သတိ!!
ရှေ့တွင် အချိုးအကွေ့ ရှိသည် ~~
♦♦♦ လမ်း
ဆက်သွားရမလား
ရပ်ထားရမလား ~~
♦♦♦ လမ်း
အဲဒီလမ်းမှာ
ပန်းတွေများ ခင်းထားကြမလား
ဆူးတွေများ နင်းသွားရမလား ~~
♦♦♦ လမ်း
အဲဒီလမ်းဟာ
ခြောက်သွေ့ ဖြောင့်တန်း နေမှာလား
ကောက်ကွေ့ ဗွက်ကြမ်း နေမှာလား ~~
♦♦♦ လမ်း
အဲဒီလမ်းမှာ
သာယာတဲ့ တေးသွား နားဆင်သွားရမှာလား
စာနာမဲ့ ဘေးစကား ကြားချင်ကြားရမှာလား ~~
♦♦♦ လမ်း
အဲဒီလမ်းဟာ
အဆုံးသတ်မှာ ပန်းတိုင် ရှိမှာလား
အပြုံးခက်စွာ နွမ်းယိုင် မိမှာလား ~~
♦♦♦ ကဲ
မင်း ထပ် စဉ်းစား
အဲဒီလမ်းကို
ဆက်သွားမလား
ရပ်ထားမလား ~~
သံစဉ်ဖြူဖြူ
20.11.2011
သေချာတာက ဘာလိုလမ်းဖြစ်ဖြစ်....ဆက်လျှောက်ရမှာပဲလေ....
ReplyDelete