►♦◄ All or nothing
Hundred or zero တဲ့လား
အားလုံးမှမရရင် ဘာမှ မယူချင်ဘူးပေါ့ ♦♦
►♦◄ အဖြူမဟုတ်တိုင်း မမဲသလို
မချစ်တိုင်းလည်း အမုန်းမဟုတ်ဘူးဆိုတာ
နင် သိစေချင်လိုက်တာ ♦♦
►♦◄ မမြင်နိုင်ပေမယ့် ခိုင်မြဲ
မကြင်နိုင်ပေမယ့် မယိုင်လဲ
တွဲနှောင်တဲ့ သံယောဇဉ်ဆိုတာ
ဖြတ်ရခက်တဲ့ ကြိုးတစ်ချောင်းလေ ♦♦
►♦◄ ရာနှုန်းပြည့်လိုချင်တဲ့ နင့်အတွက်တော့
ငါပေးနိုင်တဲ့ တစ်ချို့တစ်ဝက်က
တစ်စက်မှ အရာမထင်ဘူးပေါ့ ♦♦
►♦◄ ရှိပါစေတော့လေ
နင်တန်ဘိုးမထားမှတော့
ငါ့စေတနာတွေ သုညဖြစ်ပါစေ ♦♦
►♦◄ နင် မျှော်လင့်ချက်ကို ဖျက်
နင်လိုအပ်တဲ့ အားဆေးတစ်ခွက်
နင့်အတွက်
ငါ့ဘက်က မဖြစ်နိုင်ခဲ့ဘူးလေ ♦♦
►♦◄ ဒါပေမယ့် သူငယ်ချင်းရယ်
နင် မောဟိုက်လို့ နွမ်းလျ
ပင်ပန်းတဲ့ တစ်ခဏမှာ
ကြင်နာစွာ လက်ကမ်းမယ့်
ကြည်လင်တဲ့ ရေချမ်းတစ်ခွက်
(နင့်အတွက် ငါက)
ဖြစ်ခွင့်ရှိချင်ပါသေးတယ် ♦♦
သံစဉ်ဖြူဖြူ
၂၂.၄.၂၀၁၁
Hundred or zero တဲ့လား
အားလုံးမှမရရင် ဘာမှ မယူချင်ဘူးပေါ့ ♦♦
►♦◄ အဖြူမဟုတ်တိုင်း မမဲသလို
မချစ်တိုင်းလည်း အမုန်းမဟုတ်ဘူးဆိုတာ
နင် သိစေချင်လိုက်တာ ♦♦
►♦◄ မမြင်နိုင်ပေမယ့် ခိုင်မြဲ
မကြင်နိုင်ပေမယ့် မယိုင်လဲ
တွဲနှောင်တဲ့ သံယောဇဉ်ဆိုတာ
ဖြတ်ရခက်တဲ့ ကြိုးတစ်ချောင်းလေ ♦♦
►♦◄ ရာနှုန်းပြည့်လိုချင်တဲ့ နင့်အတွက်တော့
ငါပေးနိုင်တဲ့ တစ်ချို့တစ်ဝက်က
တစ်စက်မှ အရာမထင်ဘူးပေါ့ ♦♦
►♦◄ ရှိပါစေတော့လေ
နင်တန်ဘိုးမထားမှတော့
ငါ့စေတနာတွေ သုညဖြစ်ပါစေ ♦♦
►♦◄ နင် မျှော်လင့်ချက်ကို ဖျက်
နင်လိုအပ်တဲ့ အားဆေးတစ်ခွက်
နင့်အတွက်
ငါ့ဘက်က မဖြစ်နိုင်ခဲ့ဘူးလေ ♦♦
►♦◄ ဒါပေမယ့် သူငယ်ချင်းရယ်
နင် မောဟိုက်လို့ နွမ်းလျ
ပင်ပန်းတဲ့ တစ်ခဏမှာ
ကြင်နာစွာ လက်ကမ်းမယ့်
ကြည်လင်တဲ့ ရေချမ်းတစ်ခွက်
(နင့်အတွက် ငါက)
ဖြစ်ခွင့်ရှိချင်ပါသေးတယ် ♦♦
သံစဉ်ဖြူဖြူ
၂၂.၄.၂၀၁၁
►♦◄ မမြင်နိုင်ပေမယ့် ခိုင်မြဲ
ReplyDeleteမကြင်နိုင်ပေမယ့် မယိုင်လဲ
တွဲနှောင်တဲ့ သံယောဇဉ်ဆိုတာ
ဖြတ်ရခက်တဲ့ ကြိုးတစ်ချောင်းလေ ♦♦
ကြိုက်မိတဲ့ ရေးသားချက်လေး.....ကလောင်ဓါးလေးထပ်သွေးနိုင်ပါစေ.......သံစဉ်လေး....
သံစဉ်ဖြူဖြူ ရဲ့ ကဗျာလေးတွေ မှာ သိမ်မွေ့မှု တွေ တော်တော် များများ ပါနေတာ တွေ့ရတယ်.. ချစ်စရာ ကဗျာလေးတွေ ဆက်လက် ရေးသားနိုင်ပါစေ ။
ReplyDelete