Saturday, August 6, 2016

ကမ္ဘာမပျက်မီ တစ်ရက်အလို

ကမ္ဘာမပျက်မီ တစ်ရက်အလို
_____________________
ချစ်သူရေ လာကွဲ့
မနက်ဖြန် ကမ္ဘာပျက်မတဲ့
ကိုယ့်အနားမှာနေ
ကြယ်ပွင့်တွေ ရေရအောင်လေ

ဝန်ပိုစရာတွေ နား
သဝန်တိုတာတွေ ထားလိုက်တော့
အာဃာတတွေ ငြှိမ်းလို့
မာနတွေလည်း သိမ်းလိုက်ကြမယ်
ချစ်ခြင်းတရားကလွဲရင်
ကျန်တာအားလုံး ခဏမေ့
ကမ္ဘာမပျက်ခင်နေ့ မှာ
အတူကြိုက်ဖူးတဲ့ သီချင်းတစ်ပုဒ်ကိုဖွင့်
လွင့်လာတဲ့ သံစဉ်နဲ့အတူ
အရာရာကို ရင်ဆိုင်ဖို့ အသင့်ပြင်ရအောင်
လာပါ ချစ်သူရယ်
မနက်ဖြန် ကမ္ဘာပျက်မှာမို့
ကိုယ့်အနားကို ကပ်
ကြယ်ပွင့်တွေ တွက်ကြစို့ကွယ်
သံစဉ်ဖြူဖြူ
၂၀.၁၂.၂၀၁၂
(၂၀၁၂) မှာ ကမ္ဘာပျက်မယ် ဆိုတုန်းကပေါ့ ..

No comments:

Post a Comment