Thursday, May 7, 2015

နွံလယ်က ကြာပွင့်ငယ် .. သို့

► ရေတွေ နောက်နေသလား
မင်း သာ ကျောက်ချဉ်
ကန်ရေပြင် ကြည်စေလိမ့် .. ။

► ဌာန နာမည်ပျက်နေလား ..
မင်း က စလို့ ဖြောင့်မတ်
ဂုဏ်သတင်း တက်စေလိမ့် .. ။


► ကဲ .. သူငယ်ချင်း
ကန်ရေပြင် ပို မနောက်ဖို့
ကျောက်ချဉ် အဖြစ် သုံးမရရင်တောင်
ရွှံ့လုံး မစင်တုံး အဖြစ်နဲ့
မင်း .. လူဖြစ်မရှုံးစေနဲ့ကွာ .. ။

 (ညိုညစ်ညစ် ရေပြင်အလယ်က ကျောက်ချဉ် နဲ့ တူတဲ့ မောင်ငယ်လေး နဲ့
အတူရှိနေတတ်တဲ့ ရွှံ့လုံးလေးများ အတွက် အမှတ်တရ .. )

(၂၀.၄.၂၀၁၅)
ညနေ ၆ နာရီ

No comments:

Post a Comment