ကျောင်းသား
ဒီစကားလုံးက ကိုယ်နဲ့ လားလားမှ မဆိုင်သလို ။
♦♦ အဖြူအစိမ်းလေးဝတ်
ကျောင်းကိုတော့ ချစ်ခဲ့ဖူးပါရဲ့
အဖြူ အစိမ်း ပေါ် အဖြူအစိမ်းထပ်ဝတ်
ဘာမှန်းမသိတာတွေလည်း ဖြစ်ခဲ့ဖူးပါရဲ့ .. ။
♦♦ ကျောင်းကို အချိန်မှန်သွားရမယ်
ကျောင်းကနေ အချိန်မှန်ပြန်လာရမယ်
အချိန်ပိုခေါ်ရင် တက်ရမယ်
အချိန်ပိုကြေး ပေးရမယ်
အတန်းပိုင်ဆရာဆီ ကျူရှင်တက်ရမယ်
♦♦ ရေဒီယိုဆိုတာ မြဝတီကလာတဲ့ သီချင်းတွေ နားထောင်ဖို့
တယ်လီဗေးရှင်းဆိုတာ တရုတ်သိုင်းလောကကြီးအကြောင်းသိဖို့
ဒီစကားလုံးက ကိုယ်နဲ့ လားလားမှ မဆိုင်သလို ။
♦♦ အဖြူအစိမ်းလေးဝတ်
ကျောင်းကိုတော့ ချစ်ခဲ့ဖူးပါရဲ့
အဖြူ အစိမ်း ပေါ် အဖြူအစိမ်းထပ်ဝတ်
ဘာမှန်းမသိတာတွေလည်း ဖြစ်ခဲ့ဖူးပါရဲ့ .. ။
♦♦ ကျောင်းကို အချိန်မှန်သွားရမယ်
ကျောင်းကနေ အချိန်မှန်ပြန်လာရမယ်
အချိန်ပိုခေါ်ရင် တက်ရမယ်
အချိန်ပိုကြေး ပေးရမယ်
အတန်းပိုင်ဆရာဆီ ကျူရှင်တက်ရမယ်
♦♦ ရေဒီယိုဆိုတာ မြဝတီကလာတဲ့ သီချင်းတွေ နားထောင်ဖို့
တယ်လီဗေးရှင်းဆိုတာ တရုတ်သိုင်းလောကကြီးအကြောင်းသိဖ
ဒါမှမဟုတ် ... ဟိုလူကြီးတွေ ခရီးထွက်တဲ့အကြောင်းတွေ အောင့်အည်းစောင့်ကြည့်ရတဲ့အရာ၊
BBC, VOA ဆိုတာတွေဟာ
မိုးလုံးပြည့် မုသာဝါဒတွေ ထုတ်လွှင့်တဲ့အရာလို့ မှတ်ယူခဲ့ ။
♦♦ ထူးချွန်ကျောင်းသားအဖြစ်နဲ့ ဥာဏ်စမ်းပဟေဠိဖြေဖို့
တို့တာဝန် အရေး (၃) ပါးကို အာဂုံဆောင်
သမိုင်းထဲက ကျောင်းသားအရေးတွေ ရှောင်ခဲ့တယ်
ဦးတည်ချက် (၁၂) ရပ် အလွတ်ကျက်
ကျောင်းသားသွေးဆက် ပြတ်ခဲ့တယ်။
♦♦ တက္ကသိုလ်ကျောင်းသားဘဝ ဆိုတာ

ရုပ်ရှင်တွေ ဝတ္ထုတွေထဲမှာ ပျော်စရာ
လက်တွေ့ဘဝထဲမှာတော့
စနေ တနင်္ဂနွေသာ ကျောင်းတက်ခဲ့ရ .. ။
ကိုယ်တို့အဖွဲ့တွေဟာ
ဖွင့်ထားတဲ့ ကောလိပ်ပေါင်းစုံမှာ တန်းစီတိုးဝှေ့
စနေ တနင်္ဂနွေသာ ကျောင်းတက်ခဲ့ရ .. ။
ကိုယ်တို့အဖွဲ့တွေဟာ
ဖွင့်ထားတဲ့ ကောလိပ်ပေါင်းစုံမှာ တန်းစီတိုးဝှေ့
(လယ်ကွင်းထဲမှာပေါ့လေ ... )
ဖြန့်ကြဲခံလိုက်ရတဲ့ ဇီးဖြူသီးတွေ အဖြစ်နဲ့
ကျောင်းသားဘဝအစစ်တွေ မေ့ပစ်ခဲ့ရတယ် ။
♦♦ ကျောင်းသားဟာ နိုင်ငံရေးစိတ်မဝင်စားသင့်ဘူး
ကျောင်းသားဟာ ကွန်ယက်မဖွဲ့ရဘူး
ကျောင်းသားဟာ မိတ်ဆုံစားပွဲ မလုပ်ရဘူး
ကျောင်းသားဟာ ... ။
ကျောင်းသားဟာ ... ။
♦♦ မှိုင်းတွေမှန်းမသိတော့
အရောင်ရင့်ရင့်တွေ ပေကျံလာလည်း
ကိုယ့်ဘဝတွေကို မှန်တယ် ထင်ခဲ့
မပြောရဲတာကို မပြောသင့်တာ ထင်ခဲ့
အကြောက်တရားကို စည်းကမ်းရိုသေမှုလို့ ထင်ခဲ့ .. ။
♦♦ ဒီလိုနဲ့ပဲ
၈၀ အလွန် နှစ်ဘူတာမှာ လူဖြစ်လာခဲ့သူတစ်ယောက်ဟာ
ခုလိုရာသီရောက်တော့
မှိုင်းကလေး မပြယ့်တပြယ်မှာ

ကိုယ့်ကိုယ်ကို ကျောင်းသားလို့ ပြောရမှာ ရှက်ရွံ့နေခဲ့ပါတယ် ။
သံစဉ်ဖြူဖြူ
(၉.၇.၂၀၁၄)
(ရဲရဲတောက် ကျောင်းသားတွေ အကြောင်း ဖတ်ရတဲ့အချိန်မှာ
ဒီလိုအတွေးတွေ ပေါ်လာပါတယ်)
ဒီလိုအတွေးတွေ ပေါ်လာပါတယ်)
No comments:
Post a Comment