Thursday, March 8, 2012

ကမ္ဘာ့အမျိုးသမီးများနေ့ကို ဂုဏ်ပြုကြပါစို့ ♦♦

ဒီနေ့ကတော့ ကမ္ဘာ့အမျိုးသမီးများနေ့ ဖြစ်ပါတယ်

ဒီနေ့အတွက် ဆောင်ပုဒ် ကတော့
Connecting girls, Inspiring futures
ဖြစ်ပါတယ်။

If every International Women's Day event held in 2012 includes girls in some way, then thousands of minds will be inspired globally.
အနာဂတ်ကို လွှမ်းမိုးဖို့ အမျိုးသမီးများ ပေါင်းစည်းစို့
လို့ပဲ ဘာသာပြန်လိုက်ပါရစေ

ဆိုရှယ်လစ် နဲ့ အခြားသော နိုင်ငံရေး လူပ်ရှားမှုတွေ ပေါ်ပေါက်လာပြီး နောက်ပိုင်း အမျိုးသမီးများရဲ့ စွမ်းဆောင်မှုက အသိအမှတ်ပြု ယုံကြည်အားထားလာရတဲ့အတွက် ဒီနေ့ကို အမျိုးသမီးများ အတွက် ဂုဏ်ပြု သတ်မှတ်ပေးခဲ့တယ်ပြောပါတယ်။ ဥရောပ အရှေ့နိုင်ငံတွေ နဲ့ ယခင် ဆိုဗီယက် နိုင်ငံတွေမှာတော့ မတ်လ (၈) ရက်နေ့ (Gazetted Holiday) အစိုးရ ရုံးပိတ်ရက် အဖြစ် သတ်မှတ်ပါတယ်။ IWD ကို ကမ္ဘာ့မြောက်ဘက်ခြမ်း နိုင်ငံတွေမှာတော့ မတ်လရဲ့ပထမဆုံး ရက်သတ္တပါတ်၊ ဆောင်းနှောင်းရာသီ (ဆောင်းအကုန်၊ နွေအကူး ကြားကာလ (the season after winter and before summer) မှာ ကျင်းပလေ့ရှိပါတယ်။

ရုရှနိုင်ငံမှာတော့ (၁၉၁၇) အောက်တိုဘာ တော်လှန်ရေး အပြီး အမျိုးသမီးများရဲ့ ချီတတ်ဆန္ဒပြမှုတွေအပြီးမှာ IWD ကို သတ်မှတ်ခဲ့ပါတယ်။
(၁၉၁၇) အောက်တိုဘာတော်လှန်ရေးအပြီး ဘော်ရှိဗစ်ပါတီခေါင်းဆောင် အလက်ဇန်ဒရာ ကာလွန်တယ် (Alexander Kollontai) က ရုရှသမ္မတ လီနင်အား ၄င်း ချီတတ်ဆန္ဒပြသောနေ့ကို တရားဝင် ရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးဖို့တောင်းဆိုခဲ့ပေမဲ့ (၁၉၆၅) ခုနှစ်ထိ သတ်မှတ်ခံခဲ့ရခြင်းမရှိခဲ့ဘဲ (၁၉၆၅) ခုနှစ်၊ မေလ (၈) ရက်နေ့မှာတော့ ဆိုဗီယက် အစိုးရအဖွဲ့မှဆိုဗီယက် အမျိုးသမီး များ၏ နိုင်ငံတော် ကာကွယ်လိုမှု၊ ငြိမ်းချမ်းရေးရယူလိုမှု၊ ဆိုဗီယက်နိုင်ငံတော် ပြန်လည်ထူထောင်မှုတွေမှာ အမျိုးသားများကဲ့သို စွမ်းစွမ်းတမံ ထူးခွန်စွာပါဝင်ခဲ့မှု၊ နယ်ပယ်အသီးသီးရှိ အမျိုးသမီးများရဲ့ စွမ်းဆောင်မှုများကြောင့် မတ်လ (၈) ရက်နေ့ကို တရားဝင် အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ခဲ့ပြီး အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ခဲ့ပါတယ်။
ကမ္ဘာ့အမျိုးသမီးများနေ့ကို ကင်မရွန်း၊ ရူမေးနီးယား၊ ဆာဗီးယား၊ ဘူဂေးရီးယား၊ ချီလီ စတဲ့ နိုင်ငံတွေမှာတော့ တရားဝင်အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ခဲ့ခြင်းမရှိခဲ့ပေမယ့် ကျယ်ကျယ်ပြန့်ပြန့် ကျင်းပခဲ့ကြပါတယ်။ အဲဒီနေ့မှာ အမျိုးသားတွေက သူတို့ဘ၀ထဲက အရေးကြီးတဲ့ အမျိုးသမီးတွေကို ပန်းနဲ့ လက်ဆောင်လေးတွေကို ပေးကြပါတယ်။ ဘူဂေးရီးယားနဲ့ ရိုမေးနီးယား နိုင်ငံများမှာတော့ မိခင်များနေ့ကဲ့သို့ ကျင်းပခဲ့ကြပြီး ကလေးတွေက သူတို့ရဲ့ မိခင်နဲ့ အဖွားတို့ကို လက်ဆောင်ပေးကြတယ်။
အ၀ါရောင်ရှိတဲ့ Mimosa (Silver Wattle) ဆိုတဲ့ ပန်းက အီတလီ နဲ့ ရုရှားနိုင်ငံ မှာ အမျိုးသမီးများနေ့ သင်္ကေတပန်းပွင့်ဖြစ်ပါသတဲ့။ ရုရှား နဲ့ အယ်လ်ဘေးနီးယား လူမျိုးတွေကတော့ ချောကလက်နဲ့ တွဲပြီးပေးကြပါတယ်။
ဘော့စနီးယား၊ ဘရာဇီးလ်၊ ဘူလ်ဂေးရီးယား၊ ခရိုအေးရှား၊ အက်စတိုနီးယား၊ ဟန်ဂေရီ၊ လပ်ဗီးယား၊ လစ်သိုးနီယား၊ ပိုလန်၊ မက်ဆီဒိုးနီးယား၊ မော်ဒိုဗာ၊ မွန်တီနီဂရိုး၊ ရိုမေးနီးယား၊ ရုရှား၊ ဆာဗီးယား၊ စလိုဗက်ကီးယား နဲ့ စလိုဗေးနီးယား နိုင်ငံတွေမှာလည်း အဲဒီအလေ့ ကျင့်သုံးကြပါသေးတယ်။
အဲဒီနေ့မှာ အလုပ်ရှင်တွေကလည်း သူတို့ရဲ့ အလုပ်သမတွေကို၊ တပည့်တွေက ဆရာမတွေကို လက်ဆောင်ပေးကြပါတယ်။
ပေါ်တူဂီ အမျိုးသမီးတွေကတော့ မတ်လ (၈) ရက်မှာ အမျိုးသမီးသီးသန့်ညစာစားပွဲပါတီတွေ ကျင်းပလေ့ရှိကြသတဲ့။
ကုလသမ္မဂ္ဂအဖွဲ့အစည်းကလည်း ၁၉၇၅ ခုနှစ်ကို ကမ္ဘာ့အမျိုးသမီးများနှစ်အဖြစ်သတ်မှတ်ခဲ့ပြီး အဲဒီအချိန်ကစလို့ ကမ္ဘာ့အမျိုးသမီးများနေ့ကို တရားဝင်ထောက်ပံ့ပေးခဲ့ပါတယ်။
UK မှာတော့ ၂၀၀၅ မှာ လုပ်ခဲ့တဲ့ British Trades Union Congress မှာ
ကမ္ဘာ့အမျိုးသမီးများနေ့ကို တရားဝင်အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ခွင့်ပြုပေးခဲ့ပါတယ်။
ကမ္ဘာ့အနှံ့အပြားမှာ အရေးတယူကျင်းပနေကြတဲ့ ကမ္ဘာ့အမျိုးသမီးများနေ့မှာ ကျွန်မတို့တွေလည်း မိမိတို့ဘ၀ထဲမှာ ချစ်ခင်လေးစားမြတ်နိုးရတဲ့ အမျိုးသမီးများကို ချစ်ခင်မြတ်နိုးစွာနဲ့ ဂုဏ်ပြုကြပါစို့လားရှင်။

                                                                                                                     သံစဉ်ဖြူဖြူ

No comments:

Post a Comment