Monday, April 30, 2012

ရင်လွဲမိုး

►► ရှားရှားပါးပါး ရရှိခဲ့တဲ့ နင့်အကြင်နာနဲ့
       ခြားခြားနားနား နေတတ်ခဲ့တဲ့ ငါ့မေတ္တာ
       လေထုအထက်မှာ ငွေ့ရည်ဖွဲ့
       ရေစက်ကလေးတွေအဖြစ် ပြောင်းလဲ
       မိုးဖွဲကလေးပဲပေါ့ ♦♦

►► နင့်ဘ၀ ခြောက်သွေ့တယ်ထင်လို့
       အလွဲကြီးလွဲခဲ့တဲ့ငါက
       မိုးဖွဲကနေ သည်းသည်းမည်း
       မစဲဘဲ ရွာချခဲ့မိတယ် ♦♦

►► ကြိုသူမဲ့တဲ့ မိုးရေစက်တွေက
       ရေများရာ ဒေသမှန်း မသိခဲ့ပေမယ့်
       နေရာမှား ရွာချခဲ့တာတော့ မဟုတ်ပါဘူး ♦♦

►► သောက်သုံးဖို့ နင်မလိုအပ်ရင်တောင်
       နင့်ဘ၀လေး သန့်စင်လှပဖို့အတွက်
       ဆေးကြောပေးသွားပါရစေ ♦♦

►► တွေဝေမနေပါဘူးလေ
       တိတ်ဆိတ်စွာနဲ့
       ပင်လယ်ပြင်ထိ ခရီးဆက်သွားမှာပါ
       အမှိုက်သရိုက်နဲ့ ဖုန်တွေပါ
       အကုန်ပါအောင် သယ်ဆောင်သွားရင်းနဲ့ပေါ့ ♦♦

►► စွတ်စိုနေတဲ့ မိုးရေတွေကြောင့်
       ရွှေစိတ်တော် ညိုပါနဲ့ကွယ်
       နေရောင်တောက်ပလာတဲ့အခါ
       ငါ ပျောက်ဆုံးပေးသွားမှာပါ ♦♦

No comments:

Post a Comment