Monday, December 19, 2011
တား၍ ခြား၍ ထားခဲ့ရလေသောအခါ
►•◄ ၁၂.၁၂.၂၀၀၇
အဲဒီနေ့က
အတူထိုင်ခဲ့တဲ့ ကော်ဖီဆိုင်မှာ
ရွှေရုပ်ကလေးကောက်ရသလို
သီချင်းလေးကို တိုးတိုးလေးဖွင့်လို့ ♦♦
►•◄ ၁၂.၁၂.၂၀၁၁
ကော်ဖီဆိုင်ကအပြန်
လမ်းပေါ်မှာ တစ်ယောက်တည်း
ဟင်းလင်းပွင့်နေတဲ့ ရင်ဘတ်နဲ့
အလွမ်း သီချင်းတွေ တစ်ပုဒ်မက အော်ဟစ်လို့ ♦♦
►•◄ သိပ်လှတဲ့ ရက်စွဲလေးနှစ်ခု
သက္ကရာဇ်လေး ခြားနားသွားတဲ့အခါ
လွမ်းဆွေးခြင်းက နေရာယူလို့
ပျော်ရွှင်ခြင်းက နှုတ်ထွက်စာတင်ခဲ့တယ် ♦♦♦
►•◄ နှလုံးသားချင်း စစ်ခင်းတဲ့ပွဲမှာ
အရာရာဟာ
လဲ .. ပြို .. ပျက် .. သုဉ်း လို့
ရှုံးနိမ့်သူရဲ့ ရင်မြေတလင်းမှာ
ပျိုးထားသမျှ စံပယ်တွေ ညှိုးခဲ့ရပြီ ♦♦♦
►•◄ သိပ်ချစ်ခဲ့ပါတယ် ကောင်မလေးရယ်
မဖြစ်သင့်လို့ ထားရစ်ခဲ့ရတာ
ကယောင်ကတမ်း ဖျော်စပ်ထားတဲ့
တွေဝေခြင်းတစ်ခွက်အတွက်နဲ့
အိပ်ရေးမပျက်စေချင်တော့လို့ပါ ♦♦♦
►•◄ နေခဲ့ပါတော့ ချစ်သူရယ်
ရင်နဲ့တားလို့ ခြားခဲ့ကြပြီပဲ
နှလုံးသွေးနဲ့ ရေးခြစ်ခဲ့တဲ့
အနီရောင်စည်းရဲ့ တစ်ဖက်ခြမ်းမှာ
ပျော်ပျော်သာ နေရစ်ခဲ့ပါတော့ ♦♦♦
►•◄ ဒါပေမယ့် ကောင်မလေးရယ်
ဆောင်းရနံ့က သင်းပျံ့လာတဲ့အခါ
နှင်းမြူရဲ့တေးသံ လွင့်ပျံလာတဲ့အခါ
ဆံပင်တိုတို ကောင်မလေးတွေ တွေ့တဲ့အခါ
နှုတ်ခမ်းချွန်ချွန်နဲ့ tweety ၀ါဝါလေးကို မြင်တဲ့အခါ
...........................................
တစ်သက်စာ သော့ခတ်ထားခဲ့တဲ့
အတွင်းဘက်ဆုံးအခန်းလေးထဲက နှလုံးသားတစ်စုံက
သဲ့သဲ့လေးတော့ ရှိုက်မိနေဦးမှာပါလေ ♦♦♦
သံစဉ်ဖြူဖြူ
18.12.11
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment