Tuesday, November 26, 2013

စံပယ်







မွှေးမြမြရယ်နဲ့

ဖွေးလွလွ ပန်းစံပယ်ငယ်

နွမ်းနယ်ကာ ကြွေသည့်တိုင်အောင်

လန်းချင်တယ် ပင်ယံထက်မှာ

နန်းစံကာ နေချင်ပေမယ့်

ဖူးပျိုစဉ် ငုံဘဝမှာပဲ

ဝါးသီတံ တံကျင်လျှိုလို့

(သြော် .. ဥယျာဉ်မှူး ဝမ်းရေးပေမို့)

တော်ရာကို စံပယ်မြန်းရတယ်

ပန်းသည်ရဲ့ ဗန်း ။            ။



သံစဉ်ဖြူဖြူ
(၃၀.၉.၂၀၁၃)

1 comment:

  1. ပန်းအလှနဲ့ ပန်းသည်လေးရဲ့ဘဝကို
    ခိုင်းနှိုင်းတင်စားထားတာတကယ့်ကို
    ခံစားရပါတယ်။အားပေးနေမှာပါ။

    ReplyDelete