့် အဖေနေ့ကို ကြိုဆိုလိုက်ပါတယ် ♦♦
Thursday, May 31, 2012
လွမ်းဆိပ်ခြုံတဲ့ည
တစ်ခါက
ညတစ်ည
လမသာပါဘူး
လှခဲ့ဖူးတာ မင်းကြောင့်ပေါ့ ♦♦♦
ခုတော့ကွယ်
လမင်းလည်းသာ
ပန်းရနံ့ ဖြာပါလျက်
ရင်ထဲမှာ ဟာတာတာနဲ့
အလှတရားတွေ ပျောက်ရှနေခဲ့တယ် ♦♦♦ 
သံစဉ်ဖြူဖြူ
5.11.11
Friday, May 18, 2012
သာသနာတော်နှင့် ရွှေပြည်အေးသမားများ
ဒေ၀ဒဟ မြို့ အမည်တွင်ပုံ
ဟိုးယခင်က ဘုရင့်သားတော်များ ရေချိုးရာတွင် ရေကန်ကိုသာ အားကိုးရပေသည်။
ဟိမ၀န္ဒာ တောင်ခြေရှိ များပြားလှစွာသော အင်းအိုင် ဂလိုင် စမ်းပေါက်များမှာ မင်းသားကလေးများ၏ ရေကစားရာ ရေချိုးရာ ရေကန်များသာဖြစ်တော့သည်။
မင်းသားလေးများကို ပါဠိ အနက်ဖြင့် ဒေ၀ ဟုခေါ်၍၊ ရေကန်ကို ဒဟ ဟုခေါ်သည်။ 
ထိုရေကန်များကို ပတ်လည်ဝိုင်းပြီး မြို့တည်လေသောအခါ မင်းသားတို့ရေချိုးရာကန်ကို အစွဲပြု၍  ဒေ၀ဒဟမြို့ဟု အမည်တွင်လေသည်။
ထိုမြို့တွင် အဥင်္စန မင်းကြီးနန်းစိုက်လေသည်။
အဘိုးနှစ်ပါး
အဥင်္ဒန မင်း၏ သမီးတော်သည် မဟာမာယာ ဒေ၀ီ ဖြစ်သည်။
မဟာမာယာဒေ၀ီသည် ငါတို့ ဘုရားအလောင်းတော်၏ မယ်တော်ဖြစ်သည်။
ထိုကြောင့် အဥင်္စန မင်းသည် သိဒ္ဓတ္တမင်း ၏ အမေဘက်မှ အဖိုးတော်သတည်း။
သီဟဟနု မင်း၏ သားတော်သည် သုဒ္ဓေါဒန မင်းကြီးဖြစ်သည်။
သုဒ္ဓေါဒန မင်းကြီးသည် ငါတို့ ဘုရားလောင်း၏ ခမည်းတော်ဖြစ်သည်။
ထို့ကြောင့် သီဟဟနု မင်းသည် မင်းသိဒ္ဓတ္တ၏ အဖေဘက်မှ အဘိုးတော်သတည်း။
သက္ကရာဇ်နှင့် ထောင်စုနှစ်ကွာခြားပုံ
သက္က ဟူသောအနက်သည် ဘုရင်ဖြစ်သည်။ ဘုရင်တို့ရေတွက်သောနှစ်ကို သက္ကရာဇ် ဟုခေါ်သည်။
အဆိုပါ သက္ကရာဇ်ကို အဉ္စန မင်းကြီးမှ စတင်ရေတွက်ခဲ့သည်။ ကြားဖြတ်ပြောရန်ရှိသည်မှာ ယနေ့ခေတ် ၂၀၁၂ ခုနှစ်ကိုပါ တော်တော်များများက သက္ကရာဇ် နာမည်တပ်ပြီး ခေါ်ဝေါ်နေသည်ကို တွေ့နေရပါသည်။
အမှန်မှာ မည်သို့မှ ပက်သက်ဆက်စပ်ရန် အကြောင်းမရှိပါချေ။
အဘယ်ကြောင့်ဆိုသော် ထောင်စုနှစ်သည် ဂျီးဇက်ခရိုက်ကွန်လွန်ပြီးနောက်ပိုင်း ရေတွက်လာသောနှစ်ကိုသာ ခေါ်ဆိုခြင်းဖြစ်ပါသည်။
ထို့ကြောင် ခရစ်နှစ် ၂၀၁၂ ဟုပြောမှ မှန်ပေလိမ့်မည်။ ဘုန်းကြီးများ အဘယ့်ကြောင့် တရားပွဲများတွင် သာသနာသက္ကရာဇ်ကိုသာ ထည့်သွင်းပြောကြားခြင်းကိုလည်း သတိချပ်နိုင်ပါသည်။
ဗုဒ္ဓဘာသာက ၀ါကြီးပုံ
ငါတို့ဘုရားလောင်းမွေးချိန်အထိ ဂျီးဇက်ခရိုက်(ခရစ်တော်) မွေးဖွားဖြင်းမရှိသေးပေ။
ငါတို့ ဘုရားရှင် ထက် ၈၆၃ နှစ် နောက်ကျပြီးမှ ခရစ်တော် မွေးဖွားလာခြင်းဖြစ်ပါသည်။ အစ္စလာမ် ဘာသာကို တည်ထောင်သော  မိုဟာမက်သည် ၁၁၇၀ နှစ်နောက်ကျပါသည်။
ထို့ကြောင့် မှတ်သားရန်မှာ ကမ္ဘာ့ ဘာသာကြီးနှစ်ခု၏ အရှင်သခင်များသည် ဗုဒ္ဓဘာသာထက် နှစ်ပေါင်း ၈၀၀ ကျော်နှင့် ၁၁၀၀ ကျော် နောက်ကျခဲ့ပါသည်။
ဒီကနေ့သူတို့ ရှေ့ကသွားနေကြသည်ကိုလည်း သတိပြုပါ။
ဓမ္မာသောကမင်းကြီး
ဘုရားပရိနိဗ္ဗာန် စံပြီးနောက် နှစ်ပေါင်း ၂၁၈ အကြာတွင် မင်းအပေါင်းကို စုရုံးသိမ်းသွင်းအောင်နိုင်ပြီးနောက်
ဗုဒ္ဓသာသာနာကို  ဖြန့်ဖြူးခဲ့ပါသည်။ သာသနာပြန့်ပွားသောနေရာများမှာ အနောက်ဘက် မြေထဲပင်လယ်၊
ထိုမှ မြောက်ဘက်ပိုင်း ဂရိ၊ အာဖဂန်နစ်စတန်၊ တူရကီ အထိ၊ အဲဒီဒေသတွေကို အရင်တုန်းကတော့ ယောနကတိုင်း လို့ခေါ်ကြောင်း
မှတ်သားဖူးပါသည်။ အိန္ဒိယ မှာ အခုရှိနေတဲ့ ပန်ဂျပ် ပြည်နယ်ကြီးကိုလည်း ဘဒ္ဒ တိုင်းလို့ခေါ်ခဲ့ပါသည်။
အဲဒီဒေသကြီးမှာ ထီးနန်းထူထောင်ခဲ့ပြီး ရှင်နာဂသိန် မထေရ် ကြီးကို မေးခွန်းပေါင်းသုံးရာကျော်မေးသွားသော မိလိန္ဒ မင်းကြီးသည်
အိန္ဒိယ နိုင်ငံသား မဟုတ်မူပဲ ဂရိနိုင်ငံသား၊ ဂရိလူမျိုး ဖြစ်ပါသည်။
ဘုရားရှင်မျိုးရိုး
ရာဟုလာသံကစ္စည်းရေးသော ဗော်ဂါမှ ဂင်္ဂါသို့ဟုသော စာအုပ်အကိုးအကားအရ အာရိယန်လူမျိုးတို့သည်
ဖြူဝင်းသော အသားအရည်ရှိကြသည်။ မျက်ဝန်းအရောင်သည် အပြာ၊ အနက်၊ အညို စသည်ရှိကြသည်။
ဆံပင်အရောင်သည်လည်း အ၀ါ၊ အနီ၊ အညို၊ အနက်စသည်ရှိကြသည်။ ကိုယ်ကာယ ထွားကြိုင်းခန့်ညားသည်။
အမျိုးမြတ်ကြသည်။ အမျိုးကိုလည်း စောင့်ရှောက်သည် ဟုပါရှိပါသည်။ ထိုလူဟောင်းတို့သည်
သကျသာကီအနွယ်သာလျှင်ဖြစ်ပေတော့သည်။ ထို့ကြောင့် ငါတို့ဘုရားသည် အိန္ဒိယေ ဒသသားများနှင့် လားလားမျှမဆိုင်၊
ပုံအားဖြင့်လည်း အခြားကြီးခြားသလောက် မျိုးရိုးအားဖြင့်လည်းကွာလှပေရာ ဘုရားသည် ကုလားဟူသော
အစွဲကိုလည်း ကျွတ်စေလိုသည်တမုံ့။
စကားစပ်မိသလောက် ထပ်မံနည်းနည်းရေးပါဦးမည်။ တချို့ ဗုဒ္ဓ္ဓ ဘာသာသဘာဝင်များသည် ဟိန္ဒူ ဘာသာကို ဗုဒ္ဓဘာသာနှင့် 
ညီအစ်ကိုတ၀မ်းတည်း ကွဲသယောင်ယောင်၊ ဘာသာချင်းပဲ တူသယောင်ယောင် ထင်ယောင်ထင်မှားဖြင့် ပြောတတ်သည်ကို များစွာ
ကြားခဲ့ဖူးးပါသည်။ အဘယ့်ကြောင့်ဆိုသော် ဟိန္ဒူ ဘုရားကြောင်းထဲတွင်လည်း ဘုရားဆင်းတုတော် ကိန်းဝပ်နေသည်ကိုမြင်ရခြင်း၊
ကုလားဘုရားပွဲလှည့်ရာတွင်လည်း မတ်ရပ်တမျိုး၊ ထိုင်လျက်တသွယ် စံပါယ်နေပုံကိုလည်း တွေ့ရခြင်းများကလည်း
ထင်ယောင်ထင်မှားဖြစ်စေပါသည်။
ဟိန္ဒူဘာသာအကျဉ်း
ရှေးယခင် အိန္ဒိယတွင် အိန္ဒူ ဟူသောမြစ်ကြီးကို အမှီပြုပြီး ရှေးသူဟောင်းတို့ မှီတင်းနေထိုင်ကြလေသည်။
  မြစ်ဝှမ်းလွင်ပြင်တလျှောက် ကောင်းမွန်လှသော မြေဆီသြဇာ တန်ခိုးကြောင့် သီးနှံ့စီးပွားဖြစ်ထွန်းလှသဖြင့် သာယာငြိမ်းချမ်းစွာ
အပူအပင်အကင်းကင်းနေနိုင်ကြလေသည်။ အကြောင်းရင်းကိုရှာသော် မိမိတို့စီးပွားဖြစ်ထွန်းစေသော မြစ်ကြီးနှင့်တကွ
သဘာဝသယံဇာတများကို ပေးသူအဖြစ် ဗြဟ္မာကြီးကို လူသားတို့ဖန်ဆင်းကြလေသည်။ ထိုမှ သဘာဝဘးဒါဏ်ကြောင့် ပျက်စီးခြင်းများနှင့်ကြုံလာရသောအခါ အဖျက်ဘုရားအဖြစ် သျှီဝ ကိုအသက်သွင်းတော့သည်။ အဆိုးများကို ကာကွယ်ရန်
သျှီဝကို ပူဇော်ပသကြပြီး အကောင်းများကို ဆောင်ယူလာကြရန်၊ ဘေးရန်အပေါင်းမှ စောင့်ရှောက်ရန် ဗိဿနိုးကိုပါ
ဖန်တီးလေတော့သည်။ ထို ဘုရားသုံးပါးမှာ ဗြဗ္မဏ (ဗြဟ္မာ) ကိုးကွယ်သူတို့၏ ရတနာ သုံးပါးပင်ဖြစ်တော့သတည်း။
ထို ဇာတ်လမ်းများကိုဖန်တီးရာတွင် တစ်ဦးတစ်ယောက်တည်းမှ ဖန်တီးရေးသားဖြင်း မဟုတ်ဘဲ
တစ်ယောက်ရေးခဲ့သည်ကို နောက်တစ်ယောက်က်က ဆက်ရေးခဲ့ခြင်းဖြင့် အဆင့်ဆင့် ပုံဝတ္ထုသဖွယ် ကြီးမားခိုင်ခံ့လာပေတော့သည်။
အိန္ဒူ မြစ်ကြီးမှ အစွဲပြုပေါ်ပေါက်လာသောအကြောင်းရင်းခံကြောင့် အိန္ဒူ မှ အာလုပ်သံဖြင့် ဟိန္ဒူဘာသာဟု ဖြစ်ပေါ်လာခဲ့ပါတော့သည်။
ဂေါတမဘုရားသည် ဗြဟ္မာ ၏ တမန်တော်ဖြစ်ခဲ့ရပုံ
လူသားတို့၏ မသိမလိမ်မာမိုက်မဲမှုကြောင့် ဗြဟ္မာကြီးသည် လူသားများအားသနားသောအားဖြင့် မိမိ၏ကိုယ်စား ဆုံးမရန်
တမန်တော်များကို စေလွတ်ခဲ့သည်ဟု ဟိန္ဒူဘာသာဝင်များက ယုံကြည်ကြသည်။
ထိုတမန်တော်အဖြစ် ငါတို့၏ သုံးလောကထွတ်ထားမြတ်ဘုရားသည် ဗြဟ္မာ့ ကိုယ်စားလှယ်တော်အဖြစ် အသုံးတော်ခံခဲ့ရရှာလေသည်။
စာရေးသူကိုကြီးမိုင်းသည် ကုလားဘုရားကျောင်းထဲတွင် လူကိုယ်ဆင်ခေါင်းဖြင့် စံနေတော်မူသော သျှီဝနတ်ကြီး၏ ရှေ့အပေါက်ဝတွင်
သိမ်ငယ်စွာစံနေရရှာသော ဘုရားဆင်းတုတော်တို့ကိုမြင်တိုင်း၊ ကုလားဘုရားပွဲလှည့်စဉ်
ဟိုး .. ကားနောက်ဆုံးမှ ဒေသစာရီကြွချီနေခဲ့ရသော ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို ဖူးမြင်ရတိုင်း ရင်ထုမနာဖြစ်ရလေ့ရှိပါတော့သည်။
ထို့အပြင် ဗုဒ္ဓဘာသာအခြေခံကို မသိ .. တန်ခိုးရှိတယ်ထင်တိုင်းလိုက်လုပ်တတ်သော ဗုဒ္ဓဘာသာအမည်ခံ
လူငယ်များဟိန္ဓူဘုရားကျောင်းတွင် အုန်းသီးခွဲသည်ကိုမြင်တိုင်း စိတ်ပျက်မိပါတော့သည်။
ရှင်းရန်ရှိနေသေးသော သူရဿတီမယ်တော်
ရှင်းလက်စနှင့်ဆက်ရှင်းရပါဦးမည်။ ဟင်္သာကြီးပေါ်တွင် မိန့်မိန့်ကြီးထိုင်ကာ ကလပ်ပေါ်တွင်တင်ထားသည့်
စာအုပ်သုံးအုပ်ကို ရင်ခွင်တွင် ပိုက်ထားသော မယ်တော်ကြီးဟု လူသိများလှပါသည်။ တတ်နိုင်သမျှ အကျဉ်းရုံးပြီး လင်းပါဦးမည်။
ကျွန်ုပ်တို့ခေါ်ဝေါ်နေသော သူရဿတီ သည်အမှန်တော့ ဆွာရ၀တီအမည်ရှိ မြစ်ကလေးတစ်မြစ်၏ အမည်သာဖြစ်ပေတော့သည်။
ထိုမြစ်ကလေးသည် အိန္ဒိယရှိ ဟိမ၀န္တာတာင်မှ ချောက်ချို ချောက်ကြား၊ တောင်ကြိုတောင်ချားကို ကွေ့ပတ်ရစ်ခွေစီးဆင်းလာခဲ့ရသဖြင့်
ရေစီးသည် မြန်တခါ၊ နှေးတလှည့်ရှိနေသည့်အားလျှော်စွာ ရေစီးသံ ကလေးကလည်း အင်မတန်သာယာနာပျော်ဖွယ်ကောင်းသည်ဟု
အမှတ်ပြုကြပါသည်။ မြစ်ကလေးအနေအထားကလေည်း သေးသေးသွယ်သွယ်၊ အသံကလည်း သာသာရှိလှသဖြင့် မြင်သမျှ
ကိုးကွယ်ရန် ၀န်မလေးလှသော အိန္ဒိယ သားတို့သည် မြစ်စောင့်နတ်သမီးလေးကိုလှပစွာ ဖန်တီးပေးလိုက်ပါတော့သည်။
အမည်က ဆွာရ-၀တီသည်ကား လိင်အားဖြင့် ဣတ္ထိယ ဖြစ်စေလျက် ဆွာရ၀တီ နတ်သမီးလေးအားမြစ်စောင့်နတ်ပီပီ
ဘဲ (ဟင်္သာ) လေးကိုစီးပြီး ရေထဲမျှောလေတော့သည်။ ဂါထာ  မန္တရား ရွတ်ဖတ်သော ပုဏ္ဏားများကိုယ်တိုင်က လျှာစက် အာစက်နှင့်တကွ
သာယာသော အသံကိုဖြစ်စေရန် အသံသာနတ်သမီးလေးကို ပူဇော်လေတော့ပြီ။ ထိုကဲ့သို့ ပူဇော်ရုံမျှ အားမရနိုင်။
ဗေဒင်သုံးပုံကိုပါ ရင်ခွင်ကိုပိုက်စေလျှက် စောက်ရှောက်ခိုင်းလေတော့သည်။ ဘဲကလေးကိုစီးထားသော
နတ်သမီးလေးသည် မြစ်ကြောင်းတစ်လျှောက်စုန်ဆင်းလာလျက် ဘယ်အချိန်ကတည်းက မြန်မာပြည်သို့ဝင်လာပြီး ဘုရားဟောသည့်
ပိဋိကတ်တော်များကို သုတဗုဒ္ဓ ဟု ဘုရားရှင်ကိုယ်တော်တိုင် ချီးမြှောက်ထာ့းသည့်  ပရိယတ်ကိုယ်တော်တွေထက်ပင် ကျော်လွန်၍
တရားစောင့်သော နတ်သမီးအဖြစ် ရဲရဲတင်းတင်း နေရာယူလေတော့သတည်း။
ထိုအခါ အယုံလွယ်သော မြန်မာလူမျိုးများသည် နေအိမ်ထောင့်တွင်ထားကာ .. အမေကျော်ဒွေးတော်လွမ်းသကဲ့သို့ ..
သံသရာလွတ်ကြောင်း တရားပြသော ဘုရားရှင်ကိုပင် နေ့စဉ်မှန်မှန်ဆွမ်းကပ်ဖို့ မေ့ကောင်းမေ့မည်၊
သံသရာအတွင်း မည်သည့်ဘုံဠာနတွင် ရောက်နေမှန်းမသိသော ထိုမယ်တော် ဘိုးတော် တို့အားပုံမှန်ဆက်ကပ်ကြရင်း
ဗုဒ္ဓဘာသာအမည်ခံ ဘာကို ကိုးကွယ်လို့ကိုးကွယ်မှန်းမသိသူများဖြစ်လာလေသည်။ ထိုသို့ ဟိုယောင်သည်ယောင်
သူများယောင်တိုင်းလိုက်လုပ်ရင်း .. ဘာသာတရား၏ အနှစ်သာရကိုမသိ .. ထိုမသိခြင်းကပင် မိမိဘာသာကို
မည်သို့မည်ပုံ စောက်ရှောက်ရမည်ကို နားမလည်သော .. ရွေပြည်အေး သမားများ (တနည်းအားဖြင့်) ဘယ်သူသေသေ
ငတေမာပြီးရောဆိုသူများ ပေါ်ပေါက်လာလေသည်။ သူတော်စင်များ အယူမှားပယ်နိုင်ကြပါစေ။
သံဃာတော်များ သာသနာတော်ကို စောင့်ရှောက်ခဲ့ပုံ
ဘုရားရှင်ပရိနိဗာန်စံတော်မူပြီးချိန်တွင် မထေရ်ကြီးများစည်းဝေးတိုင်ပင်ကြလျက် သုတ်၊ ၀ိနည်း၊ အဘိဓမ္မာ စသည့်အားလျော်စွာ
ခွဲခြမ်းစိတ်ဖြာပြီးသကာလ သင်္ဂါယနာ တင်ကြလေသည်။ ပမာဆောင်ရသော် ကြွေကျနေသော ပန်းပွင့်ကလေးများကို သင့်တော်ရာ
အစည်းလိုက်၊ အကုံးလိုက် လှပစွာ သီကုံးကြသကဲ့သို့တည်း။ နှုတ်မှနှုတ်သို့ အဆင့်ဆင့်လည်းသင်ကြားပို့ချကြလေသည်။
ထိုကဲ့သို့ ဆရာက တပည့်နှုတ်ထဲထည့်၊ နှုတ်မှနှုတ် အဆင့်ဆင့်လက်ဆင့်ကမ်းပြီးသင်ကြားပို့ချခဲ့သောကြောင့်
ထေရ၀ါဒ (မထေရ်သံဃာများမှ ပို့ချသောဝါဒ) ဟု ယခုလက်ရှိ ကြည်ညိုနာကြားနိုင်တော့သည်။
သာသနာကို ဖျက်ဆီးသော မင်းဆိုးမင်းညစ်များလက်ထက်တွင်လည်း တောတောင် ချောက်ကြားပုန်းအောင်းပြီး ဆွမ်းမစားရနေပါစေ၊
ရခဲ့ပြီးသော စာများ မမေ့လျော့ မပျောက်ပျက်ရလေအောင် ပူနေသောဝမ်းဗိုက်ပေါ်
သဲစိုစိုတင်ပြီး လေနာရောဂါစွဲသည်အထိ ဆောင်နေကြပုံကို ကြက်သီးထခမန်း မျှော်မှန်းကြည်ညိုသင့်လှပါတော့သည်။
ထိုသံဃာတော်များ၏ ကျေးဇူးကြောင့် ယနေ့ ကျွန်ုပ်တို့တတွေ သာသနာကြီးနှင့် ကြုံတွေ့ရပြီး
လောကကောင်းကျိုး၊ မိမိကောင်းကျိုးကို ရွက်ဆောင်နိုင်ကြသည်မှာ ၀မ်းမြောက်ဖွယ်ကောင်းလေစွ။
ပြန်ပြောင်းအောက်မေ့ဖွယ်
ငါတို့ဘုရားရှင်သာသနာသည် အနောက်ဘက်တွင် ဥရောပအထိ၊ အရှေ့ဘက်တွင် ဟိမ၀န္ဒာ၊  မြောက်ဘက်တွင်
ဘင်္ဂလားပင်လယ်အော်တလျှောက် ပျံ့နှံ့ခဲ့သော အဓိကရ သာသနာတော်မြတ်ကြီးဖြစ်ပေသည်။
မိမိတို့လက်ထက်မှ ကိုယ်ကျိုးနည်းတော့မည်လော
ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးကိုယ်တိုင်တောင် ကြောင်ကြမဲ့မနေအားဘဲ အောက်ပါအတိုင်း သြ၀ါဒပေးခဲ့ပုံကို တင်ပြပါဦးမည်။
ကမ္ဘာ့ လူဦးရေ၏ ငါးပုံလေးပုံ ဗုဒ္ဓဘာသာဝင်တွေဖြစ်ခဲ့တာ ယနေ့ခေတ်မှ ငါးပုံတစ်ပုံတောင်မကျန်တော့ပြီ။
ဒါကြောင့် ဒကာဒကာမတို့..
၁) များများကြီးအလုပ်လုပ်ကြရမည်။
၂) မရပ်မနားကို အလုပ်လုပ်ကြရမည်။
၃) သာသနာတော်နှင့်သက်ဆိုင်သမျှ ဘာမှ မချန်ပဲ အကုန်လုပ်ကြရမည်။
၎) ရိုရိုသေသေလုပ်ကြရမည်။
၅) ပျော်ပျော်ပါးပါးလုပ်ကြရမည်။ စိမပျက်ကြပါနှင့်။ လက်မြှောက်အရှုံးပေးပြီး ဘာသိဘာသာ မနေကြပါနှင့်။
၆) သာသနာ့ကို ထိပါးရန်ကြံစည်သူမှန်သမျှ၏ လုပ်ရပ်များကို တားဆီးကာကွယ်ကြရမည်။ ဟု အတိအလင်း တိုက်တွန်းခဲ့ပါသည်။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးကလည်း အောက်ပါအတိုင်း ကဗျာစပ်ဆို ပြီး  သာသနာ့နောင်ရေး
စိတ်မအေးကြောင်း ထုတ်ဖော်ခဲ့ပါသည်။
၁။ မျိုးဘာသာကာကွယ်ရေး
မလွယ်သေးဆိုပဲ
ရွှေရင်မို့ဆို့စရာ တို့ဗမာ ဘယ်လဲ။
အဘက်ဘက်မှဘာသာခြား၊ လူမျိုးခြားများ၏ ထိုးနှက်တိုက်ခိုက်မှုများ၊ စီးပွားရေးနယ်ချဲ့မှုများ၊ လူလုံးလှိမ့်ဝင်သားဖောက်ခြင်းဖြင့်
ဘာသာရေးလွှမ်းမိုးမှုများကို မြင်လာနေရပါပြီ။ အတိအလင်းပြောင်ကျကျ ကျူးကျော်စော်ကားမှုများလည်း
နားနဲ့ မဆံ့အောင်ကြားနေခဲ့ရပါသည်။ လက်ရှိအခြေအနေလောက်စိုးရိမ်စရာကောင်းသော အခြေအနေမျိုးမှ
တို့ဗမာများ ညီညာစုရုံး မကာကွယ်ကြလျှင် နောက်ကာလအတွက် ဘယ်သူတွေမှာ တာဝန်ရှိမည်နည်း။
၂။ ကျောင်းတို့ရဲ့ ရိုးရာ
မျိုးသဘာသာဖျက်ပွဲ
ရွှေရင်မို့ဆို့စရာ
တို့ဗမာ ဘယ်လဲ။
သီရီလင်္ကာ နိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံအလွန်ပီသလှပေသည်။ ကျောင်းသင်င်္ခန်းစာများတွင် ဗုဒ္ဓဘာသာစာပေကို မသင်မနေရ
ထည့်သွင်းသင်ကြားပေးလျက် ခေတ်မှီပညာရပ်ကို ကိုယ့်ကျင့်တရားဘောင်ကွပ်စေပြီး တကယ့်လူရည်၊
လူချွန်များကို မွေးထုတ်ပေးလျက်ရှိပါသည်။
ကျွန်ုပ်တို့နိုင်ငံအနေနှင့်လည်း သေသေချာချာလေ့လာအတုယူစရာကောင်းလှပါသည်။ ရွှေစေတီ ပုထိုးတ၀င်းဝင်းများသလောက်
ကိုယ်ကျင့်တရားပိုင်းဆုတ်ယုတ်လာရသည့်မှာ မဖြစ်သင့်လှပါချေ။ ဘာသာတရားအထိန်းအကွပ်မရှိပဲ ခေတ်ပညာတတ်လေလေ
မိမိဘာသာနှင့် လူမျိုးကို အထင်သေးလာတတ်သည်မှာ ပိုကြောက်စရာကောင်းလှပါသည်။ မိမိကိုးကွယ်သော ဘာသာအကြောင်း
အပေါ်ယံလောက်သာသိပြီး .. လူပြိန်းကြိုက်တရားများကိုသာ ခေတ်ပညာတတ်ညဉ်ဖြင့် အလွယ်ကြိုက်လက်ခံလာနိုင်သည်။
သံမှဖြစ်သော သံချေးသည် သံကိုပျက်စီးစေသကဲ့သို့ မိမိဘာသာကို အထင်သေးအမြင်သေးဖြင့် ဗဟုသုတခေါင်းပါးခဲ့လျှင်
ကြီးစွာသော အန္တရာယ် ဖြစ်လာနိုင်ပါသည်။
၃။ မျိုးသဘာသာကြောင်းရင်း
ကျောင်းတွင်းမှာ မသင်ရဲ
ခြံစည်းရိုး ဝေးရာရာ
ပြေးကာသာ သင်ရမြဲ
ရွှေရင်မို့ဆို့စရာ
တို့ဗမာဘယ်လဲ။
မိမိတို့သာသနာတော်မြတ်ကြီး၏ ကြုံတွေ့လာရသော ဘေးအန္တရာယ်ကို သိမြင်ပြီးကြသည့်
သူတော်ကောင်းများရေးသားဟောပြောသည့် စာအုပ်၊ အခွေများကို ရာဇ၀တ်မှုကြီးများသဖွယ် တိုးတိုးတိတ်တိတ် လက်ဆင့်ကမ်း၊
လက်တို့ပြီး ဖြန့်ဝေနေရသည်မှာ ရင်နာစရာလည်းကောင်းလှပါသည်။ တို့နိုင်ငံသည် ဗုဒ္ဓဘာသာ နိုင်ငံ မဟုတ်လော။
ဘာသာရေးနှင့်စပ်ဆိုင်သမျှ လွတ်လပ်စွာ ဟောပြော စည်းရုံးခွင့်မရှိတော့ပြီလော။
ထိုကဲ့သို့ ရတက်မအေးစွာ စည်းရုံးဟောပြောနေသူများသည် ဆူပူရန် လှုံ့ဆော်နေသူများလေလော။
၎။ သမီးရဲ့ အပါယူ
ဘာသာယူ လူအစွဲ
သူကြိုက်လို့ သူယူ
မဆိုင်သူ ၀င်မကပ်နဲ့
လွတ်လပ်ဆိုပဲ။
ဖန်တရာတေအောင်ကြားနေကျ ဇာတ်လမ်းများဖြစ်သောကြောင့် ရိုးများသွားလေသလား။ သမီးကိုယူသည်။ ဘာသာထဲမှ ထွက်ခိုင်းသည်။
သားကိုယူသည်။ ဘာသာထဲမှ ထွက်ခိုင်းသည်။ မိမိသာသာအတွက် ငွေအား၊ လူအား၊ ဓနအားဖြင့် ရှေ့တန်းတိုက်စစ်မှုးလုပ်ခိုင်းသည်။
ချီးမွမ်းမြှောက်ပင့်သည်။ ထိုအတိုင်းမလုပ်ပါက လောကငရဲသို့အရှင်လတ်လတ်ကျအောင် ၀ိုင်းဝန်းနှိပ်ကွက်ကြသည်။
သည်အတိုင်း ကြည့်နေကြမည်လော။ သူ့ကြိုက်လို့ သူယူတာပဲ တို့နှင့်မဆိုင်ဟု ဘယ်အချိန်ထိ ပြောနေကြဦးမည်နည်း။
သူ့သဘောသူဆောင်ပြီး သူ့ထိုက်နဲ့ သူ့ကံဖြစ်နေတာဟု.. တရားရသလိုလို၊ ဥပက္ခာတရားကြီးမားသလိုလို
ဟန်ပြုနေကြသော ရွှေပြည်အေး သမားများကိုလည်း ဒီနေရာက သတိပေးလိုပါသည်။ မိမိတို့ ဘာသာ၊ သာသနာကိုရှေ့ရေး မျှော်တွေး၍
တတ်စွမ်းသရွေ့ကာကွယ်နေကြသူများအား  သူ့သဘောသူဆောင်ပြီး သူ့ထိုက်သူ့ကံဖြစ်နေကြတာကို
အသံကောင်းဟစ်ပြီး သွေးဆူနေသူများ၊ ဆူပူအောင်လှုံ့ဆော်နေသူများဟု
ဝါဒဖြန့်ခြင်း၊ ရေးသားခြင်းများလုပ်ခြင်းမှ ရှောင်ကျဉ်စေလိုပါသည်။ ထိုသို့လုပ်လျှင်လည်း  ပြင်းပြင်းထန်ထန်
ဆန့်ကျင်သွားမည်ဖြစ်ကြောင်း အသိပေးလိုပါသည်။ တစ်ချို့ကလည်း ရောက်ရှိလာသော လူ့ဘ၀တွင် မဂ်ဖိုလ်ဆိုက်ရောက်
နိဗ္ဗာန်ရာက်အောင် အားမထုတ်ဘဲ အလကားနေရင်း သူများဘာသာဝေဖန်နေသည် ဟု ငါ့စကားနွားရ လျှောက်ပြောခြင်းကိုလည်း
ရှုတ်ချလိုက်ပါသည်။ ဆရာဦးဆန်းလွင်စကားနှင့်ပြောရလျှင် နွားပဲရမယ်၊ လူတော့မရဘူးဟု ပြောပါရစေတော့။
၅။ မြန်တိုင်းနှင့် ပြည်ဇမ္ဗူ
အလှူဖြင့် စံချိန်ချိုး
မျိုးဘာသာ အလှူရှိ
ယူလှည့် (လှိ) ကြဗျိုး။
မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ အမိုက်အမဲများအား မချိတင်ကဲဖြင့် ရေရွတ်အငေါ့တူးသံဖြစ်ပါသည်။
ရွှေ၊ ငွေ၊ ထမင်း၊ အဖျော်များသာမက အမျိုးရော ဘာသာကိုပါ ရက်ရက်ရောရောလှူနေကြပါသဖြင့် အလိုရှိသလောက်သာ
လာယူလှည့်ပါတော့ဟု မြည်တွန်ခြင်းဖြစ်ပါသည်။
နိဂုံး ချုပ်အနေဖြင့်ပြောရလျှင် လောကကောင်းကျိုး၊ မိမိကောင်းကျိုးအတွက် ဘေးမရှိသော ကိုးကွယ်ရာအဖြစ်
ဘုရားရှင်သာသနာတော်ကြီးနှင့် ကြုံတွေ့ရစဉ် မိမိအတွက်လည်း ဆောင်ပါ။
လောကအတွက်လည်း ကျန်နေအောင် စောင့်ရှောက်ပါ ဟု တိုက်တွန်းလိုပါသည်။
မိမိကိုယ်တိုင် ၀မ်းစာပြည့်အောင် ဗဟုသုတရှာမှီးပါ။ ဖြန့်ဝေပါ။ အတိုက်အခံနှင့်ကြုံလာလျှင်လည်း သီဟနာဒ ဟူသော
ခြင်္သေ့ဟောက်သံကဲ့သို့ တဘက်လူများရှောင်ပြေးအောင် ဖိနှိပ်ချောက်ခြားပစ်ပါ။
မိမိနှင့်မဆိုင်၊ ကိုယ်နှင့်မဆိုင် ၀င်မစွက်ဟူသော သေးသိမ်သောသဘောထားနှင့် စိတ်အေးလက်အေးမနေပါနှင့်။
သူများတွေကိုယ်တိုင်က တာဝန်သိသလောက် တာဝန်ရှိရှိတုန့်ပြန်နေခြင်းကိုလည်း သူတော်ကောင်းယောင်ယောင်ဖြင့် ရွှေပြည်အေးတရား
မဟောပါနှင့်။  မကူညီချင်နေပါ။ မနှောင့်ယှက်ပါနှင့် ဟုသာ လေးလေးနက်နက် သတိပေးလိုက်ရပါတော့သည်။
♦♦►◄♦♦►◄♦♦
ကိုဂျူလိုင်ရဲရင့်တင်ခဲ့သော  ကိုယ့်သာသနာကို ကိုယ်တိုင်တကယ်ချစ်ပါသလား  ဆိုသောပို့စ်အောက်က စိတ်ဓါတ်တူ ကွန်မန့်ရှင်အချို့၏ မှတ်ချက်များကို မှတ်တမ်းတင်သည့်အနေဖြင့် ဖော်ပြလိုက်ရပါသည်။
Comment by minthargyi yesterday
အရှင်းဆုံးသက်သေကတော့ဂင်္ဂါမှဘော်လဂါသို့စာအုပ်ကိုဖတ်ကြည့်ကြစေချင်ပါတယ်Soviet border line အထိArfagannistan
အပါအ၀င်ပေါ့ဗျာရုပ်ပွားတော်ကြီးတွေဖျက်ဆီးပြီးဘယ်အမျိုးယုတ်တွေနေရာယူပြီးမင်းမူနေကြတယ်ဆိုတာအားလုံးအသိပါသား
ဖေါက်မျိုးပွားထိုကုလားကိုအပြုတ်နှံရန်အချိန်တန်ပြီ တွေ့.ရာသချိင်္ုင်းဓားမဆိုင်းဘဲမြန်မြန်ဆန်အမြစ်လှန်ရန်မြန်မာပြည်သား
တို့နိုးထလော့။
Comment by naingtun yesterday
007krish87ဆိုတဲ့ သူငယ်ချင်းရေ၊ ဘူးသီးတောင်၊မောင်းတောကို အား
ရင်တခေါက်လောက် သွားလည်ပါလား??? ဗုဒ္ဓဘာသာဝင် ဆိုတာမူးလို့ရှူစရာတောင်မရှိတော့ဘူးနော်၊
အဒီအခါကြရင် မင်းသိလိမ့်မယ်၊ မြန်မာပြည်တနေ့ အဒီလိုဖြစ်မယ်ဆိုတာ၊ ကြိုစဉ်းစားထား၊
မင်းလို ကလေးအတွေးနဲ့ သဘောကောင်းခဲ့လို့ မလေးရှား၊အင်ဒိုနီးရှားမှာ
ဗုဒ္ဓဘာသာကွယ်ခဲ့ပြီလေ၊ အခု ဗုဒ္ဓဘာသာရဲ့နောက်ဆုံးခံတပ်ဖြစ်တဲ့
မြန်မာပြည်သာ မွတ်စလင်ဖြစ်လို့ကတော့ မင်းချစ်လှပါတဲ့ ဗုဒ္ဓဘာသာဟာ ကမ္ဘာမှာ မတည့်တံ့နိုင်တော့ပါဘူး၊
ဗုဒ္ဓအလိုကျ မဟုတ်ပေမဲ့ သမိုင်းအဆက်ဆက်လိုအပ်ရင် ဘုရင်တွေကိုယ်တိုင် ဓားဆွဲပြီး ကာကွယ်ခဲ့ရတာပါ၊
မင်းဝင်မပါချင်ရင် ဘေးမှာအသာထိုင်နေပါ၊ ငါတို့က ဗုဒ္ဓဘာသာအတွက် ငရဲအကျခံပြီး ကာကွယ်မှာပါ၊
Comment by minthargyi yesterday
ကိုနေလင်းထွန်းရေ။ထောက်ခံတာတောင်အကြွင်းမရှိတဲ့ဗျာ။အဆိုတင်သွင်းသူနဲ့ခံသူကတော့ fit size ပေါ့ဗျာ။လူလယ်တွေဗျရည်
ရွယ်ချက်ရှိရှိကြံစည်နေကြတာမျိုးပြုတ်မှာကိုကြောက်နေစိုးရိမ်နေတာ(ကုလားမျိုးကိုလေ)007krish87!How  did  you know
about Buddhism? သာတရားကိုလက်ကိုင်ထားပြီးကုလားလူဝါးဝတာကိုတော့တရားမှတ်ပြီးသီးမခံဘူးဟေ့ငရဲမကလို့အ၀ီစိ
ဘဲကျကျဘာသာကိုခုတုံးလာမလုပ်နဲ့ဘာသာအကြောင်းဆွေးနွေးချင်ရငါ့အကောင့်ကိုအချိန်မရွေးလာခဲ့။rangoonhero@gmail.
com
Comment by နေလင်းထွန်း on Tuesday
ဒီစာကိုရေးသူဟာ ဗုဒ္ဓဘာသာလူသားတစ်ယောက်ဖြစ်ဖို့တော့သိပ်မသေချာဘူး   ဖြစ်နေခဲ့ရင်တောင်  တကယ်ချစ်တတ်တဲ့စိတ်ကတော့ လေးနက်မူမရှိလောက်ပါဘူး
Comment by နေလင်းထွန်း on Tuesday
ဒီစာကိုရေးခဲ့သူဟာ သဘောထားအမှန်နဲ့ဆိုရင်တောင်မှ  သူပြောတဲ့အတိုင်းသာလုပ်သွားမယ်ဆိုရင်  သူပြောခဲ့တဲ့ သာသနာဆိုတာရော  လူမျိုးဆိုတာပါ ပျောက်သွားလိမ့်မယ်    ဘာလို့လဲဆိုရင် ပုံမှန်သဘောထားနဲ့ဆက်ဆံလိုရတဲ့လူရှိသလို  ပုံမှန်မဟုတ်တဲ့ပုံစံမျိုးနဲ့ဆက်ဆံမှရတဲ့လူလို့လည်းလောကမှာရှိနေတတ်ပါတယ်။ ဒါကိုသိဖို့လိုတယ် ဘာသာတရားကဘာသာတရားပဲဆိုတဲ့စကားကတော့ သိပ်သဘာဝမကျနိုင်ပါဘူး  ဘာသာနဲ့လူမျိုးဆိုတာ ဒွန်တွဲနေတာပါ   လူမျိုးစုတစ်ခုရဲ့ ဘာသာဟာ  ထိုလူမျိုးများတန်မဖိုးမထားရင် သို့မဟုတ် မထိန်းသိမ်းရင်   အချိန်မတန်ခင်ပင်ကွယ်ပျောက်သွားပါလိမ့်မယ် ။  ယခုမြန်မာပြည်ဟာ အရင် နှစ် 50 လောက်ကမြန်မာပြည်နဲ့မတူဘူးမဟုတ်လား  ရန်ကုန်မြို့ရဲ့ အဓိကနေရာတွေ မှာဘယ်သူတွေစိုးမိုးထားတာလဲ  ဗမာတွေက သဘောတရားကိုသိပ်နားမည်တာလား လက်မခံကြတာလားတော့မသိတူး တော်တော်ညံ့ကြတယ်  နေရာကောင်းကိုကိုယ်တိုင်ဦးထားပြီမှ   သူများကိုဖယ်ပေးရတယ်ဆိုတဲ့အချက်ဟာ ညံ့လို့ပဲဖြစ်ပါလိမ့်မယ် ။ အမူမဲ့အမှတ်မဲ့နေတတ်တာရယ် ဒါတွေဟာ  လူမျိုးနဲ့ဘာသာကို  ပပျောက်ဖို့ အခွင့်ရေးတရပ်ဖြစ်နေခဲ့ပါတယ်  ခုအချိန်တိုင်းတာကြည့်မယ်ဆိုရင် လူဦးရေပိုင်းလည်းသိပ်မကွာတော့ဘူး   ရောထွေးမူကိုကြည့်လိုက်ရင်  ဘာသာခြားကမိန်းမတွေက မြန်မာယောက်ျားတွေကို သဘောကျနှစ်သက်တာအင်မတန်နည်းပြီး  မြန်မာမိန်းခလေးတွေက  နောက်ဘာသာမှ ယောက်ျားများကို ယူလာတာက တော်တော်များလာတယ်   ကျနော်တနေ့က ယုဇနပလာဇာကိုသွားတယ် အဲမှာ မြင်ကွင်းတစ်ခုတွေ့ခဲ့တယ်  မြန်မာကောင်းမလေးတစ်ယောက်က   ဘာသာခြား လူမည်းကောင်လေးတစ်ယောက်နဲ့လက်ချင်းဆက်သွားနေကြတယ်  လက်ချင်းလွတ်သွားရင် ဆယ်ကမ္ဘာဝေးသွားရမယ့်အတိုင်းပဲ တွဲထားတဲ့လက်က   ဒါတွေကိုကြည့်ရင် သူသဘောနဲ့သူပဲလိုထားလိုက်မလား?  ဒါမှမဟုတ်ငါ့နဲ့မဆိုဘူးဆိုပြီဥပေက္ခာပြုထားသင့်သလား? ဒါမြန်မာလူမျိုးကိုစည်းဖောက်တဲ့  မျိုးဖျက်လူသားတစ်ယောက်ပဲ  သူကိုမြင်ရင် သူလိုနောက်ထပ်ကိုယ့်ညီကိုယ်မောင်နှမများမဖြစ်ကြအောင် သင်ကိုယ်တိုင် ပြောဆိုဆုံးမတတ်ဖို့လိုပါတယ်   လောကမှာ မိဘဆိုတာ အမြတ်ဆုံးဖြစ်သလို    သားသမီးတို့ရဲ့ အနာဂတ်အတွက်လည်း အဓိကအကျဆုံးပါ  သားသမီးကောင်းစားဖို့ဆို ပြီးတပါးသူဘာသာမတူသူနဲ့လက်ထပ်ပေးတာမျိုးကို မီဘကောင်းလို့ နာမည်တပ်လို့၇မလား ?   မိဘတွေကိုယ်တိုင်ကလည်း  တချို့မိဘတွေဟာ ငွေကိုအလွန်အကျွံမက်မောမူကြောင်း  သားသမီးတွေကိ ဘာသာမတူသူတွေနဲ့ ပေးစားတာရှိပါတယ်  ဒါပေမယ့်  ခဏတော့ကောင်းစားကြပါတယ်  ရေရှည်မှာ အိမ်ကူတစ်ယောက်အဖြစ်နဲ့ပဲ အဆုံးသတ်သွားကြတာများပါတယ်
ဖာသိဖာသာနေလို့မရနိုင်ပါဘူး ကိုယ့်လူမျိုးကိုချစ်ရင် တရာသဘောကိုကျော်လွန်ပြီး လုပ်ရတဲ့အခြေနေမျိုးရှိရင်လည်း လုပ်တန်ကလုပ်ရပါလိမ့်မယ်   သူလုပ်တာသူ့အပြစ်ပဲလိုနေရာတိုင်းမှာထိုင်ကြည့်နေရင် သင်လည်း တနေ့ ရှေ့ကခံစားသွားရသူနဲ့မထူးသူတစ်ယောက်ပဲဖြစ်သွားပါလိမ့်မယ်
Comment by မိုးကျရွှေကိုယ် on Tuesday
I want to  see riot of religion or Muslin and Myanmar  fighting,If it time, I must kill, going to kill to Muslims of   the  whole Myanmar. 
လိုအပ်သောအကြံဥာဏ်နှင့် စာလုံးပေါင်းသတ်ပုံ၊ စာသားအထားသိုနှင့်တကွ ဖတ်ပျော်စေရန် တည်းဖြတ်သုတ်သင်ပေးသော
ညီမငယ် နီတာ အား ကျေးဇူးအထူးတင်ရှိပါသည်။
လေးစားလျက်
ကိုကြီးမိုင်း
Credit to KoGyiMind