Sunday, May 13, 2012

အမေနေ့

အမေနေ့
အမေ
ဒီနေ့ဟာလေ
မေလရဲ့ ဒုတိယပတ် တနင်္ဂနွေ
Juila Ward Howe က စခဲ့လို့
ကမ္ဘာ့အရပ်ရပ်မှာ အသိအမှတ်ပြု
Mother's Day ဆိုတဲ့ ရက်မြတ်တစ်ခုပေါ့ ♦♦

အမေ
သမီးတို့ နိုင်ငံမှာတော့လေ
အမေ အမေ အမေ နဲ့
ကမ္ဘာတုန်အောင် ဟစ်ကြွေး
ဘဘ ဦးသုခ ရဲ့ အတွေးနဲ့
ခွာညိုတွေ အလှဖြည့်တဲ့
ပြာသိုလပြည့်တဲ့ ရက်ကို
အမေနေ့လို့ သတ်မှတ်ခဲ့ကြတယ် ♦♦

တကယ်တော့ အမေရယ်
နှင်းပွင့်တွေ ဖွဲဖွဲကျ
ဟေမန္တရဲ့ အစ
ဒီလောကထဲ အမေရောက်ခဲ့တဲ့
နိုဝင်ဘာလထဲက ရက်တစ်ရက်ဟာလည်း
သမီးအတွက်တော့ အမေ နေ့ပါပဲ ♦♦

ကိုးလတာ အမေ့ဝမ်းထဲမှာထားလို့

ကိုယ်လက်အင်္ဂါစုံလင်စွာနဲ့
သမီးကို လူ့လောကထဲကို ခေါ်လာပေးခဲ့တဲ့
နွေဦးရာသီထဲက သမီးမွေးနေ့ဟာလည်း
သမီးအတွက်တော့ အမေနေ့ပါပဲ ♦♦

ရက်တွေ ဘယ်လိုပဲ သတ်မှတ်ပါစေလေ
သမီးရဲ့ ခန္ဓာမှာ အသိမြဲနေသမျှ
အမေ့ကျေးဇူးတွေကို အမှတ်ရနေမှာမို့
ကြုံလာသမျှ နေ့ရက်တိုင်းဟာ
သမီးအတွက် အမေနေ့ပါပဲ ♦♦


သံစဉ်ဖြူဖြူ
၁၃.၅.၂၀၁၂ (တနင်္ဂနွေနေ့)

2 comments:

  1. ဘဘ ဦးသုခ ကိုကျေးဇူးတင်ရမယ် အမရေ ။
    အမေနေ့ ကို မေလ 13 ၇က် သက်မှတ်ပေးခဲ့တယ် ။
    ပြီးတော့ အမေနေ့ မှာ မွေးမေမေကော ကျွေးမေမေ တို့ ၏
    ဂုဏ်ကျေးဇူးတွေကို
    တသက်လုံး သတိရ လျှက်

    ReplyDelete
    Replies
    1. အမေနေ့အဖြစ် ဘဘ ဦးသုခ သတ်မှတ်ပေးခဲ့တာက ပြာသိုလပြည့်နေ့ပါ မောင်လေး။
      Mother's Day အဖြစ် ကမ္ဘာမှာ ကျင်းပကြတာကတော့ မေလ ဒုတိယပတ် တနင်္ဂနွေနေ့ပါ။

      Delete