Saturday, December 7, 2013

ကံဆိုးမ

►► မျက်ဝန်းတာအကျိုးမှာ
နောင်တတွေ တနင့်တပိုးနဲ့
အလွမ်းတွေ တိုးသထက်တိုးလာခဲ့ ~~

►► သတိမထားဘဲ ရှိုက်လာခဲ့တဲ့ အသက်ရှူခြင်းဟာ
ခက်ခဲချိန်ရှိမှန်း
မွန်းကြပ်လာတော့မှ သိရ ~~

►► စဲပါတော့ စဲပါတော့
စဲပါတော့ကွယ်
ရွှဲရွှဲစိုနေခဲ့ပြီပဲ

ကိုယ်သွားရာပါ
တစ်ကိုယ်စာသာရွှဲတဲ့
ပေါက္ခရဝဿမိုးသည်းသည်း
အခုပဲ စဲလို့ ရပ်တန့်ပေးပါတော့
ကံဆိုးမ အဖြစ်က ကိုယ်လွတ်မြောက်ချင်လို့ပါ ~~

သံစဉ်ဖြူဖြူ
(၂၁.၁၁.၂၀၁၃)
၈း၀၄ ပီအမ်

မှတ်ချက်။ ။ ( "စဲ" အား "ဆဲ" ဟု မဖတ်ရ။ )

No comments:

Post a Comment