Thursday, May 7, 2015

ကြွေရွက်များသို့

ကြွေ ရွက် များ သို့ ...
~~~~~~~~~~~
## မျက် ဝန်း တွေ ကို ကာ ကွယ် ဖို့
မျက် တောင် တွေ ရှိ နေ သ လို မျိုး ...
## ခေါင်း ခွံ ကို ကာ ကွယ် ဖို့
ဆံ ပင် တွေ ရှိ နေ သ လို မျိုး ..

~~ မောင် လေး ရေ ..
မင်း တို့ ဟာ လေ
ခန္ဓာကိုယ် ရဲ့  ဆဲလ် အ သေ တွေ မ ဟုတ် ဘူး .. ။
## မောင် လေး ရေ
အချို့ က လေ
မင်း တို့ ကို မျက် တောင် တွေ ဆံ ပင် တွေ လို သ ဘော ထား ကြ ..
တောက် ပ လာ အောင် အ ရောင် တင် ပေး ကြ ..
ကော့ ညွှတ် လာ အောင် ပြင် ဆင် ပေး ကြ ..
အများ အမြင် သပ် ရပ် လှ ပ နေ ပေ မယ့် ..
တစ် ပင် လျော့ လည်း အ လေး မ ထား ..
နှစ် ပင် လျော့ လည်း အ လေး မ ထား ..
အဖျားက တိတိ
အရင်းထိ ညှပ်ညှပ်
အမြစ်က ကျွတ်ထွက်ရင် တောင်
ဂရုမစိုက် တတ် သူ .. ။
## မောင် လေး ရေ
ငါ တို့ က လေ
မင်း တို့ ကို အ ရေ ပြား လို သ ဘော ပိုက် ..
ဂ ရု စိုက် ဖို့ မေ့ နေ တတ် သူ ..
နေ ရောင် ထိုး ထိုး
မိုး ပဲ စို စို
ညို ရင် တောင် သ နပ် ခါး မ လူး ဖြစ် ပေ မယ့် ..
ဆူး စူး ရင် တောင် မ နေ တတ်
ရှ ပြတ် ခဲ့ ရင် နာ ကျင် တဲ့ သူ .. ။
## မောင် လေး ရေ
ကိုယ့် သ မိုင်း ကိုယ် ရေး ..
ကိုယ့် ဘ ဝ ကိုယ် ရွေး ရ တာ မှန် ပေ မယ့် ..
အ ဖိုး တန် တဲ့ မင်း တို့ ဘ ဝ တွေ က ...
ညှပ် ပြီး ပစ် ရ တဲ့ လက် သည်း တွေ မ ဖြစ် သင့် ဘူး ..
ရစ် ထွေး ကျွတ် ထွက် သွား တဲ့
ဆံ ပင် တွေ မ ဖြစ် သင့် ဘူး .. ။
## သစ် ရွက် တွေ ကြွေ တိုင်း
ငို ကြွေး မိ တဲ့ သစ် ပင် လို မျိုး ...
## တကယ်ပါ ..
မင်း တို့ ထိ ရှ တိုင်း ..
မင်း တို့ ထိ ရှ တိုင်း ..
မင်း တို့ ထိ ရှ တိုင်း မှာ
ငါ တို့ ... နာ ကျင် နေ ရ တာ .. ။
(၁၂.၂.၂၀၁၅)

No comments:

Post a Comment