Showing posts with label တိုတိုထွာထွာ. Show all posts
Showing posts with label တိုတိုထွာထွာ. Show all posts

Saturday, August 6, 2016

သူ နဲ့ ကျွန်မ (၁)

သူ စိတ်တွေ မလန်းတော့
နှုတ်ခမ်းကြီး စူတည်
အိုအိရှီ လို့ ကျွန်မ ပြော
သူ ရယ် ပါ လေရော ။

 သံစဉ်ဖြူဖြူ
(၇.၆.၂၀၁၆) အင်္ဂါနေ့

ချစ်သူ

မှဲ့ကလေးကို ခေါင်းအုံး
သူ့ ပါးချိုင့်လေးထဲ ဝင်ပုန်းချင်ရဲ့
ကိုယ့် ရင် နုံးတဲ့အခါ ။

Thursday, May 7, 2015

March

မတ်ခ်ျ ... မတ်ခ်ျ .. မတ်ခ်ျ
ဂူအောင်းကာ နေချင်ပါရဲ့
ပူချက်က ရက်စက်၊

ဖြူလက်စို မောင့်သက်ထားနှယ်
မူ ပျက် ယို ဘ ဝ ပြောင်း တယ်
ညို ပြောက် ကျား ကွက် ။ ။


 ၂၀.၃.၂၀၁၅

တိုတိုထွာထွာ

သုံး ရက် လ ..
ခုံး မျက် စ .. တဲ့ .. ။
နှစ် ရက် ည
ပက် လက် လ က လေး က တော့
ကောင်း ကင် မှာ
လက် သည်း ရှ သလို
ခပ် ပြ ပြ ရယ် ။


(၂၁.၃.၂၀၁၅)
ရန်ကုန်မှ မအူပင်သို့ အပြန် ကားပေါ်မှ မြင်ရသော မြင်ကွင်း

Tuesday, November 26, 2013

တိုတိုထွာထွာ

စို့နေတဲ့ ချွေး
တစ်ချီသွေးရုံနဲ့ အေးမယ် ထင်ရဲ့
ဒီနေ့မှပဲ လေက ငြိမ်လွန်းတယ် ~~

(၂၅.၁၁.၂၀၁၃)
ည ၁၀း၄၀