Thursday, November 28, 2013
မောင့် အတွက် (၈)
♥♥ ချွဲသတဲ့လား မောင်
ကိုယ်ကတော့ နည်းတယ် ထင်မိ ~~
♥♥ တကယ်ပါ အဟုတ်
ကိုယ် သည်းသည်းလှုပ် ချစ်ပြချင်ရဲ့ ~~
၂၈.၁၁.၁၃
၃း၀၀ ပီအမ်
Tuesday, November 26, 2013
စက်ဝိုင်း
ကိုယ့်ကိုယ်ကို ဗဟိုပြုလွန်းတော့
အရွယ်အစားကို သတိမထားမိ
ဆွဲမိတဲ့ စက်ဝိုင်းတွေက
အရေးသင်စ ကလေးတစ်ယောက်ရဲ့ ဝလုံးလို ~~
Try Again!!
Try Again!!
ကိုယ့်ကိုယ်ကို အားပေးရင်း
ထပ်ကာ ထပ်ကာ ကြိုးစားပေမယ့်
အချင်းမျဉ်းက ရှည်မလာ
အဝန်းလည်း မညီမညာ ဖြစ်ဆဲ ~~
အချိန်ရမယ်ဆိုရင်
ကိုယ် သင်ယူချင်ပါသေးတယ်
တစ်သက်မှာ တစ်ခါလောက်တော့
စက်ဝိုင်းလှလှဆွဲဖြစ်ချင်ခဲ့လို့ ~~
သံစဉ်ဖြူဖြူ
(၂၆.၁၁.၂၀၁၃)
ည ၈း၃၅
သို့ ... ချစ်သူ (၁)
မင်း အကြည့်တစ်ချက်အဝင့်
ကိုယ့်ကမ္ဘာမှာ ပန်းတွေပွင့်တယ် ~~
မင်း အပြုံးတစ်ချက် အပွင့်
ကိုယ့် ရင်ခွင်မှာ အလွမ်းတွေဝင့်ထည် ~~
ချစ်သူရယ်
မင်း အရိပ်အယောင် တွေ့တွေ့
မင်း အငွေ့အသက် ထင်ထင်
ကြင်ခွင့်မရှိတဲ့ဘဝမို့
မြင်ရုံလေးနဲ့တင် ကိုယ် ကျေနပ်နေခဲ့ ~~
သံစဉ်ဖြူဖြူ
(၁၄.၇.၂၀၁၃)
ကိုယ့်ကမ္ဘာမှာ ပန်းတွေပွင့်တယ် ~~
မင်း အပြုံးတစ်ချက် အပွင့်
ကိုယ့် ရင်ခွင်မှာ အလွမ်းတွေဝင့်ထည် ~~
ချစ်သူရယ်
မင်း အရိပ်အယောင် တွေ့တွေ့
မင်း အငွေ့အသက် ထင်ထင်
ကြင်ခွင့်မရှိတဲ့ဘဝမို့
မြင်ရုံလေးနဲ့တင် ကိုယ် ကျေနပ်နေခဲ့ ~~
သံစဉ်ဖြူဖြူ
(၁၄.၇.၂၀၁၃)
ဂျူလိုင်မလေး .. သို့ မွေးနေ့မှတ်စု
မျက်ရည်မိုး တရှုံ့ရှုံ့နဲ့
မှိုင်းအုံ့အုံ့ ဂျူလိုင်ဟာ
နင့်ရဲ့ မွေးနေ့ကို ပိုင်ဆိုင်ခဲ့လို့
(ငါ့အတွက်တော့)
လင်းလက်တောက်ပလာခဲ့ ~~
♫ ♪ Happy Birthday ♪ ♫
ကံဇာတ်ဆရာရေ
ဂျူလိုင်မလေးအတွက်
ပျော်ရွှင်မှုတွေ ဖိတ်ခေါ်ပေးလှည့်
အေးချမ်းမှုတွေ သယ်ယူပေးလှည့်
အောင်မြင်မှုတွေ ဆောင်ကြဉ်းပေးပါလှည့် ~~
ဂျူလိုင်မလေးရေ ~~
နင်က ငါ့ရဲ့ တိုးတိုးဖော် ဖြစ်ရဲ့
ခံစားချက်တွေ သွန်ချ
ယုံကြည်စွာ ဖွင့်ဟသမျှ
မကျိုးမပေါက်အောင် သိမ်းဆည်းပေးခဲ့ ~~
နင်က ငါ့ရဲ့ မှတ်စုစာအုပ် လည်း ဖြစ်ရဲ့
မေ့တတ်တဲ့ ငါ့မှတ်ဥာဏ်အတွက်
ထူးခြားဖြစ်စဉ်နဲ့ ရက်စွဲမှန်သမျှ
လိုချိန်ရအောင် မှတ်သားပေးခဲ့ ~~
နင်က ငါ့ရဲ့ အားသွင်းစက် လည်း ဖြစ်ရဲ့
လောကဓံနဲ့ကြုံ
ငါ အားတွေကုန်တိုင်း
စိတ်ဓာတ်အင်အား မြှင့်တင်ပေးခဲ့ ~~
နင်က ငါ့ရဲ့ ပဒေသာပင် လည်း ဖြစ်ရဲ့
ငါ လိုရာမှန်သမျှ တောင့်တစရာမလို
အလိုလို သိမြင်မှုတွေနဲ့
ပင်လုံးညွှတ် သီးပွင့်ပေးခဲ့ ~~
ကျေးဇူးပါ
ငါ့ဘဝထဲ နင် ရောက်လာခဲ့တာ ~~
ကျေးဇူးပါ
ငါ့ကို ပျော်ရွှင်စေခဲ့တာ ~~
ကျေးဇူးပါ
ငါ့ဘဝထဲမှာ နင် ရှိနေသေးတာ ~~
ကျေးဇူးပါ
ကျေးဇူးပါ
အရာအားလုံးအတွက် ကျေးဇူးပါကွယ် ~~
နေတတ်အောင် ကြိုးစားရင်း
ကျေနပ်နေတဲ့ ငါ့ဘဝထဲမှာ
နင်နဲ့ သူငယ်ချင်းဖြစ်ခွင့်ရခဲ့တာ
ကြီးမားတဲ့ ဆုလာဘ်တစ်ခုပါပဲ ~~
နင် ပျော်အောင် နေပါ ~~
အများစုကြိုက်တဲ့ ဟာသပြက်လုံးတွေကို
ရယ်နိုင်အောင် ကြိုးစားပါ ~~
၁၆ နှစ်သမီးတစ်ယောက်ရဲ့ ပျိုမြစ်မှုမျိုးနဲ့
ခိုးခိုးခစ်ခစ် ရယ်လိုက်စမ်းပါ ~~
ချစ်ခင်ရင်းနှီးတဲ့သူတွေက
နင့်ကို စိတ်ဒဏ်ရာတွေ ပေးတဲ့အခါ
စိတ်ဆိုးပါ
စိတ်မကွက်ပါနဲ့
စိတ်ထဲမှာ ဘာမှ မကျန်တော့တဲ့အထိ
ပွင့်ပွင့်လင်းလင်းသာ ရန်ဖြစ်လိုက်စမ်းပါ ~~
သက်တမ်းတိုတိုလေးအတွင်းမှာ
ပိုင်ဆိုင်နေဆဲ အရာတွေကို
တန်ဘိုးထားပါ ~~
ဘာပဲဖြစ်ဖြစ်ပေါ့
နင် ပျော်ပါစေ
အေးချမ်းပါစေ
ကောင်းသောလိုရာဆန္ဒတွေ ပြည့်ဝပါစေ ~~
သံစဉ်ဖြူဖြူ
၁၅.၇.၂၀၁၃ (တနင်္လာနေ့)
မှိုင်းအုံ့အုံ့ ဂျူလိုင်ဟာ
နင့်ရဲ့ မွေးနေ့ကို ပိုင်ဆိုင်ခဲ့လို့
(ငါ့အတွက်တော့)
လင်းလက်တောက်ပလာခဲ့ ~~
♫ ♪ Happy Birthday ♪ ♫
ကံဇာတ်ဆရာရေ
ဂျူလိုင်မလေးအတွက်
ပျော်ရွှင်မှုတွေ ဖိတ်ခေါ်ပေးလှည့်
အေးချမ်းမှုတွေ သယ်ယူပေးလှည့်
အောင်မြင်မှုတွေ ဆောင်ကြဉ်းပေးပါလှည့် ~~
ဂျူလိုင်မလေးရေ ~~
နင်က ငါ့ရဲ့ တိုးတိုးဖော် ဖြစ်ရဲ့
ခံစားချက်တွေ သွန်ချ
ယုံကြည်စွာ ဖွင့်ဟသမျှ
မကျိုးမပေါက်အောင် သိမ်းဆည်းပေးခဲ့ ~~
နင်က ငါ့ရဲ့ မှတ်စုစာအုပ် လည်း ဖြစ်ရဲ့
မေ့တတ်တဲ့ ငါ့မှတ်ဥာဏ်အတွက်
ထူးခြားဖြစ်စဉ်နဲ့ ရက်စွဲမှန်သမျှ
လိုချိန်ရအောင် မှတ်သားပေးခဲ့ ~~
နင်က ငါ့ရဲ့ အားသွင်းစက် လည်း ဖြစ်ရဲ့
လောကဓံနဲ့ကြုံ
ငါ အားတွေကုန်တိုင်း
စိတ်ဓာတ်အင်အား မြှင့်တင်ပေးခဲ့ ~~
နင်က ငါ့ရဲ့ ပဒေသာပင် လည်း ဖြစ်ရဲ့
ငါ လိုရာမှန်သမျှ တောင့်တစရာမလို
အလိုလို သိမြင်မှုတွေနဲ့
ပင်လုံးညွှတ် သီးပွင့်ပေးခဲ့ ~~
ကျေးဇူးပါ
ငါ့ဘဝထဲ နင် ရောက်လာခဲ့တာ ~~
ကျေးဇူးပါ
ငါ့ကို ပျော်ရွှင်စေခဲ့တာ ~~
ကျေးဇူးပါ
ငါ့ဘဝထဲမှာ နင် ရှိနေသေးတာ ~~
ကျေးဇူးပါ
ကျေးဇူးပါ
အရာအားလုံးအတွက် ကျေးဇူးပါကွယ် ~~
နေတတ်အောင် ကြိုးစားရင်း
ကျေနပ်နေတဲ့ ငါ့ဘဝထဲမှာ
နင်နဲ့ သူငယ်ချင်းဖြစ်ခွင့်ရခဲ့တာ
ကြီးမားတဲ့ ဆုလာဘ်တစ်ခုပါပဲ ~~
နင် ပျော်အောင် နေပါ ~~
အများစုကြိုက်တဲ့ ဟာသပြက်လုံးတွေကို
ရယ်နိုင်အောင် ကြိုးစားပါ ~~
၁၆ နှစ်သမီးတစ်ယောက်ရဲ့ ပျိုမြစ်မှုမျိုးနဲ့
ခိုးခိုးခစ်ခစ် ရယ်လိုက်စမ်းပါ ~~
ချစ်ခင်ရင်းနှီးတဲ့သူတွေက
နင့်ကို စိတ်ဒဏ်ရာတွေ ပေးတဲ့အခါ
စိတ်ဆိုးပါ
စိတ်မကွက်ပါနဲ့
စိတ်ထဲမှာ ဘာမှ မကျန်တော့တဲ့အထိ
ပွင့်ပွင့်လင်းလင်းသာ ရန်ဖြစ်လိုက်စမ်းပါ ~~
သက်တမ်းတိုတိုလေးအတွင်းမှာ
ပိုင်ဆိုင်နေဆဲ အရာတွေကို
တန်ဘိုးထားပါ ~~
ဘာပဲဖြစ်ဖြစ်ပေါ့
နင် ပျော်ပါစေ
အေးချမ်းပါစေ
ကောင်းသောလိုရာဆန္ဒတွေ ပြည့်ဝပါစေ ~~
သံစဉ်ဖြူဖြူ
၁၅.၇.၂၀၁၃ (တနင်္လာနေ့)
Facebook ပြိုင်ပွဲ
► Like မလား Share မလား
Facebook မှာ ပြိုင်ပွဲရှိတယ် ~~
► အချို့က လူအတွက် ဆုကို အကြောင်းပြ
အချို့က ဆု အတွက် လူကို ရောင်းချ
မက်ဇူကာဘတ်ရဲ့ ကွင်းပြင်ကျယ်ထဲမှာ
ဟန်ရေးအမျိုးမျိုး ပြကြတယ် ~~
► ပစ္စည်းအတွက်လား
လူအတွက်လား
လှလှပပ ဝေဝေဆာဆာနဲ့
ကြော်ငြာထဲ ကြော်ငြာဝင်
လူသိများဖို့ အလျင်လိုတယ် ~~
► ပွဲစဉ်အချို့က ခေါင်းစဉ်တပ်
ဘာအတွက် ညာအတွက်
ဘာအကြောင်း ညာအကြောင်း
ထွေလာသောင်းပြောင်း
အဖေ အကြောင်း
အမေ အကြောင်း
ကမ္ဘာကြီးရဲ့ စိမ်းလန်းသာယာမှုအကြောင်း
အို ..
ကောင်းဖို့က သာမညောင်ည
ပေါင်းဖို့က အဓိက
တွေ့သမျှ လူ အကုန်သာပေါင်း
ဖေ့ဘွတ်မှာ ဖရန့်ထောင်သောင်းလိုတယ် ~~
((ဒီလိုနဲ့
ကဗျာ ဝတ္ထုဆိုတဲ့
လှပတဲ့ အနုပညာအစိုင်အခဲတွေဟာ
ကြော်ငြာအချို့ရဲ့ Like နဲ့ Share ကြားမှာ
ဗန်းပြခံခဲ့ရ))
►Like ကြပါ Like ကြပါ
Like ပေးကြပါ
ဆုရခဲ့ရင် အကုန်လှူမှာ
မိဘမဲ့ကလေးတွေ သနားစရာ
နားခိုစရာ ကျောင်းတွေ လိုလို့ပါ ~~
► Like ကြပါ Like ကြပါ
Like ပေးကြပါ
ဆုရခဲ့ရင် ဂုဏ်ယူချင်
Liker တွေကို ခေါင်းပေါ်တင်
တစ်သက်လုံး ကျေးဇူးတင်မှာ ~~
► ဆယ်လီဗျစ်တီ ဟိုအစ်ကိုကြီး
သမီး ကို ကူပေးပါ
အစ်ကိုသာ Like တောင်းပေးရင်
ထောင် နဲ့ သောင်း နဲ့ ရမှာ ~~
► ဟိုပေ့ခ်ျက အက်ဒ်မင်လေး
နင် နဲ့ ငါ သွေးသောက်ဖွဲ့
မောင်နှမ ခဏတော်ကြစို့ရဲ့
နင်ပေ့ခ်ျမှာ ပုံလေး Share
Like နဲ့ Share ဆွယ်ရအောင်ဟာ ~~
► ဒီမယ် ဒီမယ်
ခင်များလည်း ဒီတိုင်းမနေနဲ့
ဒီအထိတောင် စာကို ဖတ်လာပေးပြီမှ
လက်စနဲ့
မူရင်းလင့်ခ်ကိုသွား
ကျုပ် ပြိုင်ထားတဲ့ ဓာတ်ပုံလေးကို
လိုက်ခ်တစ်ချက်တော့ အားနာပါးနာ နှိပ်ပေးပါဗျာ ~~
(၂၆.၈.၂၀၁၃)
သံစဉ်ဖြူဖြူ လက်ဆော့သည်။
(မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေလိုသော ဆန္ဒမရှိပါ။
အပျော်သဘောရေးခြင်းသာ)
Facebook မှာ ပြိုင်ပွဲရှိတယ် ~~
► အချို့က လူအတွက် ဆုကို အကြောင်းပြ
အချို့က ဆု အတွက် လူကို ရောင်းချ
မက်ဇူကာဘတ်ရဲ့ ကွင်းပြင်ကျယ်ထဲမှာ
ဟန်ရေးအမျိုးမျိုး ပြကြတယ် ~~
► ပစ္စည်းအတွက်လား
လူအတွက်လား
လှလှပပ ဝေဝေဆာဆာနဲ့
ကြော်ငြာထဲ ကြော်ငြာဝင်
လူသိများဖို့ အလျင်လိုတယ် ~~
► ပွဲစဉ်အချို့က ခေါင်းစဉ်တပ်
ဘာအတွက် ညာအတွက်
ဘာအကြောင်း ညာအကြောင်း
ထွေလာသောင်းပြောင်း
အဖေ အကြောင်း
အမေ အကြောင်း
ကမ္ဘာကြီးရဲ့ စိမ်းလန်းသာယာမှုအကြောင်း
အို ..
ကောင်းဖို့က သာမညောင်ည
ပေါင်းဖို့က အဓိက
တွေ့သမျှ လူ အကုန်သာပေါင်း
ဖေ့ဘွတ်မှာ ဖရန့်ထောင်သောင်းလိုတယ် ~~
((ဒီလိုနဲ့
ကဗျာ ဝတ္ထုဆိုတဲ့
လှပတဲ့ အနုပညာအစိုင်အခဲတွေဟာ
ကြော်ငြာအချို့ရဲ့ Like နဲ့ Share ကြားမှာ
ဗန်းပြခံခဲ့ရ))
►Like ကြပါ Like ကြပါ
Like ပေးကြပါ
ဆုရခဲ့ရင် အကုန်လှူမှာ
မိဘမဲ့ကလေးတွေ သနားစရာ
နားခိုစရာ ကျောင်းတွေ လိုလို့ပါ ~~
► Like ကြပါ Like ကြပါ
Like ပေးကြပါ
ဆုရခဲ့ရင် ဂုဏ်ယူချင်
Liker တွေကို ခေါင်းပေါ်တင်
တစ်သက်လုံး ကျေးဇူးတင်မှာ ~~
► ဆယ်လီဗျစ်တီ ဟိုအစ်ကိုကြီး
သမီး ကို ကူပေးပါ
အစ်ကိုသာ Like တောင်းပေးရင်
ထောင် နဲ့ သောင်း နဲ့ ရမှာ ~~
► ဟိုပေ့ခ်ျက အက်ဒ်မင်လေး
နင် နဲ့ ငါ သွေးသောက်ဖွဲ့
မောင်နှမ ခဏတော်ကြစို့ရဲ့
နင်ပေ့ခ်ျမှာ ပုံလေး Share
Like နဲ့ Share ဆွယ်ရအောင်ဟာ ~~
► ဒီမယ် ဒီမယ်
ခင်များလည်း ဒီတိုင်းမနေနဲ့
ဒီအထိတောင် စာကို ဖတ်လာပေးပြီမှ
လက်စနဲ့
မူရင်းလင့်ခ်ကိုသွား
ကျုပ် ပြိုင်ထားတဲ့ ဓာတ်ပုံလေးကို
လိုက်ခ်တစ်ချက်တော့ အားနာပါးနာ နှိပ်ပေးပါဗျာ ~~
(၂၆.၈.၂၀၁၃)
သံစဉ်ဖြူဖြူ လက်ဆော့သည်။
(မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေလိုသော ဆန္ဒမရှိပါ။
အပျော်သဘောရေးခြင်းသာ)
ဖြစ်စဉ်
► မေတ္တာတစ်ခင်းကိုရွယ်
ဟဒယလွင်ပြင်ကျယ်မှာ
သမုဒယတွေ ကြဲဖြန့်မိလေရဲ့ ~~
► မိုက်မဲ တွေဝေမှု ကာလတွေရဲ့ အလွန်မှာ
တပ်မက်မှု အခက်အလက်တွေ ဝေဆာလို့
အလိုမကျမှု ဆူးတွေလည်း ထွက်ပေါ်လာခဲ့တယ် ~~
► ပျိုးချင်တာ မေတ္တာပါကွယ်
အဝိဇ္ဇာ ဖုံးလွှမ်းခဲ့တော့
သမုဒယကို မှားယွင်းစိုက်ပျိုး
သောကတွေ တိုးသထက်တိုးလို့
နောက်ဆုံးတော့
ဒုက္ခ အသီးအပွင့်တွေသာ ဆထက်ထမ်းပိုး ရိတ်သိမ်းရပေါ့ကွယ် ~~
သံစဉ်ဖြူဖြူ
(၂၅.၈.၂၀၁၃)
ဟဒယလွင်ပြင်ကျယ်မှာ
သမုဒယတွေ ကြဲဖြန့်မိလေရဲ့ ~~
► မိုက်မဲ တွေဝေမှု ကာလတွေရဲ့ အလွန်မှာ
တပ်မက်မှု အခက်အလက်တွေ ဝေဆာလို့
အလိုမကျမှု ဆူးတွေလည်း ထွက်ပေါ်လာခဲ့တယ် ~~
► ပျိုးချင်တာ မေတ္တာပါကွယ်
အဝိဇ္ဇာ ဖုံးလွှမ်းခဲ့တော့
သမုဒယကို မှားယွင်းစိုက်ပျိုး
သောကတွေ တိုးသထက်တိုးလို့
နောက်ဆုံးတော့
ဒုက္ခ အသီးအပွင့်တွေသာ ဆထက်ထမ်းပိုး ရိတ်သိမ်းရပေါ့ကွယ် ~~
သံစဉ်ဖြူဖြူ
(၂၅.၈.၂၀၁၃)
ငယ်ချစ်ဦး သို့ (၁)
►► ဘယ်ခရီး ဘယ်လိုစီးစီး
နောက်ဆုံးမတော့
ဒီဘူတာနဲ့ နီးဖို့ ကြိုးစားမိ ~~
►► ဘားတန်းပါတဲ့
စက်ဘီးလေးတွေ မြင်တိုင်း
ချွေးနံ့သင်းတဲ့ ကျောပြင်လေးကို
အမှတ်ရ
နင် မောခဲ့ဖူးသလားကွယ် ~~
►► နင် ချွန်ပေးတဲ့ ခဲတံလေးတွေကြောင့်
ငါ ဆွဲတဲ့ပုံတွေဟာ ပိုပြီးသပ်ရပ်ခဲ့ ~~
ဗားရှင်းအသစ်ထွက်တိုင်း မြှင့်
အဆင့်မြင့် နည်းပညာတွေသုံး
ကွန်ပျူတာတစ်လုံးနဲ့ ပုံဆွဲနေတော့
နင် ခဲတံမှ ချွန်တတ်သေးရဲ့လား ~~
►► ကဒ်လှလှလေးတွေမှာ
အမှတ်တရတွေပါတယ် ~~
ဆေးမကွက်သေးတဲ့
ဓာတ်ပုံလေးထဲမှာ
ဖြူစင်မှုတွေ ပါတယ် ~~
တကယ်ပါကွယ်
ဘယ်လောက်ဝေးဝေး
နင့်အကြောင်း တွေးဖြစ်နေဆဲ ~~
►► သြော် ..
ငယ်ချစ်ဆိုတော့လည်း
ဆယ်နှစ် မတွေ့တောင်
မမေ့တာ ဘာဆန်းသလဲကွယ် ~~
သံစဉ်ဖြူဖြူ
(၂၂.၁၁.၂၀၁၃)
ည ၁၁း၅၈ မိနစ်
မောင့် အတွက် (၇)
ချမ်းသလား လွမ်းသလား ကိုယ်မသိ
တုန်ရီ လှိုက်မောမိတာ အမှန် ~~
စိတ်လိုလက်ရ မရှိတဲ့ စကားလုံးအချို့မှာ ကိုယ်က စီးမြော
မောင် ပေးတဲ့ အချိန် အချို့မှာ
မောင် ဘာပဲပြောပြော ကိုယ် ပျော်နေဆဲ ~~
ခဏလေး စောင့်ပါ မောင်
မနွေးထွေးတော့တာ သိနေရက်နဲ့
သွေးအေးသွားပြီလားလို့
ကိုယ် မမေးချင်သေးလို့ပါ ~~
သံစဉ်ဖြူဖြူ
(၁၆.၁၁.၂၀၁၃)
ည ၁၁း၁၀ မိနစ်
မောင့် အတွက် (၆)
►► အတိတ်ဆိုတဲ့အရပ်ကို မျက်နှာမူ
ရက်စွဲချိုချိုတွေဆီ ပျံသန်း
ကိုယ့်အခန်းမှာ
အလွမ်းရနံ့တွေ သင်းလို့ ~~
►► ပြန်လိုချင်ရဲ့
ပြန်လိုချင်ရဲ့
ပြန်လိုချင်ပါရဲ့ကွယ် ~~
►► ပြန်လှည့်ခွင့်မရှိတဲ့ အချိန်ယန္တရားမှာ
အလိုက်သင့် ကူးခတ်ရင်း
ကိုယ်အခန်းနံရံမှာ စာတစ်ကြောင်းရေးတယ် ..
"Time and Tide wait for no man"
►► အချိန်က ကိုယ့်ကို မစောင့်ပေမယ့်
ကိုယ်ကတော့ မောင့်ကို စောင့်နေပါ့မယ် မောင် ~~
သံစဉ်ဖြူဖြူ
(၁၆.၁၁.၂၀၁၃)
ည ၁၁း၂၈ မိနစ်
မောင့်အတွက် (၅)
ဟိုး အဝေးက ခွေးအူသံ သဲ့သဲ့ ကြားရဲ့
ကိုယ့် အပြုံးတွေ မဲ့ မဲ့ လာပြီ မောင် ~~
တ ဖြည်း ဖြည်း နက် လာ တဲ့ ည က
တ စ ထက် တ စ ငြိမ် သက် လာ ပေ မယ့်
ကိုယ့် အ တွေး တွေ ယောက် ယက် ခတ် နေ လေ ရဲ့ ~~
ဘယ် များ ရောက် နေ သ လဲ မောင် ~~
သံစဉ်ဖြူဖြူ
(၆.၁၁.၁၃)
ည ၁၁း၁၅ မိနစ်
Subscribe to:
Posts (Atom)




