Saturday, August 6, 2016

အကာကြိုက်သူများ

►► ပေါက်ပင်တွေ ကိုင်းတိုင်း
ဗျိုင်းကိုသာ မြင်ရင်ဖြင့်
သမိုင်းဆိုတာ
အုတ်ကျင်း နဲ့ အင်းစိန်ကြားသာ သိလိမ့်မယ်။

► အချို့က အမှန်တကယ် အ လို့
► အချို့ကတော့ အလျှံပယ် ဝ ဖို့
ဇာတ်ရှုပ်ထဲ ကကြတယ် ။

►► ခြုံလွှာ တန်ခိုးနဲ့
ထုပ်ပိုးထားတော့
စိတ်ဓာတ်အသိုးကို မမြင်
ရိုကျိုးကြ
ခိုကိုးကြ
ဒါမျိုးတွေ တန်ဖိုးတက်နေသမျှ
မိုးလင်းဖို့တော့ ခက်ဦးမှာ။

►► ညီမလေးရေ
ဇွတ်မတားပါဘူး
ကောင်းမယ်ထင်ရင် သုံးကြည့်လိုက်
အဲဒီတောင်းတွေ အကွပ်တော့ လှတယ်။
သံစဉ်ဖြူဖြူ
(၁၅.၇.၂၀၁၆)

No comments:

Post a Comment