Thursday, May 7, 2015

အရိပ်ထဲက ပန်းတစ်ပွင့်


►► သား .. မလိုက်ရဘူးနော် ..
မင်း အဖေက ဝန်ထမ်း .. ။
ခြေလှမ်း ဟန် ပြင်နေဆဲ
မေ မေ က ဆွဲ .. ။

►► မ သွား ပါ နဲ့ မောင် လေး ရယ်
သွေးထွက်မှာ မကြည့်ရက်
အားပေးရုံ နဲ့ နင် ကျေ နပ် ။
မမ က ဖျက် .. ။
►► ငါ တို့ လည်း အား ပေး ပါ တယ် ..
ပညာရေး မြင့်စေချင်တယ်
အား လုံး ရှေ့ ဦး ဆောင် ချင် ရက်
တစ်နှစ်စာ ကျောင်းစရိတ်ကို
ကိုကို က တွက် .. ။
►► ကြွေးကြော်သံ မြည်
စစ်ကြောင်းရယ် ချီလာတော့
နံရံကွယ် အနောက်ဘက်မှာ
သွေးကြောင်သူ နာမည်ပျက်နဲ့
ကျွန်တော် က ရှက် ... ။

 ကွန်ပျူတာတက္ကသိုလ် ကျောင်းသူဟောင်းတစ်ဦး
(၉.၂.၂၀၁၅)

No comments:

Post a Comment