Saturday, August 6, 2016

အားကျခြင်း

// ဟိုက်ဒရိုဂျင်အပြည့်နဲ့ အမြင့်ကို ရောက်နေတဲ့
ပူပေါင်းလေးတစ်လုံးက
အပျံသင်စ ငှက်ကလေးကို ငုံ့ကြည့်ရင်း အားကျ
ဘယ်သူနားလည်နိုင်မှာတဲ့လဲ
ကိုယ့်အင် ကိုယ့်အားနဲ့ ပျံသန်းချင်ပေမယ့်
အတောင်ပံ မရှိတဲ့ ဘဝကိုလေ ။

 // အပျံသင်စ ငှက်ကလေးက
သူ့နံဘေးကဖြတ်
တရိပ်ရိပ်တက်သွားတဲ့ ပူပေါင်းလှလှလေးကို အားကျ
ဘယ်သူတွေးကြည့်ဖူးမှာတဲ့လဲ
အတောင်ခတ်ရလွန်းလို့
ညောင်းနေရှာတဲ့ ငှက်ကလေးတွေရဲ့ဘဝကိုလေ။

သံစဉ်ဖြူဖြူ
7.7.16
12:05 am

No comments:

Post a Comment