Monday, September 22, 2014

ချစ်သူချော့တေး (၁)

ခေး ငိုရင်
ကိုယ့် ရင်တွေ ပြိုလို့
မျက်ဝန်းညိုရဲ့ မှိုင်းညို့မှုမှာ
ရာသီခွင်ဟာ မသာယာနိုင်တော့
...................
တိတ်ပါတော့ ခေးရယ် .. ။

ခေး ပါးပြင်ထက်က
မျက်ရည်တစ်စက်ဟာ
ကိုယ့် အတွက် မီးထက် ပူစေခဲ့
ရင်တစ်ခုလုံး ဘလောင်ဆူလို့
...................
တိတ်ပါတော့ ခေးရယ် .. ။


ခေး ရဲ့ ရှိုက်သံတစ်ချက်မှာ
ကိုယ့် ထွက်သက်ဟာ
ရပ်တန့်တော့မလို
စိုးထိတ် ကြောက်လန့်လို့
...................
တိတ်ပါတော့ ခေးရယ် .. ။

သံစဉ်ဖြူဖြူ
၂၂.၉.၂၀၁၄

1 comment:

  1. ကိုကဘာကောင်မှတော့မဟုတ် ဒါပေမယ့် friကဗျာလေးတွေက ပေါ့နေတယ် ဒါပေမယ့် ကြိုက်တယ်

    ReplyDelete