Thursday, May 7, 2015

အိမ်ကြက်ကလေးများ

အိုးမည်း သုတ် ခံ ရ တာ လား ..
မဟုတ်ဘူး
ဆေး ရောင် စုံ ခြယ် ခံ ခဲ့ ရ တာ .. ။
ဒီ လို နဲ့
ခြံထဲက ကြက် လေး တွေ ဟာ
တစ်သားတည်း ပေါက်ခဲ့သူတွေကိုတောင်
မ သိ နိုင် တော့ ... ။

ဟို နား လည်း ခွပ်
ဒီ နား လည်း ခွပ်
သူ တို့ တွေ သံ ပြိုင် ရွတ် တယ်
အောက် အီ အီး အွတ် !!!

(ကြက်ကလေး တွေ ဘေးကင်းပါစေ
ကြက်ကလေး တွေ သွေး ရင်း ပါ စေ
အချင်းချင်း ခွပ်ခြင်းမှ ကင်းဝေးကြပါစေ)

(၁၂.၃.၂၀၁၅)

No comments:

Post a Comment