Saturday, December 7, 2013

မောင့် အတွက် (၉)

►► စကားလုံးတွေ ပြည့်သိပ်လာတဲ့အခါ
ကိုယ်ရေးနေတဲ့ စာဟာ ဗလာ ဖြစ်သွားခဲ့ ~~

►► ပြောစရာတွေ ရင်နဲ့ မဆံ့တဲ့အခါ
ပွင့်ကျမလာဖို့
နှုတ်ခမ်းလွှာကို တင်းတင်းစေ့ထားရ ~~

►► ကိုယ့်ရဲ့ တိတ်ဆိတ်ခြင်းမှာ အသံတွေ ရှိတယ်
ကိုယ့်ရဲ့ ငြိမ်သက်ခြင်းမှာ လှုပ်ရှားမှု ရှိတယ်
ကိုယ့်ရဲ့ မျိုသိပ်ခြင်းမှာ ဆန္ဒတွေ ရှိတယ် ~~

►► နှုတ်ဆက်ကြစို့ကွယ်
ဝမ်းစာမပြည့်တဲ့ ချစ်ခြင်းတရားနဲ့တော့
ကိုယ့် နှလုံးသားကို ဖတ်ဖို့ အဆင်မပြေနိုင်ဘူး ~~

သံစဉ်ဖြူဖြူ
(၂၁.၁၁.၂၀၁၃)
၁၁း၁၃ ပီအမ်

No comments:

Post a Comment