Saturday, August 6, 2016

ချစ်စု

ဟိုတစ်ခေတ်
အလောင်းစည်သူမင်းကြီးဟာ ..
လက်ညှိုးညွှန်ရုံနဲ့ ရေဖြစ်သတဲ့ ။

ဒီဘက်ခေတ်
ကိုယ်တို့ခေါင်းဆောင်အစစ်
လူတွေ ချစ်လိုက်ပုံများ
လက်ညှိုးညွှန်ရာ ရေမဖြစ်ပေမယ့်
ခြေလှမ်း အသစ် အသစ် တိုင်းမှာ
လူပင်လယ်ကြီးဖြစ်တယ် .. ။

သံစဉ်ဖြူဖြူ
၂၄.၆.၂၀၁၆
၁၀း၅၆ အေအမ်

No comments:

Post a Comment