Thursday, May 7, 2015

ညီမလေး .... သို့

ညီမလေး ရေ ..
ချစ် သူ ရ နေ ပြီ ဆို တော့ ပျော် နေ မှာ ပဲ လို့ ထင် နေ ခဲ့ တာ ..။
ခု တော့ ငို နေ ရ သတဲ့လား .. ။
ကြိတ် ပြီး ငို နေတဲ့ ညီမလေး ရဲ့ မျက် ရည် တွေကို မြင်ရတော့ နည်း နည်း မေး စရာ ပေါ် လာတယ်လေ .. ။

သူ့ကြောင့် ညီမလေး ပျော်ခဲ့ဖူးတာ ဘာတွေ ရှိသလဲ ..
သူ့ကြောင့် ညီမလေး စိတ်ညစ်ခဲ့ရတာ ဘာတွေ ရှိသလဲ .. ဆိုတာမျိုးပေါ့ ။
ပြီးတော့ ..
သူ့အတွက် ဖြည့်ဆည်းဖို့ ညီမလေး ဘယ်လောက် ကြိုးစားခဲ့သလဲ .. ။
ညီမလေး အတွက် ဖြည့်ဆည်းဖို့ သူ ဘယ်လောက် ကြိုးစားခဲ့ဖူးသလဲ .. ။
အချစ်မှာ တွက်ချက်မှုတွေ နှိုင်းယှဉ်မှုတွေ ပါလာတာ မကောင်းဘူးဆိုပေမယ့်
သုံးသပ်ဖို့တော့ လိုအပ်တယ် မဟုတ်လား .. ။
သူ့ဘက်က ကြိုးစားမှုတွေကို မသိရပေမယ့်
ညီမလေး သူ့အပေါ် အလေးထားတဲ့ စိတ်တွေ၊ အရာရာ ဖြည့်ဆည်းပေးချင်တဲ့ စိတ်တွေ၊
မျှဝေခံစားပေးချင်တဲ့ စိတ်တွေ ရှိနေတာကို မမ မြင်နေရတယ်လေ .. ။
ဘဝ ခရီး ကို အတူ လျှောက်ဖို့ ရည်ရွယ်ထားပြီ ဆိုမှတော့
ခရီးဆုံးအထိ အတူလျှောက်နိုင်ပါ့မလား ဆိုတာ ကြိုတွေးထားရမှာ ..
လမ်းတစ်လျှောက်လုံး တစ်ဖက်တည်းက ပဲ သည်းခံ ဖြည့်ဆည်းပေးသွားဖို့ဆိုတာ ခက်ခဲလွန်းတယ် မလား .. ။
ဘယ်လိုလဲ ညီမလေး ..
လက်တွဲပြီး သွားချင်လား .. ။
ကုန်းပိုးပြီး ခေါ်သွားချင်လား .. ။
ကိုယ် သွားချင်တဲ့ နည်းလမ်း ဟုတ်မဟုတ်
အချိန်မနှောင်းမီ သိရအောင်
တွက်ချက်မှု မဆန်တဲ့ သုံးသပ်မှုလေးတော့ လုပ်ရအောင်နော် .. ။
တစ်ခါလောက် ချရေးကြည့်ပါလား ..
တစ်ဖက်မှာ သူ ကိုယ့်အပေါ် ကောင်းခဲ့တဲ့ အချက်တွေ
နောက်တစ်ဖက်မှာ ကိုယ် သူ့အပေါ် ကောင်းခဲ့တဲ့ အချက်တွေ .. ။
(တိုက်ဆိုင်မှု ရှိသူတိုင်းကို ရည်ရွယ်၍ ခပ်တည်တည် ဖြင့် ဆရာ လုပ်သည်။)

(၁.၂.၂၀၁၅)

No comments:

Post a Comment