♥ အချစ်နဲ့တွေ့တဲ့အခါ
ဘယ်လောက်ပဲ လှလှ
မာနက မြေမှာခရတယ် ♦ ♦ ♦
♥ အချစ်နဲ့တွေ့တဲ့အခါ
ဘယ်လောက်ပဲ တော်တော်
အပြုအမူ လွဲချော်တတ်တယ် ♦ ♦ ♦
♥ အချစ်နဲ့တွေ့တဲ့အခါ
ဘယ်လောက်ပဲ တတ်တတ်
အသိဉာဏ်လည်း ပျက်တတ်တယ် ♦ ♦ ♦
♥ အချစ်နဲ့တွေ့တဲ့အခါ
ဘယ်လောက်ပဲ ထိန်းထိန်း
ဆင်ခြင်တုံတရားလည်း ယိမ်းမိတယ် ♦ ♦ ♦
♥ လူကြီးဆန်တဲ့ ကလေးလေးရေ
လိုအပ်ချက်တွေရှိတဲ့အခါ ဖြည့်တွေးပေးပါ
မှားယွင်းမှုတွေတွေ့တဲ့အခါ ပြင်ဆင်ပေးပါ
ခံစားချက်တွေမြင်တဲ့အခါ နားလည်ပေးပါ ♦ ♦ ♦
♥ အချစ်နဲ့တွေ့တဲ့အခါ
လူကြီးတစ်ယောက်ဟာ
ကလေးဆန်တတ်လို့ပါကွယ် ♦ ♦ ♦
သံစဉ်ဖြူဖြူ
11.1.11
ွခွင့်လွှတ်ပါတယ်ကွယ်..အချစ်ကြောင့် ကလေးဆန်တဲ့ အချိန်ကလေးအတွင်းမှာ တစ်ကိုယ်ရေ ကြည်နူးပျော်ရွှင်ပြီး လွတ်လပ်ပေါ့ပါးမနေဘူးလား ..သံစဉ်
ReplyDelete