Showing posts with label မောင်. Show all posts
Showing posts with label မောင်. Show all posts

Wednesday, December 18, 2013

မောင့်အတွက် (၁၀)



 ►► လွမ်းတယ်လို့ ပြောဖို့တောင်
အင်အားမရှိ
မောင် မှ မသိနိုင်ပဲကွယ် ~~

►► ဆောင်းက
တစ်ရက်ထက် တစ်ရက် ပိုလို့ အေးစက်
ကိုယ့်လက်တွေ
ဘယ်မှာဖွက်ရမလဲ ~~

►► အကြိမ်ကြိမ် လဲပြိုခဲ့တာတောင်
ကိုယ်ကတော့
နှင်းတောထဲမှာ နွေးမယ် ထင်တုန်း ~~

သံစဉ်ဖြူဖြူ
၁၇.၁၂.၁၃
၁၁း၃၅ ပီအမ်

Saturday, December 7, 2013

မောင့် အတွက် (၉)

►► စကားလုံးတွေ ပြည့်သိပ်လာတဲ့အခါ
ကိုယ်ရေးနေတဲ့ စာဟာ ဗလာ ဖြစ်သွားခဲ့ ~~

►► ပြောစရာတွေ ရင်နဲ့ မဆံ့တဲ့အခါ
ပွင့်ကျမလာဖို့
နှုတ်ခမ်းလွှာကို တင်းတင်းစေ့ထားရ ~~

►► ကိုယ့်ရဲ့ တိတ်ဆိတ်ခြင်းမှာ အသံတွေ ရှိတယ်
ကိုယ့်ရဲ့ ငြိမ်သက်ခြင်းမှာ လှုပ်ရှားမှု ရှိတယ်
ကိုယ့်ရဲ့ မျိုသိပ်ခြင်းမှာ ဆန္ဒတွေ ရှိတယ် ~~

►► နှုတ်ဆက်ကြစို့ကွယ်
ဝမ်းစာမပြည့်တဲ့ ချစ်ခြင်းတရားနဲ့တော့
ကိုယ့် နှလုံးသားကို ဖတ်ဖို့ အဆင်မပြေနိုင်ဘူး ~~

သံစဉ်ဖြူဖြူ
(၂၁.၁၁.၂၀၁၃)
၁၁း၁၃ ပီအမ်

Thursday, November 28, 2013

မောင့် အတွက် (၈)




♥♥ ချွဲသတဲ့လား မောင်
ကိုယ်ကတော့ နည်းတယ် ထင်မိ ~~

♥♥ တကယ်ပါ အဟုတ်
ကိုယ် သည်းသည်းလှုပ် ချစ်ပြချင်ရဲ့ ~~

၂၈.၁၁.၁၃
၃း၀၀ ပီအမ်

Tuesday, November 26, 2013

မောင့် အတွက် (၇)




ချမ်းသလား လွမ်းသလား ကိုယ်မသိ
တုန်ရီ လှိုက်မောမိတာ အမှန် ~~

စိတ်လိုလက်ရ မရှိတဲ့ စကားလုံးအချို့မှာ ကိုယ်က စီးမြော
မောင် ပေးတဲ့ အချိန် အချို့မှာ
မောင် ဘာပဲပြောပြော ကိုယ် ပျော်နေဆဲ ~~

ခဏလေး စောင့်ပါ မောင်
မနွေးထွေးတော့တာ သိနေရက်နဲ့
သွေးအေးသွားပြီလားလို့
ကိုယ် မမေးချင်သေးလို့ပါ ~~

သံစဉ်ဖြူဖြူ
(၁၆.၁၁.၂၀၁၃)
ည ၁၁း၁၀ မိနစ်

မောင့် အတွက် (၆)







►► အတိတ်ဆိုတဲ့အရပ်ကို မျက်နှာမူ
ရက်စွဲချိုချိုတွေဆီ ပျံသန်း
ကိုယ့်အခန်းမှာ
အလွမ်းရနံ့တွေ သင်းလို့ ~~

►► ပြန်လိုချင်ရဲ့
ပြန်လိုချင်ရဲ့
ပြန်လိုချင်ပါရဲ့ကွယ် ~~

►► ပြန်လှည့်ခွင့်မရှိတဲ့ အချိန်ယန္တရားမှာ
အလိုက်သင့် ကူးခတ်ရင်း
ကိုယ်အခန်းနံရံမှာ စာတစ်ကြောင်းရေးတယ် ..

"Time and Tide wait for no man"

►► အချိန်က ကိုယ့်ကို မစောင့်ပေမယ့်
ကိုယ်ကတော့ မောင့်ကို စောင့်နေပါ့မယ် မောင် ~~


သံစဉ်ဖြူဖြူ
(၁၆.၁၁.၂၀၁၃)
ည ၁၁း၂၈ မိနစ်

မောင့်အတွက် (၅)




ဟိုး အဝေးက ခွေးအူသံ သဲ့သဲ့ ကြားရဲ့
ကိုယ့် အပြုံးတွေ မဲ့ မဲ့ လာပြီ မောင် ~~

တ ဖြည်း ဖြည်း နက် လာ တဲ့ ည က
တ စ ထက် တ စ ငြိမ် သက် လာ ပေ မယ့်
ကိုယ့် အ တွေး တွေ ယောက် ယက် ခတ် နေ လေ ရဲ့ ~~

ဘယ် များ ရောက် နေ သ လဲ မောင် ~~

သံစဉ်ဖြူဖြူ
(၆.၁၁.၁၃)
ည ၁၁း၁၅ မိနစ်

မောင့်အတွက် (၄)




စကားလုံးတစ်ချို့မှာ မြစ်ဖျားခံ
ကိုယ့် ရင်ထဲကို စီးဆင်း
မောင် က
ကိုယ့်ရဲ့ မြစ်ကလေးတစ်စင်း ~~

ရေ စီး ကြမ်း မလား .. ရရဲ့ ။
လှိုင်း ထန် မ လား .. ရရဲ့ ။
ဟိုဒီ ကွေ့မလား .. ရရဲ့ ။
မြစ်ကြောင်းပြောင်းမလား .. ရရဲ့ ။

ဘယ်လို တာတမံမျိုးနဲ့မှ မဆီးကာ
လွတ်လပ်စွာ စီးဆင်း
ချည်နှောင်ခြင်းကင်းလို့
အဲဒါ .. ကိုယ့်ရဲ့ ချစ်ခြင်းပါ မောင် ~~

သံစဉ်ဖြူဖြူ
(၁၃.၁၁.၁၃)

မောင့် အတွက် (၃)




// စိုက် ကြည့် နေ မိ တဲ့ မျက် နှာ ပြင် အ နက် ရောင် လေး ကို
လက် ညှိုး လေး တစ် ချက် ထိ လိုက် ရုံ နဲ့
မောင် က ကိုယ့်ရဲ့ ဆက်သွယ်မှုဧရိယာထဲ ရောက်လာမှာ သိရဲ့နဲ့ ~~

// ခွင့်ပြုပါ မောင်
ဟို သီ ချင်း လေး ထဲ က လို လ မင်း က တ ဆင့် လွမ်းတဲ့စကား ပါး ပါ ရ စေ
လ ခြမ်း ကွေး ကွေး မှာ ကျွန်မ အ ပြုံး တွေ လည်း ချိတ် ဆွဲ ထား ရဲ့
မောင့် ပြူ တင်း တံ ခါး ဖွင့် ထား ဖို့ တော့ မျှော် လင့် မိ သား ကွယ် ~~

// လ က လေး ငယ် ငယ် ဆန်း စ မို့
မှိုင်း ညို့ ညို့ကောင်း ကင် မှာ ကြယ် ဖြူ တွေ မင်း မူ နေ လေ ရဲ့
ကိုယ့် အတ္တ လို့ ဆို ချင် ဆို
မောင့် ရင် မှာ တော့ ဘယ် ကြယ် စင် မှ မ လင်း စေ ချင် ဘူး ~~

// ကောင်း သော ည ပါ မောင်
ည ခင်း ရဲ့ အ လင်း ပြ ပြ မှာ မောင် အေး မြ ပါ စေ သား ~~

သံစဉ်ဖြူဖြူ
၁၃၇၅ ခုနှစ် တန်ဆောင်မုန်းလဆန်း (၃) ရက် —

မောင့်အတွက် (၂)




►► မော် နီ တာ ရဲ့ တစ် နေ ရာ တည်း ကို ခ ဏ ခ ဏ ကြည့် မိ
ကိုယ့် မျက် လုံး တွေ ညာ ဘက် ကို စွေ ချင် နေ ပြီ မောင် ~~

►► ကိုယ့် အ တွက် ရောက် လာ တာ မ ဟုတ် ခဲ့ ရင် တောင်
အ စိမ်း ရောင် လေး မြင် ရ ရုံ နဲ့ တင် ရင် ခုန် သံ မြန် ခဲ့ ~~

►► မြတ် နိုး မှု များ စွာ နဲ့
"မောင် ရေ" လို့
ကိုယ့် ဘက် က စ ပြီး ခေါ် ချင် တဲ့ စိတ် ကို ချုပ် ထိန်း
စိမ်း နေ တဲ့ မောင့် နာ မည် လေး ကို
မျက် တောင် မ ခတ် ဘဲ တ စိမ့် စိမ့် ကြည့်
ရင် ထဲ မှာ တော့ သိမ့် သိမ့် လှိုက် ဖို လို့ ~~

►► ၁ စ က္ကန့်
၂ စ က္ကန့်
....
....
စ က္ကန့် ပေါင်း များ စွာ ကို ဖြတ်
မိ နစ် ပေါင်း များ စွာ ကို ကျော်
မောင် ကိုယ့် ကို မ ခေါ် လည်း
ဒီ လို မျှော် နေ ရင်း နဲ့ ပဲ
ကိုယ် ပျော် နေ ခဲ့ ~~

(၇.၁၁.၂၀၁၃)
ည ၈း၁၉ မိနစ်

မောင့် အတွက် (၁)


 
 
 
// ဒီ ည
မောင့် ကမ္ဘာ သာ ယာ ပါ ရဲ့ လား ~~

// ရာ သီ ဥ တု ကြောင့် ဖြစ် ဖြစ်
ယာမကာ တစ်ခုခု ကြောင့် ဖြစ် ဖြစ်
မောင် ပူ လောင် အိုက် စပ် နေ မလား
အင်္ကျီ လေး တော့ ဝတ် ထား စေ ချင် တယ် မောင် ~~

// မောင်
လူ တော် တော် များ များ ဟာ အိပ် ပျော် နေ တဲ့ အခါမှာ
ပါး စပ် စေ့ မ နေ ဘူး တဲ့
တစ် ဝက် တစ် ပျက် ပွင့် နေ တဲ့ မောင့် နှုတ် ခမ်း လွှာကို ငေး ရင်း
ကိုယ် ကြည်နူး ချင် မိ တယ် မောင် ~~

// မောင့် န ဖူး ပြင် မှာ ချွေး စို့ နေ လေ မ လား
ဆံ စ ကို ဖွ ဖွ လေး သပ်
မြတ် မြတ် နိုး နိုး နဲ့
တစ် ခါ လောက် ခိုး ရှိုက် ချင် မိ တယ် မောင် ~~

// သြော် ..
ကိုယ့် ကမ္ဘာ လား
အိပ် မ ရ ပေ မယ့်
မောင့် ကို တမ်း တ ရင်း
ကိုယ့် အလွမ်း နဲ့ ကိုယ်
လန်း နေ ပါ တယ် မောင် ~~

သံစဉ်ဖြူဖြူ
(၈.၁၁.၁၃)