Monday, January 2, 2017

မိန်းကလေးရေ (၁)

Facebook သုံးတဲ့ မိန်းကလေးရေ
ကိုယ်က January ပါ
နှစ်တစ်နှစ်ကို မင်း ဖြတ်သန်းလာနိုင်ခဲ့ပြီမို့
၂၀၁၇ အနေနဲ့ မင်း နဲ့ ကိုယ် ပြန်ဆုံကြပြန်ပြီပေါ့။
ကြိုဆိုပါတယ်ကွယ်
နှစ်သစ်ပြောင်းသွားပြီဆိုတော့ မိန်းကလေးလည်း အသက် ၁ နှစ်ကြီးသွားပြန်ပြီပေါ့။
ဒီနှစ်မှာ ပိုရင့်ကျက်လာဖို့ မင်းကို မျှော်လင့်ပါတယ်ကွယ်

ပြီးခဲ့တဲ့ တစ်နှစ်လုံးမှာ
January ကစလို့ December အဆုံး
ကိုယ်တို့ ၁၂ ယောက်လုံးက Facebook မှာ တင်ကြတဲ့ပို့စ်တွေကို စောင့်ကြည့်ရင်း မင်းကို အမှတ်တွေ ပေးခဲ့ကြတယ်။
မင်း လည်း သိချင်မယ် ထင်ပါရဲ့ကွယ်။

►► အမှိုက်နဲ့တူတဲ့ ပို့စ်တွေ
___________________________________
Facebook ပေါ်မှာ အကျိုးမရှိတဲ့သတင်းတွေက အများကြီးပဲနော်။
ရွာသာယာက စေတီ ရောင်ခြည်တော် ကွန့်မြူးတယ်။
ကောင်းကင်မှာ မြတ်စွာဘုရား ပုံရိပ်ပေါ်တယ်။
ဗုဒ္ဓဘာသာမှန်ရင် ရှယ်ကြပါ။
ဘီသွေးတွေ ရှယ်ကြပါ။
စနေသမီးတွေ ရှယ်ကြပါ။
ရွာဦးကျောင်းဆရာတော် အိပ်မက် .. လမ်းပေါ်မှာ ဖယောင်းတိုင်ထွန်း သဲပုံပါ။
အမြီးနှစ်ခွနဲ့ ငါး .. လာဘ်ကောင်းတယ် ရှယ်ကြပါ။
........
အစရှိသဖြင့် .. အမှိုက်နဲ့တူတဲ့ ပို့စ်တွေ Share မလုပ်တဲ့အတွက် (၁) မှတ်ပေးပါတယ်ကွယ်။

►► ရင်းမြစ်မမှန်တဲ့ သတင်းတွေ
_______________________________
Facebook ပေါ်မှာ ရင်းမြစ်မမှန်တဲ့သတင်းတွေ သိပ်များလွန်းပါတယ်။
ဦးဖြူ ကို မောင်မဲ က ရိုက်လိုက်တာ သွား (၁၅) ချောင်းကျိုးသွားတယ်။
မတရားအဖမ်းခံထားရတဲ့ ကလေးတွေ တရားသေ လွှတ်လိုက်ပြီ။
သရုပ်ဆောင် ဘယ်သူ ဘယ်သူ ကားမှောက်လို့ ဆုံးသွားပြီ။

အစရှိသဖြင့်ပေါ့။

အဲဒီလို သတင်းတွေကို တွေ့တဲ့အခါ တင်ထားတဲ့သူ၊ တင်ထားတဲ့ မီဒီယာကိုကြည့်ပြီး
မှန်/မမှန် မဆုံးဖြတ်ကြဘဲ လွယ်လွယ်ကူကူ ဖြန့်ဝေတတ်ကြတယ်။

မိန်းကလေးကတော့ ရင်းမြစ်မမှန်တဲ့ သတင်းတွေကို Share မလုပ်တဲ့အတွက် (၁) မှတ် ပေးပါတယ်။

►► ပုဂ္ဂိုလ်ရေး အပုပ်ချသတင်းတွေ
__________________________
ပျားလေးတွေက ပန်းရဲ့ ရနံ့မွှေးမွှေးမှာ မွေ့လျော်တယ်။
ယင်ကောင်တွေက အညှီအဟောက်မှာ မြိန်ရှက်တယ်။
လူအချို့က ယင်ကောင်တွေလိုပဲ အညှီအဟောက်များတွေ့တဲ့အခါမှ
ပျော်သလို သူတပါးရဲ့ အတွင်းရေး၊ အရှုပ်အထွေးတွေ တွေ့တဲ့အခါမှာ မှန်/မမှန်ကိုတောင် မစိစစ်ကြဘူး။ ချက်ခြင်းကို မပြန့်ပြန့်အောင် ဝမ်းသာအားရ ဖြန့်ပေးတတ်ကြတယ်။

မိန်းကလေးရေ .. အဲဒီလိုကိစ္စတွေကို Share မလုပ်တဲ့အတွက် (၁) မှတ်ပါကွယ်။

►► ဘာသာရေးအရ အမုန်းပွားစေမယ့် သတင်းတွေ
______________________________________
လူအများစုဟာ ကိုယ် ယုံကြည်ကိုးကွယ်ရာ ဘာသာတရားကို မြတ်နိုးတတ်၊ ကာကွယ်တတ်ကြပါတယ်။
အဲဒီထဲက အချို့ဟာ ကိုယ် ယုံကြည်ရာကို ကိုးကွယ်ရုံသာမက အခြားဘာသာ၊ အခြားဘာသာဝင်တွေအပေါ်မှာ ရှုံ့ချ၊ ဝေဖန်၊ အပြစ်ရှာတတ်ကြတယ်။
အဲလိုလူတွေကို အသုံးချချင်တဲ့ လူအချို့ဟာ ဘာသာရေးအရ သွေးဆူနိုင်မယ့် အရေးအသားတွေနဲ့ သတင်းအမှားတွေကို ပေးတတ်ကြပါတယ်။

မိန်းကလေးကတော့ ကိုယ့် ယုံကြည်ကိုးကွယ်ရာကို ရင်ထဲမှာထားရင်း ဘာသာရေးအရ အမုန်းပွားစေမယ့် သတင်းမျိုး အကြောင်းအရာမျိုးကို
Share မလုပ်တဲ့အတွက် (၁) မှတ် ထပ်ပေးပါတယ်ကွယ်။

►► သူတစ်ပါးကို လှောင်ပြောင်တာ
____________________________________
အချို့သူတွေရဲ့ လုပ်ဆောင်ချက်က ကိုယ့်အမြင်မှာ ရယ်စရာ ဖြစ်နေတတ်တယ်။
အဲဒီမှာ မထိန်းနိုင်ဘဲ လှောင်ပြောင်မိတတ်ကြတယ်။
ထူးထူးဆန်းဆန်း ဝတ်စားတာ၊ ပြောဆိုတာမှ အစ
အားနည်းချက်လိုအရာမျိုးတွေအထိ ထုတ်ဖော်ပြီး လှောင်ပြောင်ရယ်မောရင်း
ပိုမို ပြန့်ပွားအောင် Share တတ်ကြတယ်။

မိန်းကလေးရေ .. အဲဒီလို ကိစ္စမျိုးမှာ ထိန်းသိမ်းနိုင်တဲ့အတွက်
ရှောင်နိုင်ခဲ့တဲ့အတွက် (၁) မှတ် ပါကွယ်။

မိန်းကလေးရေ ..
မင်းမှာ အဲဒီလို ချစ်စရာကောင်းတဲ့အချက်လေးတွေ ရှိတဲ့အတွက်
ဂုဏ်ယူပါတယ်ကွယ်။
ပြည့်စုံတဲ့သူ ဖြစ်ဖို့ မလွယ်တော့ လိုအပ်ချက်တွေတော့ အများကြီး ရှိသေးတာပေါ့။
နှစ်သစ်ဦးမှာ ချီးမွမ်းစကားတွေပဲ ပြောချင်တဲ့အတွက်
အပြစ်တင်စကားတွေ မင်းကို မပြောသေးပါဘူးကွယ်။
မင်းလည်း ငယ်တော့တဲ့အရွယ်မဟုတ်တဲ့အတွက်
လိုအပ်ချက်တွေကို ကိုယ်တိုင် သုံးသပ်ပါ။
လုပ်သင့်တာနဲ့ မလုပ်သင့်တာကို ဆင်ခြင်တုံတရားကို လက်ကိုင်ထားပြီး
ဆုံးဖြတ်ပါ။

ကိုယ့်အနေနဲ့ကတော့ ခုလိုအခြေခံအချက်လေးတွေ ပြည့်စုံတာနဲ့တင်
မင်းကို လက်ခုပ်တီးပါတယ်ကွယ်။
နောက်နောင်လည်း သတိတရား လက်ကိုင်ထားပြီး
ကိုယ်ချင်းစာတရားကို ရင်ထဲထည့်
၂၀၁၇ တစ်နှစ်ပတ်လည်လုံးမှာ facebook သုံးရင်း ပျော်ရွှင်ပါစေကွယ်။

...............

သံစဉ်ဖြူဖြူ
(၁.၁.၂၀၁၇)

3 comments:

  1. လာလည်သွားတယ်နော်

    ReplyDelete
  2. Borgata Hotel Casino and Spa, Atlantic City - Dr.MCD
    Borgata 광주광역 출장마사지 Hotel 아산 출장안마 Casino and Spa, Atlantic 용인 출장샵 City. 고양 출장안마 1 Borgata Way, Atlantic City, NJ 08401. Borgata Way, Atlantic 경산 출장샵 City, United States.

    ReplyDelete
  3. တော်လိုက်တာကွယ်. ခုရေးတဲ့မိန်းကလေးက ၁၂ မှတ်ရသလား

    ReplyDelete